TikTok video ကေန 2ႏွစ္နီးပါးေပ်ာက္ဆံုးေနၿပီး ဒုကၡဆင္းရဲေရာက္ေနတဲ့ဖခင္ကို ျပန္႐ွာေတြ႔ႏိုင္ခဲ့တဲ့အျဖစ္

TikTok ဟာ ယခုလက္႐ွိ social media အသံုးျပဳသူ အၾကားအေတာ္ေလးကိုေရပန္းစားေနၿပီး ၊ လူတန္းစားမေရြးေဆာ့ကစားေနၾကတာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္မွာေတာ့ အဆိုပါ TikTok video ေလးေၾကာင့္ ကြဲကြာေနၾကတဲ့ မိသားစုဝင္ေတြျပန္လည္ဆံုဆည္းႏိုင္ခဲ့ရပါတယ္ ။ ၿပီးခဲ့တဲ့ 2018 ခုႏွစ္တုန္းက အိႏၵိယႏိုင္ငံ ၊ Telengana ျပည္နယ္မွာေနထိုင္တဲ့ R Venkateshwarlu အမည္႐ွိတဲ့အမ်ိဳးသားတစ္ဦးဟာ အျခားရြာတစ္ခုဆီသို႔ အလုပ္႐ွာဖို႔ ကုန္တင္ကားတစ္စီးေနာက္လိုက္ပါသြားရင္ကေန လံုးဝကိုအိမ္မျပန္လာခဲ့ေတာ့ပဲ ေပ်ာက္ဆံုးသြားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သူ၏မိသားစုဝင္မ်ားက ေနရာအႏွံလိုက္႐ွာခဲ့ေပမဲ့လည္း သတင္းအစအနေတာင္မရ႐ွိခဲ့ပါဘူး ။ 2ႏွစ္ခန္႔အခ်ိန္ၾကာျမင့္ခဲ့ခ်ိန္မွာေတာ့ TikTok video တစ္ခုကေန R Venkateshwarlu ပါဝင္ေနခဲ့တာကို သူ၏သူငယ္ခ်င္းျဖစ္သူမွ ေတြ႔႐ွိသြားခဲ့ၿပီးေနာက္ သူ၏မိသားစုဝင္ေတြကို အေၾကာင္းၾကားခဲ့ေသာေၾကာင့္ အဆိုပါအမ်ိဳးသား၏သားျဖစ္သူ R Peddiraju မွ တာဝန္႐ွိသူမ်ားႏွင့္အတူ ဖခင္ျဖစ္သူကို ႐ွာေဖြဖို႔ထြက္လာခဲ့ပါေတာ့တယ္ ။

အဆိုပါ TikTok video ကိုေတာ့ ၿပီးခဲ့တဲ့ May 14 ရက္ေန႔က Ajaib Singh အမည္႐ွိတဲ့ ရဲအရာ႐ွိတစ္ဦးက အစားအေသာက္ေဝမ်ွေပးတဲ့အလႉအတန္းျပဳလုပ္ရင္းနဲ႔ ႐ိုက္ယူခဲ့တာျဖစ္ပါတယ္ ။ Video ထဲမွာေတာ့ R Venkateshwarlu ဟာ လမ္းေလ်ွာက္ဖို႔ ေလဖက္ေထာက္အတိုင္ကိုအကူအညီယူေနခဲ့ရၿပီးေနာက္ အစားအေသာက္ေတာင္းခံေနခဲ့တာပါ။ ထိုအျပင္ လႉတန္းသူေတြက ေမးခြန္းေမးျမန္းခဲ့ခ်ိန္မွာေတာ့ နားမၾကားသည့္အျပင္ ၊ စကားပါမေျပာဆိုႏိုင္ေၾကာင္း လက္အမူအရာျဖင့္႐ွင္းျပခဲ့ပါတယ္ ။

ထို႔ေၾကာင့္ ရဲအရာ႐ွိမ်ားက R Venkateshwarlu ၏မိသားစုဝင္မ်ားကို Lockdown ေျဖေလ်ာ့ေပးတဲ့အခ်ိန္ထိ ေစာင့္ဆိုင္းေပးဖို႔ ေျပာဆိုခဲ့တဲ့အျပင္ ယခုလိုဖခင္ျဖစ္သူ ဒုကၡေရာက္ေနတဲ့အျဖစ္ကိုျမင္ေတြ႔ေနရလို႔ မခံစားႏိုင္ေအာင္ျဖစ္ေနၾကမည့္အေျခအေနကိုလည္း နားလည္ေၾကာင္း႐ွင္းျပခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ ဖခင္ျဖစ္သူ R Venkateshwarlu ဟာ သူ၏သားျဖစ္သူႏွင့္အတူ ေနရပ္ျဖစ္တဲ့ရြာဆီသို႔ ျပန္ေရာက္ႏိုင္ခဲ့ပါၿပီ ။ သားျဖစ္သူရဲ႕ေျပာျပခ်က္အရ ” ကြၽန္ေတာ့္အေဖက အိပ္ေမာက်ေနခဲ့တာ ၊ ကားဆရာက အေဖကားေပၚပါလာမွန္မသိဘူး ၊ အေတာ္ေဝးေဝးကို ေရာက္တဲ့အခ်ိန္မွာမွ ကားဆရာက အေဖကားေပၚပါလာမွန္း သတိရခဲ့ၿပီး အေဖ့ကိုအဲ့လမ္းတစ္ဝက္မွာပဲ ခ်န္ထားခဲ့လိုက္တယ္ ၊ ဒါကေတာ့ အေဖ့ရဲ႕ပထမဆံုး မိသားစုဝင္ေတြနဲ႔ အၾကာႀကီးခြဲေနခဲ့ရတဲ့အခ်ိန္ပဲ ၊ ကြၽန္ေတာ္တို႔သူ႔ကို ပထမဆံုး အိမ္ထမင္းပူပူေလးခ်က္ေကြၽးခ်င္ပါတယ္ ” ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

TikTok ဟာ ယခုလက်ရှိ social media အသုံးပြုသူ အကြားအတော်လေးကိုရေပန်းစားနေပြီး ၊ လူတန်းစားမရွေးဆော့ကစားနေကြတာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ အဆိုပါ TikTok video လေးကြောင့် ကွဲကွာနေကြတဲ့ မိသားစုဝင်တွေပြန်လည်ဆုံဆည်းနိုင်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ 2018 ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ ၊ Telengana ပြည်နယ်မှာနေထိုင်တဲ့ R Venkateshwarlu အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ အခြားရွာတစ်ခုဆီသို့ အလုပ်ရှာဖို့ ကုန်တင်ကားတစ်စီးနောက်လိုက်ပါသွားရင်ကနေ လုံးဝကိုအိမ်မပြန်လာခဲ့တော့ပဲ ပျောက်ဆုံးသွားခဲ့ပါတယ် ။ ထို့ကြောင့် သူ၏မိသားစုဝင်များက နေရာအနှံလိုက်ရှာခဲ့ပေမဲ့လည်း သတင်းအစအနတောင်မရရှိခဲ့ပါဘူး ။ 2နှစ်ခန့်အချိန်ကြာမြင့်ခဲ့ချိန်မှာတော့ TikTok video တစ်ခုကနေ R Venkateshwarlu ပါဝင်နေခဲ့တာကို သူ၏သူငယ်ချင်းဖြစ်သူမှ တွေ့ရှိသွားခဲ့ပြီးနောက် သူ၏မိသားစုဝင်တွေကို အကြောင်းကြားခဲ့သောကြောင့် အဆိုပါအမျိုးသား၏သားဖြစ်သူ R Peddiraju မှ တာဝန်ရှိသူများနှင့်အတူ ဖခင်ဖြစ်သူကို ရှာဖွေဖို့ထွက်လာခဲ့ပါတော့တယ် ။

အဆိုပါ TikTok video ကိုတော့ ပြီးခဲ့တဲ့ May 14 ရက်နေ့က Ajaib Singh အမည်ရှိတဲ့ ရဲအရာရှိတစ်ဦးက အစားအသောက်ဝေမျှပေးတဲ့အလှူအတန်းပြုလုပ်ရင်းနဲ့ ရိုက်ယူခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာတော့ R Venkateshwarlu ဟာ လမ်းလျှောက်ဖို့ လေဖက်ထောက်အတိုင်ကိုအကူအညီယူနေခဲ့ရပြီးနောက် အစားအသောက်တောင်းခံနေခဲ့တာပါ။ ထိုအပြင် လှူတန်းသူတွေက မေးခွန်းမေးမြန်းခဲ့ချိန်မှာတော့ နားမကြားသည့်အပြင် ၊ စကားပါမပြောဆိုနိုင်ကြောင်း လက်အမူအရာဖြင့်ရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် ရဲအရာရှိများက R Venkateshwarlu ၏မိသားစုဝင်များကို Lockdown ဖြေလျော့ပေးတဲ့အချိန်ထိ စောင့်ဆိုင်းပေးဖို့ ပြောဆိုခဲ့တဲ့အပြင် ယခုလိုဖခင်ဖြစ်သူ ဒုက္ခရောက်နေတဲ့အဖြစ်ကိုမြင်တွေ့နေရလို့ မခံစားနိုင်အောင်ဖြစ်နေကြမည့်အခြေအနေကိုလည်း နားလည်ကြောင်းရှင်းပြခဲ့ပါတယ် ။ ယခုချိန်မှာတော့ ဖခင်ဖြစ်သူ R Venkateshwarlu ဟာ သူ၏သားဖြစ်သူနှင့်အတူ နေရပ်ဖြစ်တဲ့ရွာဆီသို့ ပြန်ရောက်နိုင်ခဲ့ပါပြီ ။ သားဖြစ်သူရဲ့ပြောပြချက်အရ ” ကျွန်တော့်အဖေက အိပ်မောကျနေခဲ့တာ ၊ ကားဆရာက အဖေကားပေါ်ပါလာမှန်မသိဘူး ၊ အတော်ဝေးဝေးကို ရောက်တဲ့အချိန်မှာမှ ကားဆရာက အဖေကားပေါ်ပါလာမှန်း သတိရခဲ့ပြီး အဖေ့ကိုအဲ့လမ်းတစ်ဝက်မှာပဲ ချန်ထားခဲ့လိုက်တယ် ၊ ဒါကတော့ အဖေ့ရဲ့ပထမဆုံး မိသားစုဝင်တွေနဲ့ အကြာကြီးခွဲနေခဲ့ရတဲ့အချိန်ပဲ ၊ ကျွန်တော်တို့သူ့ကို ပထမဆုံး အိမ်ထမင်းပူပူလေးချက်ကျွေးချင်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment