ခ်စ္သူကို Bubble Tea တစ္ခြက္နဲ႔ ရင္ခုန္ေအာင္လုပ္ၿပီး လက္ထပ္ခြင့္ေတာင္းခဲ့တဲ့အမ်ိဳးသား

တစ္ခ်ိဳ႕ေသာမိန္းကေလးေတြက ခမ္းနားႀကီးက်ယ္တာထက္ ၊ သူတို႔ႀကိဳက္ႏွစ္သက္တဲ့အရာေလးေတြနဲ႔ အလိုက္တသိေလး လုပ္ေပးေနတာကိုပဲ လိုလားေတာင္းတေလ့႐ွိပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ စံုတြဲေလးရဲ႕ လက္ထပ္ခြင့္ေတာင္းတဲ့ပံုစံေလးကလည္း အေတာ္ေလးကိုခ်စ္ဖို႔ေကာင္းလြန္းလွပါတယ္ ။ မၾကာေသးခင္င facebook စာမ်က္ႏွာတစ္ခုမွာ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕ခ်စ္သူ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ပံုစံကို ေဝမ်ွေပးခဲ့ပါတယ္ ။ Post တစ္ခုမွာေတာ့ သူမႀကိဳက္ႏွစ္သက္တဲ့ Bubble Tea ဘူးထဲသို႔စိုက္ၾကည့္လိုက္ခ်ိန္မွာေတာ့ ဘူးရဲ႕ေအာက္ဖက္မွာ “Marry Me” ဆိုၿပီး ကပ္ထားတဲ့စာေလးကို ေတြ႔႐ွိရမွာပါ ။

ေနာက္ထပ္ ဓာတ္ပံုတစ္ခုမွာေတာ့ သူမရဲ႕ခ်စ္သူဟာ ဒူးေထာက္ထားၿပီး လက္ထဲတြင့္လက္ထပ္လက္စြပ္ဘူး ႏွင့္ သူမႀကိဳက္ႏွစ္သက္တဲ့ Bubble Tea ေလးကို ကိုင္ေဆာင္ထားကာ သူမထံလက္ထပ္ခြင့္ေတာင္းဆိုေနခဲ့တာပါ ။

ထို႔အျပင္သူမက အဆိုပါဓာတ္ပံုေလးေတြကို ” ကြၽန္မရဲ႕ ဘဝလက္တြဲေဖာ္က ကြၽန္မအရမ္းႀကိဳက္တဲ့ Bubble Tea ေလးနဲ႔ ဒီတစ္ပတ္အတြင္းမွာပဲ ကြၽန္မကို propose လုပ္ခဲ့တယ္ ” ဆိုတဲ့ စာသားေလးနဲ႔ သူမတို႔စံုတြဲရဲ႕ခ်စ္ဖို႔ေကာင္းတဲ့ အခ်ိန္ကာလအမွတ္တရေလးကို facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သောမိန်းကလေးတွေက ခမ်းနားကြီးကျယ်တာထက် ၊ သူတို့ကြိုက်နှစ်သက်တဲ့အရာလေးတွေနဲ့ အလိုက်တသိလေး လုပ်ပေးနေတာကိုပဲ လိုလားတောင်းတလေ့ရှိပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ စုံတွဲလေးရဲ့ လက်ထပ်ခွင့်တောင်းတဲ့ပုံစံလေးကလည်း အတော်လေးကိုချစ်ဖို့ကောင်းလွန်းလှပါတယ် ။ မကြာသေးခင်င facebook စာမျက်နှာတစ်ခုမှာ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူ လက်ထပ်ခွင့်တောင်းခဲ့တဲ့ပုံစံကို ဝေမျှပေးခဲ့ပါတယ် ။ Post တစ်ခုမှာတော့ သူမကြိုက်နှစ်သက်တဲ့ Bubble Tea ဘူးထဲသို့စိုက်ကြည့်လိုက်ချိန်မှာတော့ ဘူးရဲ့အောက်ဖက်မှာ “Marry Me” ဆိုပြီး ကပ်ထားတဲ့စာလေးကို တွေ့ရှိရမှာပါ ။

နောက်ထပ် ဓာတ်ပုံတစ်ခုမှာတော့ သူမရဲ့ချစ်သူဟာ ဒူးထောက်ထားပြီး လက်ထဲတွင့်လက်ထပ်လက်စွပ်ဘူး နှင့် သူမကြိုက်နှစ်သက်တဲ့ Bubble Tea လေးကို ကိုင်ဆောင်ထားကာ သူမထံလက်ထပ်ခွင့်တောင်းဆိုနေခဲ့တာပါ ။

ထို့အပြင်သူမက အဆိုပါဓာတ်ပုံလေးတွေကို ” ကျွန်မရဲ့ ဘဝလက်တွဲဖော်က ကျွန်မအရမ်းကြိုက်တဲ့ Bubble Tea လေးနဲ့ ဒီတစ်ပတ်အတွင်းမှာပဲ ကျွန်မကို propose လုပ်ခဲ့တယ် ” ဆိုတဲ့ စာသားလေးနဲ့ သူမတို့စုံတွဲရဲ့ချစ်ဖို့ကောင်းတဲ့ အချိန်ကာလအမှတ်တရလေးကို facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment