အိမ္နီးခ်င္းေတြရဲ႕ အကူအညီနဲ႔ အမႈိက္ပံုေတြၾကားထဲမွ 78 ႏွစ္အရြယ္ အဘိုးအိုကို ႐ွာေဖြေတြ႔႐ွိခဲ့တဲ့အျဖစ္

အသက္အရြယ္ႀကီးရင့္ေနၿပီး ကူညီေဖးမမဲ့ သားသမီးေဆြမ်ိဳးေတြမ႐ွိဘဲ အသက္ဆက္႐ွင္ေနရတဲ့ သက္ႀကီးရြယ္အိုေတြ အမ်ားအျပား႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အသက္ 78 ႏွစ္အရြယ္အဘိုးအိုကို သူ၏ေဘးပတ္ဝန္းက်င္မွ လူေတြက တစ္ပတ္ခန္႔ေတြ႔႐ွိျခင္းမ်ိဳးမ႐ွိေတာ့တာကို သတိထားမိၿပီးေနာက္ ရဲအရာ႐ွိေတြကို အဘိုးအိုေပ်ာက္ဆံုးေနေၾကာင္း တိုင္ၾကားေပးခဲ့ပါတယ္ ။ အဘိုးအိုကို အျမဲေတြ႕႐ွိေနၾက ပတ္ဝန္းက်င္႐ွိလူေတြရဲ႕ ေျပာျပခ်က္အရ အဘိုးအိုဟာေနအိမ္ကေနထြက္ၿပီး Rompin ၿမိဳ႕တစ္ေလ်ွာက္ အျမဲလည္ပတ္သြားလာေနေလ့႐ွိေပမဲ့လည္း အဘိုးအို၏ေနအိမ္အတည္တက်ကိုေတာ့ မည္သူကမွ သိ႐ွိျခင္းမ်ိဳးမ႐ွိခဲ့ပါဘူး ။

ထို႔ေၾကာင့္ တာဝန္႐ွိသူမ်ားက အဘိုးအို၏ေနအိမ္ကို စံုစမ္းၿပီး သြားေရာက္႐ွာေဖြခဲ့ခ်ိန္မွာေတာ့ မထင္ထားေလာက္ေအာင္ အဘိုးအို၏ေနအိမ္မွာ အမႈိက္မ်ားျဖင့္ျပည့္ႏွက္ေနၿပီး အမႈိက္ပံုတစ္ခုလိုျဖစ္ေနခဲ့ပါတယ္ ။ သတင္းအရ အဘိုးအိုဟာ အဆိုပါေနအိမ္ကို တစ္လ RM 30 ျဖင့္ငွါးရမ္းကာ ႏွစ္ေပါင္း 20 ခန္႔ေနထိုင္လာခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ေနအိမ္အတြင္းေတြ႔႐ွိခဲ့တဲ့ အဘိုးအို Jaafar မွာေတာ့ အားအင္ကုန္ခမ္းေနပံုရၿပီး မတ္တပ္မရပ္ႏိုင္ေတာ့ပဲ ျဖစ္ေနခဲ့ပါတယ္ ။ လက္႐ွိမွာေတာ့ အဘိုးအိုကို ကုသမႈခံယူႏိုင္ဖို႔အတြက္ ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ပတ္ဝန္က်င္မွလူေတြရဲ႕အကူအညီေၾကာင့္ ပိုၿပီးမဆိုးဝါးခင္အခ်ိန္မွာ အဘိုးအိုကို ကူညီကယ္တင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အသက်အရွယ်ကြီးရင့်နေပြီး ကူညီဖေးမမဲ့ သားသမီးဆွေမျိုးတွေမရှိဘဲ အသက်ဆက်ရှင်နေရတဲ့ သက်ကြီးရွယ်အိုတွေ အများအပြားရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 78 နှစ်အရွယ်အဘိုးအိုကို သူ၏ဘေးပတ်ဝန်းကျင်မှ လူတွေက တစ်ပတ်ခန့်တွေ့ရှိခြင်းမျိုးမရှိတော့တာကို သတိထားမိပြီးနောက် ရဲအရာရှိတွေကို အဘိုးအိုပျောက်ဆုံးနေကြောင်း တိုင်ကြားပေးခဲ့ပါတယ် ။ အဘိုးအိုကို အမြဲတွေ့ရှိနေကြ ပတ်ဝန်းကျင်ရှိလူတွေရဲ့ ပြောပြချက်အရ အဘိုးအိုဟာနေအိမ်ကနေထွက်ပြီး Rompin မြို့တစ်လျှောက် အမြဲလည်ပတ်သွားလာနေလေ့ရှိပေမဲ့လည်း အဘိုးအို၏နေအိမ်အတည်တကျကိုတော့ မည်သူကမှ သိရှိခြင်းမျိုးမရှိခဲ့ပါဘူး ။

ထို့ကြောင့် တာဝန်ရှိသူများက အဘိုးအို၏နေအိမ်ကို စုံစမ်းပြီး သွားရောက်ရှာဖွေခဲ့ချိန်မှာတော့ မထင်ထားလောက်အောင် အဘိုးအို၏နေအိမ်မှာ အမှိုက်များဖြင့်ပြည့်နှက်နေပြီး အမှိုက်ပုံတစ်ခုလိုဖြစ်နေခဲ့ပါတယ် ။ သတင်းအရ အဘိုးအိုဟာ အဆိုပါနေအိမ်ကို တစ်လ RM 30 ဖြင့်ငှါးရမ်းကာ နှစ်ပေါင်း 20 ခန့်နေထိုင်လာခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

နေအိမ်အတွင်းတွေ့ရှိခဲ့တဲ့ အဘိုးအို Jaafar မှာတော့ အားအင်ကုန်ခမ်းနေပုံရပြီး မတ်တပ်မရပ်နိုင်တော့ပဲ ဖြစ်နေခဲ့ပါတယ် ။ လက်ရှိမှာတော့ အဘိုးအိုကို ကုသမှုခံယူနိုင်ဖို့အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ် ။ ပတ်ဝန်ကျင်မှလူတွေရဲ့အကူအညီကြောင့် ပိုပြီးမဆိုးဝါးခင်အချိန်မှာ အဘိုးအိုကို ကူညီကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment