ေျဗာက္အိုးေတြထိုးထည့္ထားတဲ့ ဂ်ံဴ မႈန္႔လံုးကို ႏြားမႀကီးကိုေကြၽးၿပီးရက္စက္စြာၾကံစည္ခဲ့တဲ့ အိမ္နီးခ်င္းေတြရဲ႕လုပ္ရပ္

ဒီတစ္ေခါက္မွာလည္း အိႏၵိယႏိုင္ငံ ၊ Bilaspur ၿမိဳ႕အနီးမွာ ေမြးျမဴထားတဲ့ ကိုယ္ဝန္ေဆာင္ႏြားမႀကီးတစ္ေကာင္ဟာ ေျဗာက္အိုးေတြအျပည့္ထိုးထည့္ထားတဲ့ ဂ်ံဴ မႈန္႔လံုးႀကီးကို စားမိခဲ့လို႔ ေပါက္ကြဲသြားခဲ့ၿပီး ေမး႐ိုးေတြေပါက္ျပဲသြားတဲ့အျပင္ ပါးစပ္တစ္ခုလံုး ရစရာမ႐ွိေအာင္ ပ်က္ဆီးသြားခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို ႏြားမႀကီးရဲ႕ပိုင္႐ွင္ျဖစ္သူ Gurdayal Singh အမည္႐ွိတဲ့အမ်ိဳးသားက social media ေပၚ video တင္ၿပီးေဝမ်ွခဲ့လို႔ လူအမ်ားစုကသိ႐ွိခဲ့ရတာျဖစ္ပါတယ္ ။

သို႔ေပမဲ့လည္း ႏြားမႀကီးဟာ ႏြားေပါက္ေလးကိုေအာင္ျမင္စြာေမြးဖြားေပးႏိုင္ခဲ့ေပမဲ့လည္း မည္သည့္အစားအစာမွ စားေသာက္ႏိုင္ျခင္းမ်ိဳးမ႐ွိေတာ့ပါဘူး ။ ႏြားပိုင္႐ွင္ကေတာ့ သူ၏ႏြားမႀကီးကို အိမ္နီးနားခ်င္းျဖစ္တဲ့ Nand Lal Dhiman အမည္႐ွိတဲ့ အမ်ိဳးသားကရည္ရြယ္ခ်က္႐ွိ႐ွိၾကံစည္ခဲ့တာျဖစ္ေၾကာင္း စြပ္စြဲခဲ့ပါတယ္ ။ ထို႔ေၾကာင့္ စြပ္စြဲခံရသူ အိမ္နီးခ်င္းအမ်ိဳးသားမွာလည္း ၿပီးခဲ့တဲ့ June 6 ရက္ေန႔က ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။ ရဲအရာ႐ွိမ်ားမွာလည္း အဆိုပါ အခင္းျဖစ္ပြားရာေနရာသို႔ ေဆးအကူအဖြဲ႔မ်ားႏွင့္ေရာက္႐ွိလာခဲ့ၾကပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ေျပာျပခ်က္အရ အဆိုပါဂ်ံဴ မႈန္႔လံုးမ်ားကို လယ္သမားမ်ားက ေတာ႐ိုင္တိရစာၦန္ေတြ လယ္ခင္းအတြင္းသို႔ မဝင္ေရာက္ေအာင္ ေထာင္ေခ်ာက္အေနနဲ႔ အသံုးျပဳၾကတာျဖစ္သည့္အျပင္ ၊ အျခားေသာ ျခံဳပုတ္ေတြထဲမွာ႐ွိတဲ့ အေကာင္ေတြကို အမဲလိုက္ရာမွာ ယခုခ်ိန္အထိ အသံုးျပဳေနၾကတာျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

ထို႔အျပင္ပိုင္႐ွင္မွာ ႏြားမႀကီးကို အသားစားဖို႔အတြက္ ေမြးျမဴခဲ့တာမဟုတ္ေၾကာင္း ၊ ႏြားမႀကီးမွာ မိသားစုလိုျဖစ္ေနၿပီျဖစ္ေၾကာင္း ေျပာျပသြားခဲ့ပါတယ္ ။ ပိုင္႐ွင္ျဖစ္သူေျပာျပခ်က္အရ ည 8:15 အခ်ိန္ခန္႔မွာ ေနအိမ္ႏွင့္ မီတာ 20 အကြာမွာ႐ွိတဲ့ စားက်က္ကြင္းမွေပါက္ကြဲသံတစ္ခုၾကာခဲ့ရ၍ သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူ၏ႏြားမႀကီးပါးစပ္မွာေပါက္ကြဲမႈေၾကာင့္ လံုးဝပ်က္ဆီးေနခဲ့တာကို ေတြ႔႐ွိခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ တိရစာၦန္ေတြကို ကူညီကယ္ဆယ္ေပးေနတဲ့ ေဖာင္ေဒး႐ွင္းတစ္ခုမွာလည္း ႏြားမႀကီးရဲ႕ေဆးကုသစရိတ္ႏွင့္ အျခားေသာလိုအပ္တဲ့ေထာက္ပံ့မႈမ်ိဳးကို ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်မှာလည်း အိန္ဒိယနိုင်ငံ ၊ Bilaspur မြို့အနီးမှာ မွေးမြူထားတဲ့ ကိုယ်ဝန်ဆောင်နွားမကြီးတစ်ကောင်ဟာ ဗြောက်အိုးတွေအပြည့်ထိုးထည့်ထားတဲ့ ဂျူံ မှုန့်လုံးကြီးကို စားမိခဲ့လို့ ပေါက်ကွဲသွားခဲ့ပြီး မေးရိုးတွေပေါက်ပြဲသွားတဲ့အပြင် ပါးစပ်တစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးသွားခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို နွားမကြီးရဲ့ပိုင်ရှင်ဖြစ်သူ Gurdayal Singh အမည်ရှိတဲ့အမျိုးသားက social media ပေါ် video တင်ပြီးဝေမျှခဲ့လို့ လူအများစုကသိရှိခဲ့ရတာဖြစ်ပါတယ် ။

သို့ပေမဲ့လည်း နွားမကြီးဟာ နွားပေါက်လေးကိုအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပေမဲ့လည်း မည်သည့်အစားအစာမှ စားသောက်နိုင်ခြင်းမျိုးမရှိတော့ပါဘူး ။ နွားပိုင်ရှင်ကတော့ သူ၏နွားမကြီးကို အိမ်နီးနားချင်းဖြစ်တဲ့ Nand Lal Dhiman အမည်ရှိတဲ့ အမျိုးသားကရည်ရွယ်ချက်ရှိရှိကြံစည်ခဲ့တာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ် ။ ထို့ကြောင့် စွပ်စွဲခံရသူ အိမ်နီးချင်းအမျိုးသားမှာလည်း ပြီးခဲ့တဲ့ June 6 ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။ ရဲအရာရှိများမှာလည်း အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ ဆေးအကူအဖွဲ့များနှင့်ရောက်ရှိလာခဲ့ကြပါတယ် ။ ရဲအရာရှိတွေရဲ့ပြောပြချက်အရ အဆိုပါဂျူံ မှုန့်လုံးများကို လယ်သမားများက တောရိုင်တိရစ္ဆာန်တွေ လယ်ခင်းအတွင်းသို့ မဝင်ရောက်အောင် ထောင်ချောက်အနေနဲ့ အသုံးပြုကြတာဖြစ်သည့်အပြင် ၊ အခြားသော ခြုံပုတ်တွေထဲမှာရှိတဲ့ အကောင်တွေကို အမဲလိုက်ရာမှာ ယခုချိန်အထိ အသုံးပြုနေကြတာဖြစ်ကြောင်းသိရှိရပါတယ် ။

ထို့အပြင်ပိုင်ရှင်မှာ နွားမကြီးကို အသားစားဖို့အတွက် မွေးမြူခဲ့တာမဟုတ်ကြောင်း ၊ နွားမကြီးမှာ မိသားစုလိုဖြစ်နေပြီဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ် ။ ပိုင်ရှင်ဖြစ်သူပြောပြချက်အရ ည 8:15 အချိန်ခန့်မှာ နေအိမ်နှင့် မီတာ 20 အကွာမှာရှိတဲ့ စားကျက်ကွင်းမှပေါက်ကွဲသံတစ်ခုကြာခဲ့ရ၍ သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ သူ၏နွားမကြီးပါးစပ်မှာပေါက်ကွဲမှုကြောင့် လုံးဝပျက်ဆီးနေခဲ့တာကို တွေ့ရှိခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ တိရစ္ဆာန်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ဖောင်ဒေးရှင်းတစ်ခုမှာလည်း နွားမကြီးရဲ့ဆေးကုသစရိတ်နှင့် အခြားသောလိုအပ်တဲ့ထောက်ပံ့မှုမျိုးကို ကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment