ေျဗာက္အိုးေတြထိုးထည့္ထားတဲ့ နာနတ္သီးကိုစားမိခဲ့လို႔ ရပ္လ်က္အေနအထားနဲ႔ေသဆံုးခဲ့ရတဲ့ ဆင္မႀကီး

ၿပီးခဲ့တဲ့ May 27 ရက္ေန႔က အိႏၷိယႏိုင္ငံ ၊ Kerala ျပည္နယ္မွာ႐ွိတဲ့ ကိုယ္ဝန္ေဆာင္ဆင္မႀကီးတစ္ေကာင္ဟာလူေတြပစ္ေကြၽးခဲ့တဲ့ ေျဗာက္အိုးေတြအျပည့္ထိုးထည့္ထားတဲ့ နာနတ္သီးကို စားမိခဲ့လို႔ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ တာဝန္႐ွိသူေတြရဲ႕ေျပာၾကားခ်က္အရ ေတာထဲကဆင္ေတြဟာ အနီးအနားမွာ႐ွိတဲ့ရြာဆီသို႔ အစာ႐ွာဖို႔ထြက္လာၾကေလ့႐ွိၿပီး ေဒသခံေတြက ေျဗာက္အိုးေတြအျပည့္ထိုးထည့္ထားတဲ့နာနတ္သီးကို ဆင္မႀကီးအားပစ္ေကြၽးခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ဆင္မႀကီးကလည္း လူေတြကိုယံုၿပီး အဆိုပါနာနတ္သီးကို စားခဲ့ခ်ိန္မွာေတာ့ သတိမထားမိလိုက္ခ်ိန္မွာပဲ သူမရဲ႕ပါးစပ္အတြင္း၌သာ က်ယ္ေလာင္စြာေပါက္ကြဲသြားခဲ့ၿပီး ဆင္မႀကီးရဲ႕ကိုယ္ဝန္ဟာ ေမြးဖြားဖို႔ရက္အနည္းငယ္သာ လိုေတာ့တာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

ဆင္မႀကီးရဲ႕ပါးစပ္နဲ႔လ်ွာေတြဟာ အေတာ္ေလးကိုပ်က္စီးသြားခဲ့ေပမဲ့လည္း ဆင္မႀကီးဟာ ဆာေလာင္မႈဒဏ္ေၾကာင့္ အဆိုပါရြာအနီးတြင္သာ က်က္စားေနလ်က္႐ွိပါတယ္ ။ သို႔ေပမဲ့လည္း ဆင္မႀကီးဟာ နာက်င္မႈဒဏ္ေၾကာင့္မည့္သည့္အစားအစာမွ မစားေသာက္ႏိုင္ေတာ့ပါဘူး ။ Krishan အမည္႐ွိတဲ့ တာဝန္႐ွိသူအမ်ိဳးသားရဲ႕ေျပာၾကားခ်က္အရ ဆင္မႀကီးဟာ နာက်င္မႈဒဏ္ေၾကာင့္ ရြာလမ္းတစ္ေလ်ွာက္ ထြက္ေျပးခဲ့စဥ္ မည္သည့္လူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္ေၾကာက္လန္႔ေအာင္ မျပဳမႈခဲ့တဲ့အျပင္ လူေတြရဲ႕ေနအိမ္ကိုဖ်က္ဆီးခဲ့ျခင္းမ်ိဳးလည္းမ႐ွိခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

ထို႔ေနာက္ ဆင္မႀကီးဟာ နာက်င္လြန္းလို႔သူမရဲ႕ ပါးစပ္ ႏွင့္ ႏွာေမာင္းကို ျမစ္ေခ်ာင္းအတြင္း၌ စိမ္ထားခဲ့ၿပီး ပူေလာင္နာက်င္သည့္ဒဏ္ကို သက္သာေအာင္ျပဳလုပ္ခဲ့ပံုရပါတယ္ ။ ကယ္ဆယ္ေရးအသင္းမ်ားက ဆင္မႀကီးကို ျမစ္ေခ်ာင္းကေနေခၚထုတ္ၿပီး ကုသေပးဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ဆင္မႀကီးဟာ သူ၏အေျခအေနကိုသိ႐ွိခဲ့ပံုရၿပီး ျမစ္ေခ်ာင္းထဲကေန မထြက္ေတာ့ပဲ ညေန 4နာရီအခ်ိန္ခန္႔မွာေတာ့ ဆင္မႀကီးဟာ ျမစ္ေခ်ာင္းအတြင္း၌သာ ရပ္လ်က္အေနအထားျဖင့္သာ ေသဆံုးသြားခဲ့ပါတယ္ ။ လူေတြရဲ့ ရက္စက္လြန္းတဲ့လုပ္ရက္ေတြေၾကာင့္ ကိုယ္ဝန္ေဆာင္ဆင္မႀကီးရဲ႕အျဖစ္ဟာ အေတာ္ေလးကိုသနားဖြယ္ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ May 27 ရက်နေ့က အိန္နိယနိုင်ငံ ၊ Kerala ပြည်နယ်မှာရှိတဲ့ ကိုယ်ဝန်ဆောင်ဆင်မကြီးတစ်ကောင်ဟာလူတွေပစ်ကျွေးခဲ့တဲ့ ဗြောက်အိုးတွေအပြည့်ထိုးထည့်ထားတဲ့ နာနတ်သီးကို စားမိခဲ့လို့ အသက်သေဆုံးသွားခဲ့ရပါတယ် ။ တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ တောထဲကဆင်တွေဟာ အနီးအနားမှာရှိတဲ့ရွာဆီသို့ အစာရှာဖို့ထွက်လာကြလေ့ရှိပြီး ဒေသခံတွေက ဗြောက်အိုးတွေအပြည့်ထိုးထည့်ထားတဲ့နာနတ်သီးကို ဆင်မကြီးအားပစ်ကျွေးခဲ့ကြောင်း သိရှိရပါတယ် ။ ဆင်မကြီးကလည်း လူတွေကိုယုံပြီး အဆိုပါနာနတ်သီးကို စားခဲ့ချိန်မှာတော့ သတိမထားမိလိုက်ချိန်မှာပဲ သူမရဲ့ပါးစပ်အတွင်း၌သာ ကျယ်လောင်စွာပေါက်ကွဲသွားခဲ့ပြီး ဆင်မကြီးရဲ့ကိုယ်ဝန်ဟာ မွေးဖွားဖို့ရက်အနည်းငယ်သာ လိုတော့တာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

ဆင်မကြီးရဲ့ပါးစပ်နဲ့လျှာတွေဟာ အတော်လေးကိုပျက်စီးသွားခဲ့ပေမဲ့လည်း ဆင်မကြီးဟာ ဆာလောင်မှုဒဏ်ကြောင့် အဆိုပါရွာအနီးတွင်သာ ကျက်စားနေလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း ဆင်မကြီးဟာ နာကျင်မှုဒဏ်ကြောင့်မည့်သည့်အစားအစာမှ မစားသောက်နိုင်တော့ပါဘူး ။ Krishan အမည်ရှိတဲ့ တာဝန်ရှိသူအမျိုးသားရဲ့ပြောကြားချက်အရ ဆင်မကြီးဟာ နာကျင်မှုဒဏ်ကြောင့် ရွာလမ်းတစ်လျှောက် ထွက်ပြေးခဲ့စဉ် မည်သည့်လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ကြောက်လန့်အောင် မပြုမှုခဲ့တဲ့အပြင် လူတွေရဲ့နေအိမ်ကိုဖျက်ဆီးခဲ့ခြင်းမျိုးလည်းမရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။

ထို့နောက် ဆင်မကြီးဟာ နာကျင်လွန်းလို့သူမရဲ့ ပါးစပ် နှင့် နှာမောင်းကို မြစ်ချောင်းအတွင်း၌ စိမ်ထားခဲ့ပြီး ပူလောင်နာကျင်သည့်ဒဏ်ကို သက်သာအောင်ပြုလုပ်ခဲ့ပုံရပါတယ် ။ ကယ်ဆယ်ရေးအသင်းများက ဆင်မကြီးကို မြစ်ချောင်းကနေခေါ်ထုတ်ပြီး ကုသပေးဖို့ကြိုးစားခဲ့ပေမဲ့လည်း ဆင်မကြီးဟာ သူ၏အခြေအနေကိုသိရှိခဲ့ပုံရပြီး မြစ်ချောင်းထဲကနေ မထွက်တော့ပဲ ညနေ 4နာရီအချိန်ခန့်မှာတော့ ဆင်မကြီးဟာ မြစ်ချောင်းအတွင်း၌သာ ရပ်လျက်အနေအထားဖြင့်သာ သေဆုံးသွားခဲ့ပါတယ် ။ လူတွေရဲ့ ရက်စက်လွန်းတဲ့လုပ်ရက်တွေကြောင့် ကိုယ်ဝန်ဆောင်ဆင်မကြီးရဲ့အဖြစ်ဟာ အတော်လေးကိုသနားဖွယ်ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment