အိမ္သာေပါက္ထဲ ကြၽံက် ၿပီး ညပ္မိေနခဲ့တဲ့ အဘြားအိုရဲ႕အျဖစ္

အိမ္သာတက္ရင္း မေတာ္တဆေျခကြၽံက်သြားတာကေတာ့ လူအေတာ္မ်ားမ်ားျဖစ္ဖူးၾကမွာပါ ။ သို႔ေပမဲ့လည္း ၿပီးခဲ့တဲ့ June 3 ရက္ေန႔က မေလး႐ွားႏိုင္ငံမွ အမ်ိဳးသမီးႀကီးတစ္ေယာက္ဟာ ေဆာင့္ေၾကာင့္ထိုင္အိမ္သာေပါက္ထဲ ကြၽံက်သြားခဲ့လို႔ မီးသတ္တပ္ဖြဲ႔ကလာေရာက္ၿပီး ကူညီကယ္ဆယ္ေပးခဲ့ရပါတယ္ ။ အဆိုပါအမ်ိဳးသမီးႀကီးဟာ အသက္ 50 ေက်ာ္ဝန္းက်င္ခန္႔႐ွိၿပီး ၊ ေနအိမ္တြင္သာေနထိုင္တဲ့ စိတ္က်န္းမာေရးကုသမႈခံယူေနရတဲ့လူနာတစ္ေယာက္လည္းျဖစ္ပါတယ္ ။ အဆိုပါေန႔က သူမဟာ အိမ္သာတက္ျခင္းေၾကာင္းေျပာၿပီးေနာက္ ႐ုတ္တရက္ ေျခေခ်ာ္သြားခဲ့ပါတယ္ ။ ထို႔ေနာက္ သူမရဲ႕ေျခေထာက္ႏွစ္ဖက္လံုးဟာ ရက္အနည္းငယ္အၾကာက ကြဲအက္ေနၿပီျဖစ္တဲ့ အိမ္သာေပါက္ထဲသို႔ကြၽံက်သြားခဲ့ၿပီး သူမရဲ႕ခႏၶာကိုယ္ေအာက္ပိုင္းတစ္ခုလံုး အိမ္သာေပါက္မွာညပ္မိေနခဲ့ပါတယ္ ။

သူမရဲ႕အျဖစ္ကို အိမ္အကူတစ္ေယာက္က ေတြ႔ျမင္သြားခဲ့ၿပီးေနာက္ ကယ္ဆယ္ေရးအသင္းကိုအလ်င္အျမန္အေၾကာင္းၾကားခဲ့ပါတယ္ ။ ကယ္ဆယ္ေရးအဖြဲ႔က ည 8:53 မိနစ္ခန္႔မွာ တိုင္ၾကားမႈကို လက္ခံရ႐ွိခဲ့ၿပီးေနာက္ ၊ ကယ္ဆယ္ေရးအဖြဲ႔ 7ဦးကို ေစလြတ္ခဲ့ပါတယ္ ။ အဆိုပါ အမ်ိဳးသမီးႀကီးကို မကယ္ထုတ္ခင္အခ်ိန္မွာေတာ့ သူမရဲ႕ေဘးပတ္ပတ္လည္႐ွိ အိမ္သာေပါက္ကို အရင္ၿဖိဳခြဲၿပီးမွ သူမကိုကယ္ထုတ္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

လက္႐ွိအခ်ိန္မွာေတာ့ အဆိုပါအမ်ိဳးသမီးႀကီးကို Melaka ေဆးရံုသို႔ပို႔ေဆာင္းထားခဲ့ၿပီး ၊ ခႏၶာကိုယ္ရဲ႕အျပင္ပိုင္း ထိခိုက္ဒဏ္ရာအနည္းငယ္အတြက္ ကုသမႈခံယူေနရလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိမ်သာတက်ရင်း မတော်တဆခြေကျွံကျသွားတာကတော့ လူအတော်များများဖြစ်ဖူးကြမှာပါ ။ သို့ပေမဲ့လည်း ပြီးခဲ့တဲ့ June 3 ရက်နေ့က မလေးရှားနိုင်ငံမှ အမျိုးသမီးကြီးတစ်ယောက်ဟာ ဆောင့်ကြောင့်ထိုင်အိမ်သာပေါက်ထဲ ကျွံကျသွားခဲ့လို့ မီးသတ်တပ်ဖွဲ့ကလာရောက်ပြီး ကူညီကယ်ဆယ်ပေးခဲ့ရပါတယ် ။ အဆိုပါအမျိုးသမီးကြီးဟာ အသက် 50 ကျော်ဝန်းကျင်ခန့်ရှိပြီး ၊ နေအိမ်တွင်သာနေထိုင်တဲ့ စိတ်ကျန်းမာရေးကုသမှုခံယူနေရတဲ့လူနာတစ်ယောက်လည်းဖြစ်ပါတယ် ။ အဆိုပါနေ့က သူမဟာ အိမ်သာတက်ခြင်းကြောင်းပြောပြီးနောက် ရုတ်တရက် ခြေချော်သွားခဲ့ပါတယ် ။ ထို့နောက် သူမရဲ့ခြေထောက်နှစ်ဖက်လုံးဟာ ရက်အနည်းငယ်အကြာက ကွဲအက်နေပြီဖြစ်တဲ့ အိမ်သာပေါက်ထဲသို့ကျွံကျသွားခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အိမ်သာပေါက်မှာညပ်မိနေခဲ့ပါတယ် ။

သူမရဲ့အဖြစ်ကို အိမ်အကူတစ်ယောက်က တွေ့မြင်သွားခဲ့ပြီးနောက် ကယ်ဆယ်ရေးအသင်းကိုအလျင်အမြန်အကြောင်းကြားခဲ့ပါတယ် ။ ကယ်ဆယ်ရေးအဖွဲ့က ည 8:53 မိနစ်ခန့်မှာ တိုင်ကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ၊ ကယ်ဆယ်ရေးအဖွဲ့ 7ဦးကို စေလွတ်ခဲ့ပါတယ် ။ အဆိုပါ အမျိုးသမီးကြီးကို မကယ်ထုတ်ခင်အချိန်မှာတော့ သူမရဲ့ဘေးပတ်ပတ်လည်ရှိ အိမ်သာပေါက်ကို အရင်ဖြိုခွဲပြီးမှ သူမကိုကယ်ထုတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

လက်ရှိအချိန်မှာတော့ အဆိုပါအမျိုးသမီးကြီးကို Melaka ဆေးရုံသို့ပို့ဆောင်းထားခဲ့ပြီး ၊ ခန္ဓာကိုယ်ရဲ့အပြင်ပိုင်း ထိခိုက်ဒဏ်ရာအနည်းငယ်အတွက် ကုသမှုခံယူနေရလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment