သခင္ျဖစ္သူ ေသဆံုးသြားခဲ့မွန္းမသိဘဲ 3လခန္႔ ေဆးရံုေ႐ွ႕မွာ သခင္ကိုအျမဲေစာင့္ေနခဲ့တဲ့ ေခြးေလး

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ဝူဟန္ၿမိဳ႕မွာေနထိုင္တဲ့အမ်ိဳးသားတစ္ဦးဟာ Covid-19 ကူးစက္ခံရၿပီးေနာက္ ေဆးရံုတက္ခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ အဆိုပါအမ်ိဳးသားရဲ႕ေခြးေလးဟာလည္း သခင္ျဖစ္သူႏွင့္လိုက္ပါလာခဲ့ၿပီး ေဆးရံုေ႐ွ႕မွာ သခင္ကိုအျမဲရပ္ေစာင့္ေနခဲ့ပါေတာ့တယ္ ။ ကံဆိုးစြာနဲ႔ပဲ သခင္ျဖစ္သူေသဆံုးသြားခဲ့တာကို ေခြးေလးမွာလံုးဝမသိဘဲ သခင္ကိုေဆးရံုေ႐ွ႕မွာ ေန႔တိုင္းရပ္ေစာင့္ေနခဲ့တာ 3လခန္႔႐ွိသြားခဲ့ပါၿပီ ။ April လမွာေတာ့ ေဆးရံုအနီးက ကုန္စံုဆိုင္ပိုင္႐ွင္ဟာ ေခြးေလးကို သတိထားမိခဲ့ၿပီး ၊ ေခြးေလးကို ေစာင့္ေ႐ွာက္ေပးခဲ့ပါတယ္ ။ ထို႔အျပင္ ေခြးေလးကို ” Xiao Bao ” ဆိုၿပီး အမည္ေပးခဲ့ပါတယ္ ။ ဆိုင္႐ွင္ရဲ႕ေျပာျပခ်က္အရ ” တစ္ခါတစ္ေလ ကြၽန္မ တစ္ေနရာရာကိုထြက္သြားခဲ့ရင္ ေခြးေလးကဆိုင္ရဲ႕တံခါးဝမွာ လဲအိပ္ေနၿပီး ၊ ကြၽန္မရဲ႕ဆိုင္ကို ေစာင့္ၾကည့္ေပးေနတတ္ပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

အဆိုပါ ဆိုင္႐ွင္က ေခြးေလးကိုေမြးစားဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ေခြးေလးဟာ ေဆးရံုအနီးကေနထြက္ခြာဖို႔ျငင္ပယ္ခဲ့ၿပီး သူ၏သခင္ကို ႐ွာေတြ႔ဖို႔သာႀကိဳးစားေနခဲ့တာပါ ။

ကံဆိုးစြာနဲ႔ပဲ ယခုလိုကပ္ေရာဂါအေျခအေနေၾကာင့္ လူနာအခ်ိဳ႕ဟာ ေခြးေလးကိုေၾကာက္ရြံေနလ်က္႐ွိေသာေၾကာင့္ ၊ ေခြးေလးဟာ ေဆးရံုအနီးအနားမွာ ဆက္ေနခြင့္မရေတာ့ပါဘူး ။ ထို႔ေၾကာင့္ ဆိုင္႐ွင္က ဝူဟန္ၿမိဳ႕မွာ႐ွိတဲ့ တိရစာၦန္ေတြကိုကာကြယ္ေစာင့္ေ႐ွာက္ေပးေနတဲ့ အဖြဲ႔အစည္းကိုအေၾကာင္းၾကားခဲ့ပါတယ္ ။ ထို႔အျပင္ Xiao Bao အတြက္ သခင္အသစ္ရ႐ွိဖို႔ ေမ်ွာ္လင့္ေနလ်က္႐ွိပါတယ္ ။ တိရစာၦန္ေတြကို ကာကြယ္ေစာင့္ေ႐ွာက္ေပးတဲ့အဖြဲ႔ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ Xiao Bao ဟာ ေၾကာက္ရြံေနခဲ့ၿပီး အနားကပ္မခံပါဘူး ။ ေနာက္ဆံုး ဝန္ထမ္းေတြက Xiao Bao နဲ႔အတူတူ စိတ္႐ွည္စြာေဆာ့ကစားေပးခဲ့ၿပီး Xiao Bao ကိုေဆးရံုေ႐ွ႕ကေန ေခၚေဆာင္သြားခြင့္ရခဲ့ၾကပါေတာ့တယ္ ။ သခင္ကို ျပန္ေတြ႔ရဖို႔ေမ်ွာ္လင့္ေနတဲ့ ေခြးေလးရဲ႕သစၥာ႐ွိလြန္းတဲ့အျဖစ္ဟာ ရင္နင့္ဖြယ္ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝူဟန်မြို့မှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ Covid-19 ကူးစက်ခံရပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ် ။ ထို့ကြောင့် အဆိုပါအမျိုးသားရဲ့ခွေးလေးဟာလည်း သခင်ဖြစ်သူနှင့်လိုက်ပါလာခဲ့ပြီး ဆေးရုံရှေ့မှာ သခင်ကိုအမြဲရပ်စောင့်နေခဲ့ပါတော့တယ် ။ ကံဆိုးစွာနဲ့ပဲ သခင်ဖြစ်သူသေဆုံးသွားခဲ့တာကို ခွေးလေးမှာလုံးဝမသိဘဲ သခင်ကိုဆေးရုံရှေ့မှာ နေ့တိုင်းရပ်စောင့်နေခဲ့တာ 3လခန့်ရှိသွားခဲ့ပါပြီ ။ April လမှာတော့ ဆေးရုံအနီးက ကုန်စုံဆိုင်ပိုင်ရှင်ဟာ ခွေးလေးကို သတိထားမိခဲ့ပြီး ၊ ခွေးလေးကို စောင့်ရှောက်ပေးခဲ့ပါတယ် ။ ထို့အပြင် ခွေးလေးကို ” Xiao Bao ” ဆိုပြီး အမည်ပေးခဲ့ပါတယ် ။ ဆိုင်ရှင်ရဲ့ပြောပြချက်အရ ” တစ်ခါတစ်လေ ကျွန်မ တစ်နေရာရာကိုထွက်သွားခဲ့ရင် ခွေးလေးကဆိုင်ရဲ့တံခါးဝမှာ လဲအိပ်နေပြီး ၊ ကျွန်မရဲ့ဆိုင်ကို စောင့်ကြည့်ပေးနေတတ်ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

အဆိုပါ ဆိုင်ရှင်က ခွေးလေးကိုမွေးစားဖို့ကြိုးစားခဲ့ပေမဲ့လည်း ခွေးလေးဟာ ဆေးရုံအနီးကနေထွက်ခွာဖို့ငြင်ပယ်ခဲ့ပြီး သူ၏သခင်ကို ရှာတွေ့ဖို့သာကြိုးစားနေခဲ့တာပါ ။

ကံဆိုးစွာနဲ့ပဲ ယခုလိုကပ်ရောဂါအခြေအနေကြောင့် လူနာအချို့ဟာ ခွေးလေးကိုကြောက်ရွံနေလျက်ရှိသောကြောင့် ၊ ခွေးလေးဟာ ဆေးရုံအနီးအနားမှာ ဆက်နေခွင့်မရတော့ပါဘူး ။ ထို့ကြောင့် ဆိုင်ရှင်က ဝူဟန်မြို့မှာရှိတဲ့ တိရစ္ဆာန်တွေကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းကိုအကြောင်းကြားခဲ့ပါတယ် ။ ထို့အပြင် Xiao Bao အတွက် သခင်အသစ်ရရှိဖို့ မျှော်လင့်နေလျက်ရှိပါတယ် ။ တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့အဖွဲ့ရောက်ရှိလာခဲ့ချိန်မှာတော့ Xiao Bao ဟာ ကြောက်ရွံနေခဲ့ပြီး အနားကပ်မခံပါဘူး ။ နောက်ဆုံး ဝန်ထမ်းတွေက Xiao Bao နဲ့အတူတူ စိတ်ရှည်စွာဆော့ကစားပေးခဲ့ပြီး Xiao Bao ကိုဆေးရုံရှေ့ကနေ ခေါ်ဆောင်သွားခွင့်ရခဲ့ကြပါတော့တယ် ။ သခင်ကို ပြန်တွေ့ရဖို့မျှော်လင့်နေတဲ့ ခွေးလေးရဲ့သစ္စာရှိလွန်းတဲ့အဖြစ်ဟာ ရင်နင့်ဖွယ်ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment