ဗိုက္ဆာလို႔အစာေတာင္းစားခဲ့မိလို႔ ဆီပူနဲ႔ ေလာင္းပက္ျခင္းခံခဲ့ရတဲ့ ေၾကာင္မေလး

ေၾကာင္ဆိုတဲ့ အိမ္ေမြးတိရစာၦန္ေလးေတြဟာ ခ်စ္ဖို႔ေကာင္းတဲ့ပံုပန္းသြင္ျပင္႐ွိေပမဲ့လည္း ဘာလို႔မ်ားလူေတြကညင္းပန္းႏွိပ္စက္ခ်င္ၾကတာလဲဆိုတာ ခန္႔မွန္းလို႔ေတာင္မရေတာ့ပါဘူး ။ ဒီျဖစ္ရပ္ကေတာ့ 2017 ခုႏွစ္ကတည္းကျဖစ္ပ်က္ခဲ့တာျဖစ္ေပမဲ့လည္း social media ေပၚမွာတခါျပန္လည္ ေရပန္းစားေနခဲ့တဲ့အျဖစ္အပ်က္ေလးျဖစ္ပါတယ္ ။အဆိုပါ ကိုယ္ဝန္ေဆာင္ထားတဲ့ေၾကာင္မေလးဟာ အစာ႐ွာဖို႔ေျခဦးတည့္ရာေလ်ွာက္သြားရင္နဲ႔ အသားေၾကာ္အနံ႔ေလးရခဲ့ပါတယ္ ။ ထို႔ေနာက္ ၎အနံ႔အတိုင္းလိုက္သြားရင္ႏွင့္ မီးဖိုေခ်ာင္တစ္ခုဆီသို႔ ဝင္သြားခဲ့မိပါတယ္ ။ေၾကာင္မေလးဟာ အစာေႂကြးေအာင္ေအာ္ျမည္ၿပီးအခ်က္ေပးခဲ့ေပမဲ့လည္း အစာေႂကြးမည့္အစား ဒယ္အိုးထဲမွဆီပူပြတ္ပြတ္ႏွင့္ ေလာင္ပက္ျခင္းခံခဲ့ရပါတယ္ ။

ေၾကာင္မေလးကို အျမဲအစာေကြၽးေနက် လူတစ္ေယာက္ကေၾကာင္မေလးကို မေတြ႔မိတာရက္ေပါင္းအနည္းငယ္ၾကာခဲ့ၿပီး ၊ ပုပ္သိုးေနေသာအနံ႔ကိုလည္း ရေနခဲ့ပါတယ္ ။ ထို႔ေၾကာင့္ အနံ႔အသက္ရ႐ွိရာေနရာသို႔သြားေရာက္စစ္ေဆးၾကည့္ခဲ့ခ်ိန္မွာေတာ့ ဒဏ္ရာရ႐ွိေနၿပီး ေၾကာင္ေပါက္ေလး 6ေကာင္ ေမြးထားတဲ့ေၾကာင္မေလးကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။ထို႔ေနာက္ ေၾကာင္မေလးကိုတိရစာၦန္ေဆးခန္းသို႔ အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ၿပီး ၊ ကံေကာင္းစြာျဖင့္ အဆိုပါေဆးခန္းတြင္ေၾကာင္ေပါက္ေလးေတြကို ႏို႔တိုက္ေကြၽးေပးႏိုင္ေသာ ေၾကာင္မႀကီးတစ္ေကာင္လည္း ႐ွိေနခဲ့ပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ ေၾကာင္မေလးကို ကယ္ဆယ္ေပးခဲ့တဲ့ လူတစ္ေယာက္ဟာ ေၾကာင္မေလးကိုျပဳစုေစာင့္ေ႐ွာက္ေပးခဲ့ပါတယ္ ။ လအနည္းငယ္အၾကာမွာေတာ့ ေၾကာင္မေလးဟာ ျပန္လည္းေနေကာင္းက်န္းမာလာခဲ့ေပမဲ့လည္း ကံဆိုးစြာနဲ႔ပဲ ေၾကာင္မေလး၏ေျခဖဝါးမ်ားတြင္႐ွိေသာ အေၾကာေလးေတြဟာေသဆံုးသြားခဲ့တဲ့အတြက္ ေၾကာင္မေလးမွာသူ႔၏ေျခဖဝါးမ်ားကို ဆံုး႐ႈံခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကြောင်ဆိုတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ကောင်းတဲ့ပုံပန်းသွင်ပြင်ရှိပေမဲ့လည်း ဘာလို့များလူတွေကညင်းပန်းနှိပ်စက်ချင်ကြတာလဲဆိုတာ ခန့်မှန်းလို့တောင်မရတော့ပါဘူး ။ ဒီဖြစ်ရပ်ကတော့ 2017 ခုနှစ်ကတည်းကဖြစ်ပျက်ခဲ့တာဖြစ်ပေမဲ့လည်း social media ပေါ်မှာတခါပြန်လည် ရေပန်းစားနေခဲ့တဲ့အဖြစ်အပျက်လေးဖြစ်ပါတယ် ။အဆိုပါ ကိုယ်ဝန်ဆောင်ထားတဲ့ကြောင်မလေးဟာ အစာရှာဖို့ခြေဦးတည့်ရာလျှောက်သွားရင်နဲ့ အသားကြော်အနံ့လေးရခဲ့ပါတယ် ။ ထို့နောက် ၎င်းအနံ့အတိုင်းလိုက်သွားရင်နှင့် မီးဖိုချောင်တစ်ခုဆီသို့ ဝင်သွားခဲ့မိပါတယ် ။ကြောင်မလေးဟာ အစာကြွေးအောင်အော်မြည်ပြီးအချက်ပေးခဲ့ပေမဲ့လည်း အစာကြွေးမည့်အစား ဒယ်အိုးထဲမှဆီပူပွတ်ပွတ်နှင့် လောင်ပက်ခြင်းခံခဲ့ရပါတယ် ။

ကြောင်မလေးကို အမြဲအစာကျွေးနေကျ လူတစ်ယောက်ကကြောင်မလေးကို မတွေ့မိတာရက်ပေါင်းအနည်းငယ်ကြာခဲ့ပြီး ၊ ပုပ်သိုးနေသောအနံ့ကိုလည်း ရနေခဲ့ပါတယ် ။ ထို့ကြောင့် အနံ့အသက်ရရှိရာနေရာသို့သွားရောက်စစ်ဆေးကြည့်ခဲ့ချိန်မှာတော့ ဒဏ်ရာရရှိနေပြီး ကြောင်ပေါက်လေး 6ကောင် မွေးထားတဲ့ကြောင်မလေးကို တွေ့ရှိသွားခဲ့ပါတယ် ။ထို့နောက် ကြောင်မလေးကိုတိရစ္ဆာန်ဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီး ၊ ကံကောင်းစွာဖြင့် အဆိုပါဆေးခန်းတွင်ကြောင်ပေါက်လေးတွေကို နို့တိုက်ကျွေးပေးနိုင်သော ကြောင်မကြီးတစ်ကောင်လည်း ရှိနေခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ပဲ ကြောင်မလေးကို ကယ်ဆယ်ပေးခဲ့တဲ့ လူတစ်ယောက်ဟာ ကြောင်မလေးကိုပြုစုစောင့်ရှောက်ပေးခဲ့ပါတယ် ။ လအနည်းငယ်အကြာမှာတော့ ကြောင်မလေးဟာ ပြန်လည်းနေကောင်းကျန်းမာလာခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ ကြောင်မလေး၏ခြေဖဝါးများတွင်ရှိသော အကြောလေးတွေဟာသေဆုံးသွားခဲ့တဲ့အတွက် ကြောင်မလေးမှာသူ့၏ခြေဖဝါးများကို ဆုံးရှုံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဗိုက္ဆာလို႔အစာေတာင္းစားခဲ့မိလို႔ ဆီပူနဲ႔ ေလာင္းပက္ျခင္းခံခဲ့ရတဲ့ ေၾကာင္မေလး"

Leave a comment

Your email address will not be published.


*