Covid-19 ေၾကာင့္ ဆံပင္ညႇပ္ခေတြပါ ပိုၿပီးေစ်းတက္လာခဲ့ရတဲ့ အေၾကာင္းအရင္း

ယခုအခ်ိန္မွာေတာ့ စတိုးဆိုင္၊ ေစ်းဆိုင္ ႏွင့္ အျခားေသာဆိုင္အေတာ္မ်ားမ်ားကို ျပန္ၿပီးဖြင့္လွစ္ခြင့္ေပလာခဲ့ၿပီးေနာက္ ဆံပင္ညႇပ္ဆိုင္ေတြမွာလည္း ျပန္ဖြင့္လာခဲ့ၿပီး စီးပြားေရးပံုမွန္လည္ပတ္ႏိုင္ေအာင္ ႀကိဳးစားေနၾကပါၿပီ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာႏိုင္ငံမ်ား႐ွိ ဆံပင္ညႇပ္ဆိုင္ေတြဟာ ပံုမွန္ဆံပင္ညႇပ္ခထက္ အနည္းငယ္ပိုၿပီးေစ်းတက္လာခဲ့ပါတယ္ ။ အေၾကာင္းမွာေတာ့ ယခုလို Covid -19 ျဖစ္ပြားေနတဲ့အခ်ိန္ကာလမွာ က်န္းမာေရးဝန္ထမ္းေတြခ်မွတ္ထားတဲ့ စည္းကမ္းမ်ားႏွင့္အညီ လံုျခံဳေရးပစၥည္းကိရိယာ ၊ ဝတ္စံုမ်ားႏွင့္သာ ဆံသဆရာမ်ားက ဝတ္ဆင္ၿပီး ဆံပင္ညႇပ္ေနရတဲ့အတြက္ ၊ အဆိုပါ အေသးစားအသံုးအေဆာင္စရိတ္အတြက္ ေငြကုန္ေၾကးက်ပိုမ်ားလာ၍ ယခုလို ဆံပင္ညႇပ္ခမ်ားေစ်းတက္လာရျခင္းျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အခ်ိဳ႕ေသာသူမ်ားကေတာ့ ယခုလိုအခ်ိန္ကာလမွာ အျမတ္အစြန္မ်ားရ႐ွိဖို႔ထက္ စီးပြားေရးမ်ားအရင္လိုျပန္ၿပီးလည္ပတ္ႏိုင္ေအာင္ ပိုၿပီးႀကိဳးစားသင့္ေၾကာင္း ေထာက္ျပေဝဖန္ခဲ့ၾကပါတယ္ ။

စည္းကမ္းမ်ားအရ ဆံသဆရာမ်ားဟာ mask ၊ လက္အိတ္ ၊ ေ႐ွ႕ဖံုးခါးစည္း ႏွင့္ မ်က္လံုးေတြကို ကာေပးသည့္မ်က္မွန္မ်ားဝတ္ဆင္ၿပီးမွ ဆံပင္ညႇပ္ျခင္းမ်ား ျပဳလုပ္ရလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ customer တစ္ဦးကို တဘတ္တစ္ခုစီသာ အသံုးျပဳေစၿပီး ၊ ေဝမ်ွအသံုးျပဳျခင္းမ်ိဳးလည္း မျပဳလုပ္ရေၾကာင္း ႏွင့္ ထိုင္ခံုမ်ားကိုလည္း တစ္ခံု ႏွင့္ တစ္ခံု အနည္းဆံုး 2meters အကြာအေဝးခန္႔ထား႐ွိေစေၾကာင္း သိ႐ွိရပါတယ္ ။ Covid -19 ကူးစက္ပ်ံ့ႏွံမႈ မ႐ွိေအာင္ ႀကိဳတင္ကာကြယ္မႈမ်ားျပဳလုပ္ၿပီး ဆံပင္ညႇပ္ဆိုင္မ်ားကို ျပန္လည္ဖြင့္လွစ္ထားသည္ျဖစ္ေသာေၾကာင့္ အရင္အခ်ိန္ကထက္ ပိုၿပီး ဆံပင္ညႇပ္ခပိုေပးရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုအချိန်မှာတော့ စတိုးဆိုင်၊ ဈေးဆိုင် နှင့် အခြားသောဆိုင်အတော်များများကို ပြန်ပြီးဖွင့်လှစ်ခွင့်ပေလာခဲ့ပြီးနောက် ဆံပင်ညှပ်ဆိုင်တွေမှာလည်း ပြန်ဖွင့်လာခဲ့ပြီး စီးပွားရေးပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားနေကြပါပြီ ။ သို့ပေမဲ့လည်း အချို့သောနိုင်ငံများရှိ ဆံပင်ညှပ်ဆိုင်တွေဟာ ပုံမှန်ဆံပင်ညှပ်ခထက် အနည်းငယ်ပိုပြီးဈေးတက်လာခဲ့ပါတယ် ။ အကြောင်းမှာတော့ ယခုလို Covid -19 ဖြစ်ပွားနေတဲ့အချိန်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေချမှတ်ထားတဲ့ စည်းကမ်းများနှင့်အညီ လုံခြုံရေးပစ္စည်းကိရိယာ ၊ ဝတ်စုံများနှင့်သာ ဆံသဆရာများက ဝတ်ဆင်ပြီး ဆံပင်ညှပ်နေရတဲ့အတွက် ၊ အဆိုပါ အသေးစားအသုံးအဆောင်စရိတ်အတွက် ငွေကုန်ကြေးကျပိုများလာ၍ ယခုလို ဆံပင်ညှပ်ခများဈေးတက်လာရခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။

အချို့သောသူများကတော့ ယခုလိုအချိန်ကာလမှာ အမြတ်အစွန်များရရှိဖို့ထက် စီးပွားရေးများအရင်လိုပြန်ပြီးလည်ပတ်နိုင်အောင် ပိုပြီးကြိုးစားသင့်ကြောင်း ထောက်ပြဝေဖန်ခဲ့ကြပါတယ် ။

စည်းကမ်းများအရ ဆံသဆရာများဟာ mask ၊ လက်အိတ် ၊ ရှေ့ဖုံးခါးစည်း နှင့် မျက်လုံးတွေကို ကာပေးသည့်မျက်မှန်များဝတ်ဆင်ပြီးမှ ဆံပင်ညှပ်ခြင်းများ ပြုလုပ်ရလျက်ရှိကြောင်း သိရှိရပါတယ် ။ ထို့အပြင် customer တစ်ဦးကို တဘတ်တစ်ခုစီသာ အသုံးပြုစေပြီး ၊ ဝေမျှအသုံးပြုခြင်းမျိုးလည်း မပြုလုပ်ရကြောင်း နှင့် ထိုင်ခုံများကိုလည်း တစ်ခုံ နှင့် တစ်ခုံ အနည်းဆုံး 2meters အကွာအဝေးခန့်ထားရှိစေကြောင်း သိရှိရပါတယ် ။ Covid -19 ကူးစက်ပျံ့နှံမှု မရှိအောင် ကြိုတင်ကာကွယ်မှုများပြုလုပ်ပြီး ဆံပင်ညှပ်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ထားသည်ဖြစ်သောကြောင့် အရင်အချိန်ကထက် ပိုပြီး ဆံပင်ညှပ်ခပိုပေးရတာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment