ဖခင္နဲ႔အတူဓာတ္ပံု႐ိုက္ၿပီး မၾကာခင္မွာပဲ အျဖစ္ဆိုးနဲ႔ ေသဆံုးသြားခဲ့ၾကတဲ့ သား 3ေယာက္ရဲ႕အျဖစ္

မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အသက္ 64ႏွစ္အရြယ္ ၊ Mohd Ramli အမည္႐ွိတဲ့ သားသမီး 8ေယာက္ရဲ႕ဖခင္ဟာ ၿပီးခဲ့တဲ့ရက္က သားလူပ်ိဳ 3ေယာက္လံုးကို တစ္ခ်ိန္တည္း ဆံုး႐ႈံးလိုက္ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ သား3ေယာက္ဟာ Sungai Terenggan ျမစ္အတြင္းမွာ ေရနစ္ေသဆံုးခဲ့ၾကတာျဖစ္ပါတယ္ ။ ဖခင္ျဖစ္သူက ေနအိမ္ကေန 200metres အကြာအေဝးသာ႐ွိတဲ့ အဆိုပါျမစ္အတြင္းသို႔ ေရမကူးၾကရန္ အႏၱာရာယ္မ်ားလြန္းေၾကာင္း သားျဖစ္သူေတြကိုအႀကိမ္ႀကိမ္ဆံုးမခဲ့ေပမဲ့လည္း ယခုလိုသတင္းမ်ိဳးၾကားလိုက္ရတဲ့အတြက္ ဖခင္ျဖစ္သူမွာ လံုးဝမယံုႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ရပါတယ္ ။ သား 3ေယာက္ရဲ႕ ႐ုပ္အေလာင္းကိုေတာ့ Mayလ 28 ရက္ေန့မွာ ေတြ႔႐ွိခဲ့တာျဖစ္ၿပီး ၊ Umar Iskandar အသက္ 21ႏွစ္ ၊ Khairil Firdaus အသက္ 17 ႏွစ္ ႏွင့္ Khalif Naim အသက္ 15ႏွစ္တို႔ကို ျမစ္တစ္ေလ်ွာက္ 100metres အကြာအေဝးခန္႔စီမွာေတြ႕႐ွိခဲ့တာျဖစ္ပါတယ္ ။

ဖခင္ျဖစ္သူမွာေတာ့ ေနအိမ္သို႔ရြာသားေတြလာေခၚစဥ္အခ်ိန္က သူ၏အုန္သီးေတြအခိုးခံလိုက္ရလို႔သာ ေတြးထင္ေနခဲ့ေပမဲ့လည္း ျမစ္ကမ္းပါးဆီသို႔ေရာက္သြားတဲ့အခ်ိန္မွာေတာ့ သားျဖစ္သူေတြရဲ႕အသံုးအေဆာင္ပစၥည္းေတြျဖစ္တဲ့ ဖိနပ္ ၊ အဝတ္အစား ႏွင့္ ဖုန္းေတြကို ေတြ႔႐ွိခဲ့ၿပီး သားျဖစ္သူေတြရဲ႕အေလာင္းကိုမေတြ႔႐ွိရေသးေပမဲ့လည္း သားျဖစ္သူေတြေရနစ္ၿပီးေပ်ာက္ဆံုးေနတာကို သိ႐ွိသြားခဲ့ပါေတာ့တယ္ ။

ဖခင္ျဖစ္သူကေတာ့ သားေတြမေသဆံုးခင္အခ်ိန္က ထူးဆန္းတဲ့အမူအက်င့္ေတြကိုျပသခဲ့ျခင္းမ်ိဳးမ႐ွိေပမဲ့လည္း ႐ိုးရာဝတ္စံုဆင္တူဝတ္ဆင္ၿပီး ဖခင္ႏွင့္အတူဓာတ္ပံု႐ိုက္ခ်င္ေၾကာင္း သား3ေယာက္ကေတာင္းဆိုခဲ့ေၾကာင္း နွင့္ သူတို႔တစ္ခုခု သိေနသလိုပဲ ဆိုၿပီး ဖခင္ျဖစ္သူမွ ေၾကကြဲဝမ္းနည္းစြာေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 64နှစ်အရွယ် ၊ Mohd Ramli အမည်ရှိတဲ့ သားသမီး 8ယောက်ရဲ့ဖခင်ဟာ ပြီးခဲ့တဲ့ရက်က သားလူပျို 3ယောက်လုံးကို တစ်ချိန်တည်း ဆုံးရှုံးလိုက်ရပါတယ် ။ ဖြစ်စဉ်ကတော့ သား3ယောက်ဟာ Sungai Terenggan မြစ်အတွင်းမှာ ရေနစ်သေဆုံးခဲ့ကြတာဖြစ်ပါတယ် ။ ဖခင်ဖြစ်သူက နေအိမ်ကနေ 200metres အကွာအဝေးသာရှိတဲ့ အဆိုပါမြစ်အတွင်းသို့ ရေမကူးကြရန် အန္တာရာယ်များလွန်းကြောင်း သားဖြစ်သူတွေကိုအကြိမ်ကြိမ်ဆုံးမခဲ့ပေမဲ့လည်း ယခုလိုသတင်းမျိုးကြားလိုက်ရတဲ့အတွက် ဖခင်ဖြစ်သူမှာ လုံးဝမယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ် ။ သား 3ယောက်ရဲ့ ရုပ်အလောင်းကိုတော့ Mayလ 28 ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၊ Umar Iskandar အသက် 21နှစ် ၊ Khairil Firdaus အသက် 17 နှစ် နှင့် Khalif Naim အသက် 15နှစ်တို့ကို မြစ်တစ်လျှောက် 100metres အကွာအဝေးခန့်စီမှာတွေ့ရှိခဲ့တာဖြစ်ပါတယ် ။

ဖခင်ဖြစ်သူမှာတော့ နေအိမ်သို့ရွာသားတွေလာခေါ်စဉ်အချိန်က သူ၏အုန်သီးတွေအခိုးခံလိုက်ရလို့သာ တွေးထင်နေခဲ့ပေမဲ့လည်း မြစ်ကမ်းပါးဆီသို့ရောက်သွားတဲ့အချိန်မှာတော့ သားဖြစ်သူတွေရဲ့အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဖိနပ် ၊ အဝတ်အစား နှင့် ဖုန်းတွေကို တွေ့ရှိခဲ့ပြီး သားဖြစ်သူတွေရဲ့အလောင်းကိုမတွေ့ရှိရသေးပေမဲ့လည်း သားဖြစ်သူတွေရေနစ်ပြီးပျောက်ဆုံးနေတာကို သိရှိသွားခဲ့ပါတော့တယ် ။

ဖခင်ဖြစ်သူကတော့ သားတွေမသေဆုံးခင်အချိန်က ထူးဆန်းတဲ့အမူအကျင့်တွေကိုပြသခဲ့ခြင်းမျိုးမရှိပေမဲ့လည်း ရိုးရာဝတ်စုံဆင်တူဝတ်ဆင်ပြီး ဖခင်နှင့်အတူဓာတ်ပုံရိုက်ချင်ကြောင်း သား3ယောက်ကတောင်းဆိုခဲ့ကြောင်း နှင့် သူတို့တစ်ခုခု သိနေသလိုပဲ ဆိုပြီး ဖခင်ဖြစ်သူမှ ကြေကွဲဝမ်းနည်းစွာပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment