အလုပ္လက္မဲ့ျဖစ္သြားခဲ႔လို႔ အစာအငတ္ခံၿပီး 93ႏွစ္အရြယ္မိခင္ ႏွင့္ အစ္မျဖစ္သူတို႔ကို ေကြၽးေမြးေစာင့္ေ႐ွာက္ေနတဲ့ အဘိုးအို

ယခုလို ခက္ခဲလြန္တဲ့အခ်ိန္ကာလေတြမွာ အခ်ိဳ႕ေသာသူေတြဟာ အလုပ္လက္မဲ့ျဖစ္သြားခဲ့ရတဲ့အျပင္ ၊ အလုပ္သစ္႐ွာေဖြဖို႔လည္း အလြန္ခက္ခဲေနၾကတာပါ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံမွ ဦးေလးႀကီးတစ္ေယာက္ဟာ အသက္ 93ႏွစ္အရြယ္မိခင္ ႏွင့္ အစ္မျဖစ္သူတို႔ကို ျပဳစုေစာင့္ေ႐ွာက္ေနခဲ့ရတဲ့အျပင္ ၊ ကပ္ေရာဂါအေျခအေနေၾကာင့္ စားေသာက္ဆိုင္မွာပန္ကန္ေဆးရတဲ့ အလုပ္ကေနထြက္ခဲ့ရၿပီး အလုပ္လက္မဲ့ျဖစ္ခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ ဦးေလးႀကီးဟာ ကိုယ္တိုင္အစာအငတ္ခံၿပီး သူ႔ရဲ႕မိသားစုဝင္ေတြကို ေကြၽးေမြးေစာင့္ေ႐ွာက္ေနခဲ့ရတဲ့အျဖစ္ဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔လာခဲ့ပါတယ္ ။

အိမ္နီးခ်င္းမ်ားက ဘတ္စ္ကားမွတ္တိုင္မွာ အေတာ္ေလးအားနည္းေဖ်ာ့ေတာ့ေနတဲ့ ဦးေလးႀကီးရဲ႕အေျခအေနကိုေတြ႔႐ွိခဲ့ၿပီးေနာက္ NGO သို႔သတိေပးအေၾကာင္းၾကားေပးခဲ့ပါတယ္ ။ ဦးေလးႀကီးဟာ ဘူးခြံေတြ၊ အျခားျပန္လည္ေရာင္းခ်လို႔ရတဲ့ recycle ပစၥည္းေတြကို လိုက္လံ႐ွာေဖြေကာက္ယူခဲ့ၿပီးေနာက္ အသြားအလာသန္႔သတ္မႈေတြကိုေျဖေလ်ာ့ေပးခဲ့တဲ့ June 2 ရက္ေန႔ကမွ အဆိုပါပစၥည္းေတြကို ေရာင္းခ်ခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ဦးေလးႀကီးဟာ အစိုးရထံမွ ေထာက္ပံ့စရိတ္ေတြရ႐ွိခဲ့ေပမဲ့လည္း မိခင္ျဖစ္သူကိုၾကည့္႐ႈေစာင့္ေ႐ွာက္ေပးဖို႔ အဆိုပါေငြေတြကို အစ္မျဖစ္သူအားေပးအပ္ခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ အခ်ိဳ႕ေသာေန႔ေတြမွာဆိုရင္ ဦးေလးႀကီးဟာ ပိုက္ဆံေတြပိုစုမိေအာင္ ဆာေလာင္မႈဒဏ္ကို ေရေသာက္၍သာ ေျဖသိမ့္ခဲ့ေၾကာင္းလည္း ေျပာျပခဲ့ပါေသးတယ္ ။ ဒါေၾကာင့္ ယခုလိုအခ်ိန္ကာလမွာ လိုအပ္သူေတြကို ေဖးမကူညီျခင္းဟာ အေတာ္ေလးကိုေကာင္းမြန္တဲ့လုပ္ရပ္ျဖစ္တဲ့အတြက္ လိုအပ္သူေတြကို တတ္ႏိုင္သေလာက္ကူညီေပးၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလို ခက်ခဲလွန်တဲ့အချိန်ကာလတွေမှာ အချို့သောသူတွေဟာ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရတဲ့အပြင် ၊ အလုပ်သစ်ရှာဖွေဖို့လည်း အလွန်ခက်ခဲနေကြတာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှ ဦးလေးကြီးတစ်ယောက်ဟာ အသက် 93နှစ်အရွယ်မိခင် နှင့် အစ်မဖြစ်သူတို့ကို ပြုစုစောင့်ရှောက်နေခဲ့ရတဲ့အပြင် ၊ ကပ်ရောဂါအခြေအနေကြောင့် စားသောက်ဆိုင်မှာပန်ကန်ဆေးရတဲ့ အလုပ်ကနေထွက်ခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ် ။ ထို့ကြောင့် ဦးလေးကြီးဟာ ကိုယ်တိုင်အစာအငတ်ခံပြီး သူ့ရဲ့မိသားစုဝင်တွေကို ကျွေးမွေးစောင့်ရှောက်နေခဲ့ရတဲ့အဖြစ်ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးပျံ့နှံ့လာခဲ့ပါတယ် ။

အိမ်နီးချင်းများက ဘတ်စ်ကားမှတ်တိုင်မှာ အတော်လေးအားနည်းဖျော့တော့နေတဲ့ ဦးလေးကြီးရဲ့အခြေအနေကိုတွေ့ရှိခဲ့ပြီးနောက် NGO သို့သတိပေးအကြောင်းကြားပေးခဲ့ပါတယ် ။ ဦးလေးကြီးဟာ ဘူးခွံတွေ၊ အခြားပြန်လည်ရောင်းချလို့ရတဲ့ recycle ပစ္စည်းတွေကို လိုက်လံရှာဖွေကောက်ယူခဲ့ပြီးနောက် အသွားအလာသန့်သတ်မှုတွေကိုဖြေလျော့ပေးခဲ့တဲ့ June 2 ရက်နေ့ကမှ အဆိုပါပစ္စည်းတွေကို ရောင်းချခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

ဦးလေးကြီးဟာ အစိုးရထံမှ ထောက်ပံ့စရိတ်တွေရရှိခဲ့ပေမဲ့လည်း မိခင်ဖြစ်သူကိုကြည့်ရှုစောင့်ရှောက်ပေးဖို့ အဆိုပါငွေတွေကို အစ်မဖြစ်သူအားပေးအပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ အချို့သောနေ့တွေမှာဆိုရင် ဦးလေးကြီးဟာ ပိုက်ဆံတွေပိုစုမိအောင် ဆာလောင်မှုဒဏ်ကို ရေသောက်၍သာ ဖြေသိမ့်ခဲ့ကြောင်းလည်း ပြောပြခဲ့ပါသေးတယ် ။ ဒါကြောင့် ယခုလိုအချိန်ကာလမှာ လိုအပ်သူတွေကို ဖေးမကူညီခြင်းဟာ အတော်လေးကိုကောင်းမွန်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် လိုအပ်သူတွေကို တတ်နိုင်သလောက်ကူညီပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment