ဘတ်စ်ကားမောင်းနေတုန်း ခင်ပွန်းဖြစ်သူသေဆုံးသွားခဲ့မှန်းသိလိုက်ရလို့ ငိုကြွေးလို့မဆုံးဖြစ်ခဲ့ရတဲ့ အမျိုးသမီး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စင်ကာပူနိုင်ငံမှာ ဘတ်စ်ကားမောင်းနှင်းတဲ့အလုပ် လုပ်ကိုင်နေလျက်ရှိတဲ့အမျိုးသမီးဟာ မလေးရှားနိုင်ငံမှာကျန်ရစ်ခဲ့တဲ့ သူမရဲ့ခင်ပွန်းသေဆုံးသွားခဲ့မှန်း သိရှိလိုက်ရချိန်မှာတော့ မခံစားနိုင်တော့လောက်အောင် ဝမ်းနည်းစွာငိုကြွေးခဲ့ပါတယ် ။ အဆိုပါ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ 23 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ လမ်းသွားလမ်းလာများက သူမ ဘတ်စ်ကားရပ်ပြီးအော်ဟစ်ငိုကြွေးနေခဲ့တာကို သိရှိပြီးနောက် ကားပေါ်သို့ရောက်လာပြီး သူမရဲ့အဖြစ်ကို မေးမြန်းခဲ့ကြပါတယ် ။ သူမရဲ့ ဘတ်စ်ကားပေါ်မှာတော့ ခရီးသွားဧည့်သည့်တစ်ယောက်မှ မရှိခဲ့ပါဘူး ။ လမ်းသွားလမ်းလာ အမျိုးသား 3ယောက်က ကားပေါ်သို့တက်ပြီး မေးမြန်းခဲ့ချိန်မှာတော့ မလေးရှားနိုင်ငံမှာရှိတဲ့ သူမရဲ့ခင်ပွန်းဟာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူမရဲ့အဖြစ်ကိုပြောပြခဲ့ပါတယ် ။

ထို့ကြောင့် အဆိုပါအမျိုးသားများက သူမရဲ့ကြီးကြပ်ရေးမှူးကို ဆက်သွယ်အကြောင်းအကြာပြီး ၊ သူမရဲ့အခြေအနေကို ရှင်းပြပေးခဲ့ကာ သူမကိုယ်စားအခြားဝန်ထမ်းတစ်ယောက်ပို့ပေးဖို့ကိုလည်း မှာကြားပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ သူမရဲ့အခြေအနေကို သိရှိပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ၎င်းတို့ရဲ့အခြားဝန်ထမ်းတစ်ဦးကို ပို့ပေးခဲ့ပါတယ် ။

ထို့အပြင် သူမရဲ့အလုပ်ဌာနမှလည်း နာရေးကိစ္စနှင့်ပက်သက်ပြီး သူမကိုအပြည့်အဝ အကူအညီ ၊ အထောက်အပံ့ပေးမည်ဖြစ်ကြောင်း နှင့် သူမကိုကူညီပေးခဲ့ကြတဲ့ လမ်းသွားလမ်းလာအမျိုးသားများကိုလည်း ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ် ။ ယခုလို Covid – 19 ဖြစ်ပွားနေတဲ့အချိန်မှာ သူမရဲ့ခက်ခဲလွန်းတဲ့ အခြေအနေကိုတွေးကြည့်ရုံနဲ့ သနားညာတာမိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment