အျမဲအႏိုင္က်င့္ႏွိပ္စက္ခံေနရတဲ့ ေစ်းသည္ေကာင္ေလးရဲ႕အျဖစ္

ဒီအျဖစ္အပ်က္ကေတာ့ ၿပီးခဲ့တဲ့ May လ 23ရက္ေန႔က မေလး႐ွားႏိုင္ငံ ၊ Putatan ၿမိဳ႕မွာျဖစ္ပြားခဲ့တာပါ ။ ျဖစ္စဥ္ကေတာ့ Daylirn အမည္႐ွိတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဟာ သူမရဲ႕ခင္ပြန္းနဲ႔အတူ မီးဖိုေခ်ာင္အတြက္ လိုအပ္တဲ့ပစၥည္းေတြဝယ္ဖို႔ လမ္းေလ်ွာက္ထြက္လာခဲ့ပါတယ္ ။ ထိုအခ်ိန္မွာပဲ ေအာ္ဟစ္သံၾကားလိုက္လို႔ သြားေရာက္စစ္ေဆးလိုက္ခ်ိန္မွာေတာ့ ေလွကားေလးနားမွာ ကေလးငယ္တစ္ေယာက္ကို ျပန္႔က်ဲေနတဲ့မုန္႔ထုပ္ေတြနဲ႔ အတူေတြ႔ခဲ့ရပါတယ္ ။ Daylirn တို႔စံုတြဲက ကေလးငယ္ကိုဘာလို႔ငိုေနတာလဲဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ သူေရာင္းဖို႔လုပ္ထားတဲ့မုန္႔ထုပ္ေတြကိုအျခားကေလးငယ္ေတြက ဖ်က္ဆီးပစ္ခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ ထိုအခ်ိန္မွာ Daylirn ဟာ အႏိုင္က်င့္တဲ့အျခားကေလးငယ္ေတြကို စိတ္ဆိုးၿပီး အျပစ္ေပးဖို႔လိုက္ခဲ့ေပမဲ့လည္း မမွီခဲ့ပါဘူး ။

Daylirn ရဲ႕ခင္ပြန္းျဖစ္သူက ကေလးငယ္ကို ပ်က္ဆီးသြားတဲ့မုန္႔ေတြအတြက္ တန္ဖိုးေငြ RM 10 ေပးခဲ့ၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ အဆိုပါအႏိုင္က်င့္တဲ့ကေလးအုပ္စုဟာ ေန႔စဥ္သူ႔အားအႏိုင္က်င့္ႏွိပ္စက္ေၾကာင္း ႏွင့္ ယခုလိုမုန္႔ေရာင္းဖို႔ မနက္ 8နာရီကတည္းကထြက္လာခဲ့ၿပီး ညေန 4နာရီခန္႔မွ အိမ္ျပန္ေရာက္ေလ့႐ွိေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

အလုပ္ႀကိဳးစားလြန္းတဲ့ ကေလးရဲ႕အျဖစ္ကိုၾကားသိၿပီး ကေလးငယ္ဆီကမုန္႔ထုပ္ေတြ အကုန္ဝယ္ေပးခဲ့တဲ့အျပင္ ၊ ကေလးငယ္ရဲ႕ေနအိမ္အထိ ကားျဖင့္လိုက္ပို႔ေပးခဲ့ပါတယ္ ။ ကေလးငယ္မွာလည္း အားနာပံုရၿပီး သူ႔အား ေနအိမ္အထိမပို႔ပဲ တံတားနားတြင္သာ ခ်ေပးရန္ေတာင္းဆိုခဲ့ပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ကို Daylirn ကသူ၏ Facebook စာမ်က္ႏွာမွာ ေဝမ်ွခဲ့ၿပီး လူအခ်င္းခ်င္း အႏိုင္က်င့္ျခင္းျဖစ္ေစ ၊ တိရစာၦန္ေတြအေပၚ အႏိုင္က်င့္ျခင္းျဖစ္ေနပါေစ လံုးဝမျပဳလုပ္သင့္ေသာအရာျဖစ္ေၾကာင္း ေျပာဆိုေဝမ်ွခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ May လ 23ရက်နေ့က မလေးရှားနိုင်ငံ ၊ Putatan မြို့မှာဖြစ်ပွားခဲ့တာပါ ။ ဖြစ်စဉ်ကတော့ Daylirn အမည်ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းနဲ့အတူ မီးဖိုချောင်အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ လမ်းလျှောက်ထွက်လာခဲ့ပါတယ် ။ ထိုအချိန်မှာပဲ အော်ဟစ်သံကြားလိုက်လို့ သွားရောက်စစ်ဆေးလိုက်ချိန်မှာတော့ လှေကားလေးနားမှာ ကလေးငယ်တစ်ယောက်ကို ပြန့်ကျဲနေတဲ့မုန့်ထုပ်တွေနဲ့ အတူတွေ့ခဲ့ရပါတယ် ။ Daylirn တို့စုံတွဲက ကလေးငယ်ကိုဘာလို့ငိုနေတာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ သူရောင်းဖို့လုပ်ထားတဲ့မုန့်ထုပ်တွေကိုအခြားကလေးငယ်တွေက ဖျက်ဆီးပစ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ ထိုအချိန်မှာ Daylirn ဟာ အနိုင်ကျင့်တဲ့အခြားကလေးငယ်တွေကို စိတ်ဆိုးပြီး အပြစ်ပေးဖို့လိုက်ခဲ့ပေမဲ့လည်း မမှီခဲ့ပါဘူး ။

Daylirn ရဲ့ခင်ပွန်းဖြစ်သူက ကလေးငယ်ကို ပျက်ဆီးသွားတဲ့မုန့်တွေအတွက် တန်ဖိုးငွေ RM 10 ပေးခဲ့ပြီး မေးမြန်းခဲ့ချိန်မှာတော့ အဆိုပါအနိုင်ကျင့်တဲ့ကလေးအုပ်စုဟာ နေ့စဉ်သူ့အားအနိုင်ကျင့်နှိပ်စက်ကြောင်း နှင့် ယခုလိုမုန့်ရောင်းဖို့ မနက် 8နာရီကတည်းကထွက်လာခဲ့ပြီး ညနေ 4နာရီခန့်မှ အိမ်ပြန်ရောက်လေ့ရှိကြောင်း ပြောဆိုခဲ့ပါတယ် ။

အလုပ်ကြိုးစားလွန်းတဲ့ ကလေးရဲ့အဖြစ်ကိုကြားသိပြီး ကလေးငယ်ဆီကမုန့်ထုပ်တွေ အကုန်ဝယ်ပေးခဲ့တဲ့အပြင် ၊ ကလေးငယ်ရဲ့နေအိမ်အထိ ကားဖြင့်လိုက်ပို့ပေးခဲ့ပါတယ် ။ ကလေးငယ်မှာလည်း အားနာပုံရပြီး သူ့အား နေအိမ်အထိမပို့ပဲ တံတားနားတွင်သာ ချပေးရန်တောင်းဆိုခဲ့ပါတယ် ။ အဆိုပါ အဖြစ်အပျက်ကို Daylirn ကသူ၏ Facebook စာမျက်နှာမှာ ဝေမျှခဲ့ပြီး လူအချင်းချင်း အနိုင်ကျင့်ခြင်းဖြစ်စေ ၊ တိရစ္ဆာန်တွေအပေါ် အနိုင်ကျင့်ခြင်းဖြစ်နေပါစေ လုံးဝမပြုလုပ်သင့်သောအရာဖြစ်ကြောင်း ပြောဆိုဝေမျှခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment