စိတ်ကျရောဂါခံစားနေရတဲ့အကြောင့်ကိုရင်ဖွင့်မိခဲ့လို့ အဲ့အစားလူအများရှေ့မှာ အရှက်ခွဲခံလိုက်ရတဲ့ မိန်းကလေး

စိတ်ကျရောဂါခံစားနေရတယ်ဆိုတဲ့အရာဟာ လူ့အသိုင်းအဝိုင်တွေထဲမှာပျံနှံ့ လွယ်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ တော်ရုံတန်ရုံနဲ့တော့ အခြားသူတွေကိုပြောပြလေ့မရှိကြပါဘူး ။ ဒီနောက်ပိုင်းလူငယ်တွေအတော်များများမှာ သူတို့တွေခံစားနေရတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်တတ်ကြပါတယ် ။အမျိုးသမီးတစ်ယောက်ကတော့ သူ့ရဲ့စိတ်ကျရောဂါနှင့် ပက်သက်ပြီးရင်ဖွင့်ခဲ့တဲ့အတွေ့အကြုံကို သူမ၏ Twitter စာမျက်နှာမှာ ဝေမျှထားခဲ့ပါတယ် ။သူမရဲ့ စိတ်ကျန်းမာရေအခြေအနေတွေကို သူမတက်နေတဲ့တက္ကသိုလ်၏ counsellorနား ရင်ဖွင့်ခဲ့ပါတယ် ။ဒီလိုမျိုးရင်ဖွင့်ဖို့ကိုလည်း သူမဟာကြာရှည်စွာစဉ်းစားခဲ့ပြီးမှ နောက်ဆုံးမှာတော့ ဒီလိုရင်ဖွင့်တဲ့နည်းလမ်းနဲ့အကူအညီရနိုင်မယ်လို့ ထင်မှတ်ပြီးဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။သို့ပေမဲ့ ကံဆိုးစွာနဲ့ပဲ ကျင့်ဝတ်သိက္ခာမဲ့တဲ့အဆိုပါ counsellorကတော့ သူမ၏စိတ်ခံစားချက်အခြေအနေတွေကို အတန်းရှေ့မှာ မြင်သာအောင်ဖော်ထုတ်ခဲ့ပါတော့တယ် ။ Counsellor က သူမကိုအတန်းရှေ့တွင် ‘X, နင့်မှာအခုထိ စိတ်ဓာတ်ကျတာတွေရှိနေသေးလား ‘ ဆိုပြီးမေးမြန်းခဲ့ပါတယ် ။

သူမအသက် 13နှစ်ကတည်းက အချိန်ပြည့်ကြီးကြပ်ကွတ်ကဲစောင့်ကြည့်နေသည့် ကျောင်းမျိုးမှာ တက်ခဲ့ရတာဖြစ်ပါတယ် ။internet ကနေလည်းသူမကို စိတ်ဖြေဖျောက်နိုင်သည့်အရာမျိုးမတွေ့ ရှိခဲ့တဲ့အတွက် သူမ၏စိတ်ကျန်မာရေးအခြေအနေကို သက်သာအောင်ဘယ်လိုအကူအညီမျိုးရှာဖွေရမလဲဆိုတာ သူမလုံးဝမစဉ်းစားနိုင်တော့ပဲ နောက်ဆုံးမှာတော့ သူမတက်နေတဲ့ကျောင်းရဲ့counsellorဆီသို့ သွားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။သို့ပေမဲ့လည်း ကျောင်းcounsellor၏လုပ်ရပ်ကြောင့် သူမ၏အခြေအနေဟာလုံးဝကိုပိုမိုဆိုးဝါးသွားစေခဲ့ပါတယ် ။သူမဟာ counsellorဆီကနေ သူမပြသာနာကိုဖြေရှင်းပေးဖို့တောင်းဆိုခဲ့တာမျိုးမဟုတ်ပါဘူး ။ သူမလိုအဆောင်မှာနေထိုင်တဲ့သူအတွက် ဆေးရုံမှာ အကူအညီရရှိဖို့ဟာ အတော်လေးခက်ခဲတယ်ဆိုတာသိစေချင်လို့ ရင့်ဖွင့်ခဲ့ရုံသာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

သူမယုံကြည်စိတ်ချရတယ်လို့ထင်ခဲ့တဲ့ ကျောင်းရဲ့counsellor၏ အရှက်ခွဲမှုကြောင့် ရက်အနည်းငယ်အကြာမှာတော့ သူမဟာ ပွန်းပဲဒဏ်ရာများ ၊ လက်မောင်းတွင်ဓားဖြင့်ပြတ်ရှထားသောဒဏ်ရာများဖြင့် ဆေးရုံသို့ရောက်ရှိသွားခဲ့ပါတော့တယ် ။ဆရာဝန်ကတော့ သူမဟာစိတ်ကျရောဂါခံစားနေရကြောင်း ရှာဖွေဖော်ထုတ်ခဲ့ပါတော့တယ် ။အဆိုပါမိန်ကလေးကလည်း အစိုးရမှ စိတ်ကျရောဂါခံစားနေတဲ့ကျောင်းသား ၊သူ များကိုခွဲခြားသိမြင်စေဖို့ counsellor များကိုတိုက်တွန်းထားသည့် ခေါင်းစဉ်နှင့် အကြောင်းအရာများကို သူမ၏ Twitter မှာပြန်လည်ဝေမျှထားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

 

Be the first to comment on "စိတ်ကျရောဂါခံစားနေရတဲ့အကြောင့်ကိုရင်ဖွင့်မိခဲ့လို့ အဲ့အစားလူအများရှေ့မှာ အရှက်ခွဲခံလိုက်ရတဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*