ပြဲၾကည့္စင္ျပည့္ေအာင္ Sex Dolls ေတြကို ပရိသတ္အျဖစ္အသံုးျပဳခဲ့လို႔ ေဝဖန္ခံေနရတဲ့ ေတာင္ကိုးရီးယားေဘာလံုးအသင္း

ယခုလို Covid -19 ျဖစ္ပြားေနတဲ့ အခ်ိန္ကာလမွာ လူစုလူေဝးမ်ားျဖစ္တဲ့ေနရာကို ပိတ္ပင္ထားေလ့႐ွိပါတယ္ ။ ဒါေၾကာင့္ social distancing ကာလျဖစ္တဲ့အတြက္ ေဘာလံုးပြဲေတြဟာလည္း ကြင္းကိုပိတ္ၿပီး ေဆာ့ကစားတာမ်ိဳးျပဳလုပ္လာၾကတဲ့အျပင္ ၊ ကစားသမားမ်ားမွာလည္း ကစားကြင္းထဲသို႔မဝင္ခင္ ႀကိဳတင္ကာကြယ္မႈမ်ားအရင္ျပဳလုပ္ရပါတယ္ ။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ မွာေတာ့ ပထမဆံုးအႀကိမ္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ေဘာလံုးclub အသင္းေတြျဖစ္ၾကတဲ့ FC Seoul နဲ႔ Gwangju FC တို႔ဟာ ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္ ။

ကစားပြဲရဲ႕ 1-0 အႏိုင္ရ႐ွိခဲ့ခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ ကြင္းရဲ႕လူၾကည့္စင္ေတြမွာ တစ္ခုခုလြဲမွားေနတာကို သတိထားမိခဲ့ပါတယ္ ။ အဲဒါကေတာ့ လူၾကည့္စင္ေတြ အသက္ဝင္ၿပီးစည္စည္ကားကားျဖစ္ေအာင္ လူပံုစံဖက္႐ွင္႐ုပ္ေလးေတြကို လူၾကည့္စင္မွာထားၿပီး ပရိသတ္ေတြလို အားေပးေနတဲ့ပံုစံ ျပဳလုပ္ထားခဲ့လို႔ပါပဲ ။ သို႔ေပမဲ့လည္း အ႐ုပ္မေလးကိုင္ေဆာင္ထားတဲ့ ဆိုင္းဘုတ္ေလးမွာ adult content streaming sites ေတြကိုရည္ၫႊန္းထားခဲ့တဲ့အတြက္ အဆိုပါအ႐ုပ္မေလးေတြဟာ sex doll ျဖစ္မွန္း ပရိသတ္ေတြ အံ့ၾသထိတ္လန္႔စြာ သတိထားမိခဲ့ပါေတာ့တယ္ ။

ပရိသတ္ေတြကေတာ့ ” Seoul FC အသင္း ပရိသတ္အေနနဲ႔အသံုးျပဳခဲ့တဲ့ဖက္႐ွင္အ႐ုပ္မရဲ႕ ဆိုင္းဘုတ္ေလးနားမွာ SOLOS ဆိုၿပီး ေရးထားတယ္ ။ အဲ့ကုမၸဏီက Sex Doll ေတြ လူႀကီးအ႐ုပ္ေတြ ေရာင္းတဲ့ကုမၸဏီပါ ။ တကယ္သာဆိုရင္ သူတို္႔က စပြန္ဆာေပးထားတာလား ” ဆိုၿပီး ေမးခြန္းထုတ္လာခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ အဆိုပါ Club က social media မွာ ေတာင္းပန္ေၾကာင္း စာေရးသားခဲ့ၿပီး အ႐ုပ္ေတြကို တကယ့္လူေတြနဲ႔တူေအာင္ ျပဳလုပ္ခဲ့တာျဖစ္ၿပီး သာမွန္ဖက္႐ွင္အ႐ုပ္မေတြသာျဖစ္ေၾကာင္း ၊ မည္သည့္ sex doll ကုမၸဏီအဖြဲ႔အစည္းႏွင့္ ဆက္သြယ္ေပါင္းစည္းထားျခင္းမ်ိဳးမ႐ွိေၾကာင္း ျပန္လည္႐ွင္းျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလို Covid -19 ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ လူစုလူဝေးများဖြစ်တဲ့နေရာကို ပိတ်ပင်ထားလေ့ရှိပါတယ် ။ ဒါကြောင့် social distancing ကာလဖြစ်တဲ့အတွက် ဘောလုံးပွဲတွေဟာလည်း ကွင်းကိုပိတ်ပြီး ဆော့ကစားတာမျိုးပြုလုပ်လာကြတဲ့အပြင် ၊ ကစားသမားများမှာလည်း ကစားကွင်းထဲသို့မဝင်ခင် ကြိုတင်ကာကွယ်မှုများအရင်ပြုလုပ်ရပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာတော့ ပထမဆုံးအကြိမ် တောင်ကိုရီးယားနိုင်ငံရဲ့ ဘောလုံးclub အသင်းတွေဖြစ်ကြတဲ့ FC Seoul နဲ့ Gwangju FC တို့ဟာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ် ။

ကစားပွဲရဲ့ 1-0 အနိုင်ရရှိခဲ့ချိန်မှာတော့ ပရိသတ်တွေဟာ ကွင်းရဲ့လူကြည့်စင်တွေမှာ တစ်ခုခုလွဲမှားနေတာကို သတိထားမိခဲ့ပါတယ် ။ အဲဒါကတော့ လူကြည့်စင်တွေ အသက်ဝင်ပြီးစည်စည်ကားကားဖြစ်အောင် လူပုံစံဖက်ရှင်ရုပ်လေးတွေကို လူကြည့်စင်မှာထားပြီး ပရိသတ်တွေလို အားပေးနေတဲ့ပုံစံ ပြုလုပ်ထားခဲ့လို့ပါပဲ ။ သို့ပေမဲ့လည်း အရုပ်မလေးကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်လေးမှာ adult content streaming sites တွေကိုရည်ညွှန်းထားခဲ့တဲ့အတွက် အဆိုပါအရုပ်မလေးတွေဟာ sex doll ဖြစ်မှန်း ပရိသတ်တွေ အံ့သြထိတ်လန့်စွာ သတိထားမိခဲ့ပါတော့တယ် ။

ပရိသတ်တွေကတော့ ” Seoul FC အသင်း ပရိသတ်အနေနဲ့အသုံးပြုခဲ့တဲ့ဖက်ရှင်အရုပ်မရဲ့ ဆိုင်းဘုတ်လေးနားမှာ SOLOS ဆိုပြီး ရေးထားတယ် ။ အဲ့ကုမ္ပဏီက Sex Doll တွေ လူကြီးအရုပ်တွေ ရောင်းတဲ့ကုမ္ပဏီပါ ။ တကယ်သာဆိုရင် သူတို့်က စပွန်ဆာပေးထားတာလား ” ဆိုပြီး မေးခွန်းထုတ်လာခဲ့ကြပါတယ် ။ ထို့ကြောင့် အဆိုပါ Club က social media မှာ တောင်းပန်ကြောင်း စာရေးသားခဲ့ပြီး အရုပ်တွေကို တကယ့်လူတွေနဲ့တူအောင် ပြုလုပ်ခဲ့တာဖြစ်ပြီး သာမှန်ဖက်ရှင်အရုပ်မတွေသာဖြစ်ကြောင်း ၊ မည်သည့် sex doll ကုမ္ပဏီအဖွဲ့အစည်းနှင့် ဆက်သွယ်ပေါင်းစည်းထားခြင်းမျိုးမရှိကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment