Food Delivery လုပ္ရင္းနဲ႔ 3ႏွစ္အရြယ္သားေလးကိုပါေခၚၿပီး ႐ုန္းကန္ေနရတဲ့ Single ဖခင္တစ္ေယာက္ရဲ႕အျဖစ္

မိဘေတြကေတာ့ ကိုယ့္ရဲ႕သားသမီးကို အေကာင္းမြန္ဆံုးဘဝကို ေပးခ်င္ၾကတာပါပဲေလ ။ သို႔ေပမဲ့လည္း ယခုလို ကာလအခ်ိန္မွာေတာ့ လူအေတာ္မ်ားမ်ားဟာ ၎တို႔ရဲ႕ပံုမွန္ဝင္ေငြအလုပ္ကိုဆံုး႐ႈံးလိုက္ရလို႔ ၊ မိသားစုကို ျပန္ၿပီးေထာက္ပံ့ေပးဖို႔ အခက္အခဲၾကံဳေတြ႔ေနရတာပါ ။ ဒီတစ္ေခါက္မွာလည္း ထိုင္ဝမ္က အသက္ 24 ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးဟာ သူ၏3ႏွစ္အရြယ္သားေလးကို ေကြၽးေမြးေထာက္ပံ့ေပးႏိုင္ဖို႔ တစ္ရက္ကို အလုပ္အကိုင္ 2ခုလုပ္ကိုင္ေနရၿပီး ၊ ၎တို႔သားအဖ ႏွစ္ဦးရဲ႕ဓာတ္ပံုကို အခ်ိဳ႕ေသာသူေတြက အင္တာနက္ေပၚမွာ ေဝမ်ွရင္းနဲ႔ သားအဖႏွစ္ေယာက္ရဲ႕အျဖစ္ဟာ အေတာ္ေလးကိုလူေျပာမ်ားေနလ်က္႐ွိပါတယ္ ။

Lin အမည္႐ွိတဲ့အဆိုပါအမ်ိဳးသားဟာ မနက္ 8:30 ကေန ညေန 5:30 အထိ ေဆာက္လုပ္ေရးလုပ္ငန္းမွာ အလုပ္ဝင္ခဲ့ၿပီး ၊ ေနာက္ထပ္ အခ်ိန္ပိုင္းအလုပ္ျဖစ္တဲ့ Food delivery အလုပ္ကိုေတာ့ ညေန 6နာရီ ကေန ည 10နာရီအထိ တစ္ခါတစ္ေလ ညနက္တဲ့အထိ လုပ္ကိုင္ေလ့႐ွိပါတယ္ ။ ထို႔ေၾကာင့္ Lin ဟာ တစ္ေန႔ကို ပံုမွန္ 13 နာရီခန္႔အထိ အလုပ္လုပ္ကိုင္ေနရသူျဖစ္ပါတယ္ ။ အခ်ိဳ႕ေန႔ေတြမွာဆိုရင္ ေနအိမ္မွာ သားငယ္ေလးကိုၾကည့္႐ႈေပးမဲ့သူမ႐ွိတဲ့အခ်ိန္ေတြမွာဆိုရင္ သားငယ္ေလးကို Food delivery လုိက္ပို႔ရင္ အတူေခၚသြားေလ့႐ွိၿပီး ၊ သားငယ္ေလးဟာ Lin ရဲ႕အေနာက္ဖက္မွာထိုင္ေလ့႐ွိေပမယ့္လည္း ခဏေလးနဲ႔အိပ္ေမာက်သြားေလ့႐ွိေသာေၾကာင့္ ဆိုင္ကယ္ေပၚကေနျပဳတ္က်မည္ဆိုးၿပီး ေနာက္ပိုင္းသူ၏အေ႐ွ႕ဖက္တြင္သာ အတူထိုင္ခိုင္းေလ့႐ွိေၾကာင္း အင္တာဗ်ဴ တစ္ခုမွာ ေျဖဆိုသြားခဲ့ပါတယ္ ။

တစ္ခါတစ္ေလမွာ ပို႔ေပးရမဲ့ ေသာက္စရာေဖ်ာ္ရည္ေတြမ်ားလြန္းတဲ့အခ်ိန္မွာေတာ့ သားေလးက ကူသယ္ေပးေလ့႐ွိၿပီး ၊ တစ္ခါတစ္ေလ သားေလး စိတ္ဆိုးၿပီးက်ီက်တဲ့အခ်ိန္ေတြမွာေတာ့ ခ်ိဳခ်ဥ္ေလးေပးၿပီး ေခ်ာ့ေမာ့ရေၾကာင္း ဖခင္ျဖစ္သူ Lin ကေျပာျပခဲ့ပါတယ္ ။ Lin ဟာ ဇနီးျဖစ္သူအိမ္ကေနထြက္သြားၿပီးေနာက္ပိုင္း သားငယ္ေလးကို တစ္ေယာက္တည္းသာ ေကြၽးေမြးေစာင့္ေ႐ွာက္ေနတဲ့ Single ဖခင္တစ္ဦးျဖစ္ခဲ့ပါတယ္ ။ Lin ဟာ အလုပ္ေတြေၾကာင့္ ပင္ပန္းလြန္းေပမဲ့လည္း သားေလးရဲ႕ရယ္ျပံဳးေနတဲ့မ်က္ႏွာေလးကို ျမင္ရရင္ျဖင့္ ပင္ပန္းမႈေတြ ၊ ပူပန္မႈေတြ ေပ်ာက္ဆံုးသြားၿပီး သူ၏ႀကိဳးစားမႈေတြ အရာထင္သြားတယ္လို႔ခံစားရေၾကာင္း ေျပာျပသြားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘတွေကတော့ ကိုယ့်ရဲ့သားသမီးကို အကောင်းမွန်ဆုံးဘဝကို ပေးချင်ကြတာပါပဲလေ ။ သို့ပေမဲ့လည်း ယခုလို ကာလအချိန်မှာတော့ လူအတော်များများဟာ ၎င်းတို့ရဲ့ပုံမှန်ဝင်ငွေအလုပ်ကိုဆုံးရှုံးလိုက်ရလို့ ၊ မိသားစုကို ပြန်ပြီးထောက်ပံ့ပေးဖို့ အခက်အခဲကြုံတွေ့နေရတာပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်က အသက် 24 နှစ်အရွယ်အမျိုးသားတစ်ဦးဟာ သူ၏3နှစ်အရွယ်သားလေးကို ကျွေးမွေးထောက်ပံ့ပေးနိုင်ဖို့ တစ်ရက်ကို အလုပ်အကိုင် 2ခုလုပ်ကိုင်နေရပြီး ၊ ၎င်းတို့သားအဖ နှစ်ဦးရဲ့ဓာတ်ပုံကို အချို့သောသူတွေက အင်တာနက်ပေါ်မှာ ဝေမျှရင်းနဲ့ သားအဖနှစ်ယောက်ရဲ့အဖြစ်ဟာ အတော်လေးကိုလူပြောများနေလျက်ရှိပါတယ် ။

Lin အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ မနက် 8:30 ကနေ ညနေ 5:30 အထိ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်ဝင်ခဲ့ပြီး ၊ နောက်ထပ် အချိန်ပိုင်းအလုပ်ဖြစ်တဲ့ Food delivery အလုပ်ကိုတော့ ညနေ 6နာရီ ကနေ ည 10နာရီအထိ တစ်ခါတစ်လေ ညနက်တဲ့အထိ လုပ်ကိုင်လေ့ရှိပါတယ် ။ ထို့ကြောင့် Lin ဟာ တစ်နေ့ကို ပုံမှန် 13 နာရီခန့်အထိ အလုပ်လုပ်ကိုင်နေရသူဖြစ်ပါတယ် ။ အချို့နေ့တွေမှာဆိုရင် နေအိမ်မှာ သားငယ်လေးကိုကြည့်ရှုပေးမဲ့သူမရှိတဲ့အချိန်တွေမှာဆိုရင် သားငယ်လေးကို Food delivery လိုက်ပို့ရင် အတူခေါ်သွားလေ့ရှိပြီး ၊ သားငယ်လေးဟာ Lin ရဲ့အနောက်ဖက်မှာထိုင်လေ့ရှိပေမယ့်လည်း ခဏလေးနဲ့အိပ်မောကျသွားလေ့ရှိသောကြောင့် ဆိုင်ကယ်ပေါ်ကနေပြုတ်ကျမည်ဆိုးပြီး နောက်ပိုင်းသူ၏အရှေ့ဖက်တွင်သာ အတူထိုင်ခိုင်းလေ့ရှိကြောင်း အင်တာဗျူ တစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ် ။

တစ်ခါတစ်လေမှာ ပို့ပေးရမဲ့ သောက်စရာဖျော်ရည်တွေများလွန်းတဲ့အချိန်မှာတော့ သားလေးက ကူသယ်ပေးလေ့ရှိပြီး ၊ တစ်ခါတစ်လေ သားလေး စိတ်ဆိုးပြီးကျီကျတဲ့အချိန်တွေမှာတော့ ချိုချဉ်လေးပေးပြီး ချော့မော့ရကြောင်း ဖခင်ဖြစ်သူ Lin ကပြောပြခဲ့ပါတယ် ။ Lin ဟာ ဇနီးဖြစ်သူအိမ်ကနေထွက်သွားပြီးနောက်ပိုင်း သားငယ်လေးကို တစ်ယောက်တည်းသာ ကျွေးမွေးစောင့်ရှောက်နေတဲ့ Single ဖခင်တစ်ဦးဖြစ်ခဲ့ပါတယ် ။ Lin ဟာ အလုပ်တွေကြောင့် ပင်ပန်းလွန်းပေမဲ့လည်း သားလေးရဲ့ရယ်ပြုံးနေတဲ့မျက်နှာလေးကို မြင်ရရင်ဖြင့် ပင်ပန်းမှုတွေ ၊ ပူပန်မှုတွေ ပျောက်ဆုံးသွားပြီး သူ၏ကြိုးစားမှုတွေ အရာထင်သွားတယ်လို့ခံစားရကြောင်း ပြောပြသွားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment