စည္းကမ္းတင္းၾကပ္လြန္းတဲ့မိခင္ကို မခံႏိုင္ေတာ့လို႔ဆိုၿပီးသတ္ပစ္ခဲ့တဲ့ 15ႏွစ္အရြယ္သမီးေလး

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 45ႏွစ္အရြယ္ Single မိခင္တစ္ဦးဟာ ဆယ္ေက်ာ္သက္အရြယ္ သမီးရဲ႕သတ္ျဖတ္ျခင္းကိုခံခဲ့ရပါတယ္ ။ 15 ႏွစ္အရြယ္သမီးေလးဟာ မိခင္ျဖစ္သူကိုျပန္သတ္ခဲ့တဲ့အျပင္ ၊ မိခင္ရဲ႕႐ုပ္အေလာင္းကို ခရီးေဆာင္အိတ္ထဲထည့္ၿပီး ပိတ္ေလွာင္ထားခဲ့ပါေသးတယ္ ။ Zhang အမည္႐ွိတဲ့မိခင္ဟာ တ႐ုတ္ျပည္အေ႐ွ႕ဖက္ျခမ္း Shandong ျပည္နယ္မွ ေ႐ွ႕ေနတစ္ဦးျဖစ္တဲ့အျပင္ သူမရဲ႕ေသဆံုးမႈကို Mayလ 23 ရက္ေန႔ကမွ ႐ွာေဖြေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။ သမီးျဖစ္သူမွာေတာ့ အထက္တန္းအရြယ္ေက်ာင္းသူတစ္ဦးျဖစ္တဲ့အျပင္ ဆက္လက္ၿပီးစံုစမ္းစစ္ေဆးဖို႔အတြက္ ရဲစခန္းတြင္ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရေၾကာင္း သိ႐ွိရပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ေျပာၾကားခ်က္အရ မိခင္ျဖစ္သူဟာ သမီးအေပၚစည္းကမ္းတင္းၾကပ္လြန္းတဲ့အတြက္ သူမတို႔သားအမိၾကား မၾကာခဏသေဘာထားကြဲလြဲၿပီး ရန္ျဖစ္စကားမ်ားေလ့႐ွိေၾကာင္းသိ႐ွိရပါတယ္ ။

Zhang ဟာ သမီးျဖစ္သူ 3ႏွစ္သားအရြယ္ကတည္းက ခင္ပြန္းႏွင့္ကြာ႐ွင္ျပတ္ဆဲခဲ့တာျဖစ္ၿပီး ၊ ထိုအခ်ိန္မွစၿပီး သူမတစ္ဦးတည္းက သမီးကိုတာဝန္ယူၿပီးေကြၽးေမြးေစာင့္ေ႐ွာက္ခဲ့တာျဖစ္ပါတယ္ ။ Zhang ရဲ႕သူငယ္ခ်င္းျဖစ္သူေတြေျပာျပခ်က္အရ သူမဟာ သမီးျဖစ္သူရဲ႕ပညာေရးကိုအေတာ္ေလးဂ႐ုစိုက္ၿပီး ၊ သမီးကို ေက်ာင္းသို႔ အႀကိဳ ၊ အပို႔ ေန႔တိုင္းျပဳလုပ္ေပးလ်က္႐ွိေၾကာင္း ေျပာျပခဲ့ပါတယ္ ။ ထို႔အျပင္ Zhang ဟာ ေ႐ွ႕ေနမျဖစ္ခင္အခ်ိန္က ေက်ာင္းဆရာမျဖစ္ဖူးခဲ့၍ သူမသမီးအေပၚ ေဒါသမထြက္ဖူးတဲ့ ၾကင္နာတတ္တဲ့မိခင္ျဖစ္ေၾကာင္းလည္း သူမရဲ႕သူငယ္ခ်င္းေတြက ေျပာဆိုသြားခဲ့ပါေသးတယ္ ။

သို႔ေပမဲ့လည္း လူအမ်ားစုရဲ႕ေထာက္ျပခ်က္အရ single မိဘေတြနဲ႔ ေနထိုင္ရတဲ့ကေလးငယ္ေတြဟာဆိုရင္ အလုပ္မ်ားလြန္းတဲ့မိဘေတြေၾကာင့္ စိတ္ပိုင္းဆိုင္ရာေဝဒနာေတြခံစားရေလ့႐ွိၿပီး ေက်ာင္းပညာေရးေတြမွာ ကလန္ကဆန္လုပ္ၿပီး မိဘေတြကိုပုန္ကန္ျပေလ့႐ွိေၾကာင္း ေဝဖန္းေထာက္ျပခဲ့ၾကပါတယ္ ။ ေ႐ွ႕ေနေတြရဲ႕ေျပာၾကားခ်က္အရ 15 ႏွစ္အရြယ္သမီးေလးကို လူသတ္သမားအျဖစ္ တိက်ခိုင္လံုေသာသက္ေသျပႏိုင္ပါက ထိုက္တန္ေသာျပစ္ဒဏ္မ်ိဳးခ်မွတ္ခံရၿပီး ၊ ေလ်ာ့ေပါ့ေပးမႈမ်ိဳးမ႐ွိႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 45နှစ်အရွယ် Single မိခင်တစ်ဦးဟာ ဆယ်ကျော်သက်အရွယ် သမီးရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ် ။ 15 နှစ်အရွယ်သမီးလေးဟာ မိခင်ဖြစ်သူကိုပြန်သတ်ခဲ့တဲ့အပြင် ၊ မိခင်ရဲ့ရုပ်အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး ပိတ်လှောင်ထားခဲ့ပါသေးတယ် ။ Zhang အမည်ရှိတဲ့မိခင်ဟာ တရုတ်ပြည်အရှေ့ဖက်ခြမ်း Shandong ပြည်နယ်မှ ရှေ့နေတစ်ဦးဖြစ်တဲ့အပြင် သူမရဲ့သေဆုံးမှုကို Mayလ 23 ရက်နေ့ကမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ် ။ သမီးဖြစ်သူမှာတော့ အထက်တန်းအရွယ်ကျောင်းသူတစ်ဦးဖြစ်တဲ့အပြင် ဆက်လက်ပြီးစုံစမ်းစစ်ဆေးဖို့အတွက် ရဲစခန်းတွင်ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း သိရှိရပါတယ် ။ ရဲအရာရှိတွေရဲ့ပြောကြားချက်အရ မိခင်ဖြစ်သူဟာ သမီးအပေါ်စည်းကမ်းတင်းကြပ်လွန်းတဲ့အတွက် သူမတို့သားအမိကြား မကြာခဏသဘောထားကွဲလွဲပြီး ရန်ဖြစ်စကားများလေ့ရှိကြောင်းသိရှိရပါတယ် ။

Zhang ဟာ သမီးဖြစ်သူ 3နှစ်သားအရွယ်ကတည်းက ခင်ပွန်းနှင့်ကွာရှင်ပြတ်ဆဲခဲ့တာဖြစ်ပြီး ၊ ထိုအချိန်မှစပြီး သူမတစ်ဦးတည်းက သမီးကိုတာဝန်ယူပြီးကျွေးမွေးစောင့်ရှောက်ခဲ့တာဖြစ်ပါတယ် ။ Zhang ရဲ့သူငယ်ချင်းဖြစ်သူတွေပြောပြချက်အရ သူမဟာ သမီးဖြစ်သူရဲ့ပညာရေးကိုအတော်လေးဂရုစိုက်ပြီး ၊ သမီးကို ကျောင်းသို့ အကြို ၊ အပို့ နေ့တိုင်းပြုလုပ်ပေးလျက်ရှိကြောင်း ပြောပြခဲ့ပါတယ် ။ ထို့အပြင် Zhang ဟာ ရှေ့နေမဖြစ်ခင်အချိန်က ကျောင်းဆရာမဖြစ်ဖူးခဲ့၍ သူမသမီးအပေါ် ဒေါသမထွက်ဖူးတဲ့ ကြင်နာတတ်တဲ့မိခင်ဖြစ်ကြောင်းလည်း သူမရဲ့သူငယ်ချင်းတွေက ပြောဆိုသွားခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း လူအများစုရဲ့ထောက်ပြချက်အရ single မိဘတွေနဲ့ နေထိုင်ရတဲ့ကလေးငယ်တွေဟာဆိုရင် အလုပ်များလွန်းတဲ့မိဘတွေကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားရလေ့ရှိပြီး ကျောင်းပညာရေးတွေမှာ ကလန်ကဆန်လုပ်ပြီး မိဘတွေကိုပုန်ကန်ပြလေ့ရှိကြောင်း ဝေဖန်းထောက်ပြခဲ့ကြပါတယ် ။ ရှေ့နေတွေရဲ့ပြောကြားချက်အရ 15 နှစ်အရွယ်သမီးလေးကို လူသတ်သမားအဖြစ် တိကျခိုင်လုံသောသက်သေပြနိုင်ပါက ထိုက်တန်သောပြစ်ဒဏ်မျိုးချမှတ်ခံရပြီး ၊ လျော့ပေါ့ပေးမှုမျိုးမရှိနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment