မိုးေရထဲမွာ ေလးဖက္ကုန္းေလ်ွာက္ၿပီး အိမ္အေရာက္ျပန္ႏိုင္ဖို႔ႀကိဳးစားခဲ့တဲ့ အဘိုးအို (႐ုပ္သံ)

ၿပီးခဲ့တဲ့ May 26 ရက္ေန႔က မေလး႐ွားႏိုင္ငံ ၊ Sungai Siput ၿမိဳ႕မွာ ျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္ video ေလးဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးလူၾကည့္မ်ားေနခဲ့ၿပီး ၊ အေတာ္ေလး လူေျပာမ်ားေနတဲ့ အျဖစ္အပ်က္ေလးျဖစ္ခဲ့ပါတယ္ ။ Video ရဲ႕အစပိုင္းမွာေတာ့ အဘိုးအိုႀကီးတစ္ေယာက္ဟာ မိုးဖြဲေတြက်ေနတဲ့အခ်ိန္ လမ္းမႀကီးရဲ႕ေဘးမွာ ေလးဖက္ကုန္းေလးေလ်ွာက္ေနၿပီး အိမ္အေရာက္ျပန္ႏိုင္ဖို႔ႀကိဳးစားေနခဲ့ပါတယ္ ။ အဆိုပါ လမ္းမႀကီးေပၚမွာ ယာဥ္အသြားအလာေတြ အေတာ္ေလးမ်ားေနခဲ့ေပမဲ့လည္း မည္သူကမွ အဆိုပါအဘိုးအိုကို ေဖးမကူညီခဲ့ျခင္းမ်ိဳးမ႐ွိဘဲ ၊ ျဖတ္ေမာင္းသြားခဲ့ၾကပါတယ္ ။ ခဏအၾကာမွာေတာ့ ဆန္႔က်င္ဖက္လမ္းမွ ဆိုင္ကယ္သမားတစ္ဦးဟာ အဘိုးအိုကို ေတြ႔႐ွိခဲ့ၿပီး ဆိုင္ကယ္အ႐ွိန္ေလ်ာ့ကာ အဘိုးအိုဆီသို႔ အက်ိဳးအေၾကာင္းေမးျမန္းျပီး ကူညီရန္ေရာက္လာခဲ့ပါတယ္ ။

ဆိုင္ကယ္သမားကိုျမင္ေတြ႔လိုက္တဲ့အခ်ိန္မွ အဘိုးအိုဟာ အေတာ္ေလးကိုအားအင္ကုန္ခန္းသြားပံုရၿပီး ေျမျပင္ေပၚလဲက်သြားခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ဆိုင္ကယ္သမားဟာ အဘိုးအိုကိုအျမန္ေပြ႔ထူၿပီး မတ္တပ္ရပ္ႏိုင္ေအာင္ ဆြဲထူေပးခဲ့ပါတယ္ ။ ဆိုင္ကယ္သမား ႏွင့္ အဘိုးအို စကားေျပာေနၾကစဥ္ ကားတစ္စီးထပ္မံေရာက္႐ွိလာကာ အက်ိဳးအေၾကာင္းေမးျမန္းၿပီး အဘိုးအိုကို အိမ္သို႔ျပန္ပို႔ေပးဖို႔ ဆံုးျဖတ္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ဆိုင္ကယ္သမားမွာလည္း အဘိုးအိုကို ကားေပၚသို႔ တက္ႏိုင္ေအာင္ကူညီေပးခဲ့ၿပီး ဆိုင္ကယ္ျဖင့္ျပန္ထြက္သြားခဲ့ပါေတာ့တယ္ ။

အဆိုပါ video ကိုေတြ႔႐ွိၿပီး လူအမ်ားစုမွာေတာ့ အဆိုပါအျဖစ္အပ်က္ကိုျမင္ေတြ႔ေနေပမဲ့ မကူညီတဲ့ကင္မရာသမားကို အျပစ္တင္ေျပာဆိုခဲ့တဲ့အျပင္ ၊ အခ်ိဳ႕မွာေတာ့ video ကိုလူၾကည့္မ်ားေအာင္ သတ္သတ္မဲ့ ႐ိုက္ကူးေနတာျဖစ္ေၾကာင္း မ်ိဳးစံုေထာက္ျပေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ May 26 ရက်နေ့က မလေးရှားနိုင်ငံ ၊ Sungai Siput မြို့မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက် video လေးဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးလူကြည့်များနေခဲ့ပြီး ၊ အတော်လေး လူပြောများနေတဲ့ အဖြစ်အပျက်လေးဖြစ်ခဲ့ပါတယ် ။ Video ရဲ့အစပိုင်းမှာတော့ အဘိုးအိုကြီးတစ်ယောက်ဟာ မိုးဖွဲတွေကျနေတဲ့အချိန် လမ်းမကြီးရဲ့ဘေးမှာ လေးဖက်ကုန်းလေးလျှောက်နေပြီး အိမ်အရောက်ပြန်နိုင်ဖို့ကြိုးစားနေခဲ့ပါတယ် ။ အဆိုပါ လမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ အတော်လေးများနေခဲ့ပေမဲ့လည်း မည်သူကမှ အဆိုပါအဘိုးအိုကို ဖေးမကူညီခဲ့ခြင်းမျိုးမရှိဘဲ ၊ ဖြတ်မောင်းသွားခဲ့ကြပါတယ် ။ ခဏအကြာမှာတော့ ဆန့်ကျင်ဖက်လမ်းမှ ဆိုင်ကယ်သမားတစ်ဦးဟာ အဘိုးအိုကို တွေ့ရှိခဲ့ပြီး ဆိုင်ကယ်အရှိန်လျော့ကာ အဘိုးအိုဆီသို့ အကျိုးအကြောင်းမေးမြန်းပြီး ကူညီရန်ရောက်လာခဲ့ပါတယ် ။

ဆိုင်ကယ်သမားကိုမြင်တွေ့လိုက်တဲ့အချိန်မှ အဘိုးအိုဟာ အတော်လေးကိုအားအင်ကုန်ခန်းသွားပုံရပြီး မြေပြင်ပေါ်လဲကျသွားခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ဆိုင်ကယ်သမားဟာ အဘိုးအိုကိုအမြန်ပွေ့ထူပြီး မတ်တပ်ရပ်နိုင်အောင် ဆွဲထူပေးခဲ့ပါတယ် ။ ဆိုင်ကယ်သမား နှင့် အဘိုးအို စကားပြောနေကြစဉ် ကားတစ်စီးထပ်မံရောက်ရှိလာကာ အကျိုးအကြောင်းမေးမြန်းပြီး အဘိုးအိုကို အိမ်သို့ပြန်ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ထို့ကြောင့် ဆိုင်ကယ်သမားမှာလည်း အဘိုးအိုကို ကားပေါ်သို့ တက်နိုင်အောင်ကူညီပေးခဲ့ပြီး ဆိုင်ကယ်ဖြင့်ပြန်ထွက်သွားခဲ့ပါတော့တယ် ။

အဆိုပါ video ကိုတွေ့ရှိပြီး လူအများစုမှာတော့ အဆိုပါအဖြစ်အပျက်ကိုမြင်တွေ့နေပေမဲ့ မကူညီတဲ့ကင်မရာသမားကို အပြစ်တင်ပြောဆိုခဲ့တဲ့အပြင် ၊ အချို့မှာတော့ video ကိုလူကြည့်များအောင် သတ်သတ်မဲ့ ရိုက်ကူးနေတာဖြစ်ကြောင်း မျိုးစုံထောက်ပြဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment