မေမ်ွာ္လင့္ထားတဲ့အျဖစ္ေၾကာင့္ ကိုယ္ဝန္ေဆာင္ဆင္မႀကီးကိုရက္စက္စြာသတ္မိခဲ့လို႔ အဖမ္းခံခဲ့ရတဲ့အမ်ိဳးသား(႐ုပ္သံ)

ၿပီးခဲ့တဲ့ June 5 ရက္ေန႔က ၊ P.Wilson အမည္႐ွိတဲ့ အိႏၷိယႏိုင္ငံမွာေနထိုင္တဲ့အမ်ိဳးသားဟာ ကိုယ္ေဆာင္ဆင္မႀကီးကို ရက္စက္စြာသတ္မိခဲ့လို႔ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့အျပင္ ၊ အဆိုပါအျဖစ္အပ်က္မွာ ပါဝင္တဲ့အျခားတရားခံ ႏွစ္ဦးကိုလည္းရဲအရာ႐ွိမ်ားက လိုက္လံဖမ္းဆီးေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ေျပာၾကားခ်က္အရ အဆိုပါအမ်ိဳးသားဟာ အုန္းသီးထဲကိုေပါက္ကြဲေစတတ္တဲ့ေျဗာက္အိုးမ်ားထိုးထည့္ၿပီး ေတာ႐ိုင္းတိရစာၦန္မ်ားကို ေထာင္ဖမ္းရင္းနဲ႔ ယခုလိုလုပ္ရပ္မ်ိဳးက်ဴ းလြန္ခဲ့မိတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားဟာ သူ၏ေရာ္ဘာျခံအတြင္းသို႔ ေတာ႐ိုင္းတိရစာၦန္ေတြမဝင္ေအာင္ အဆိုပါ အုန္းသီးေတြကို ျခံရဲ႕ေဘးဖက္ေတြမွာ ခ်ိတ္ဆြဲထားခဲ့တာပါ ။ ၿပီးခဲ့တဲ့ May လကတည္းက အဆိုပါအမ်ိဳးသားဟာ ေပါင္ကြဲေစတဲ့ေျဗာက္အိုးေတြထိုးထည့္ထားတဲ့အုန္းသီးမ်ားကို အမ်ားအျပားျပဳလုပ္ခဲ့ၿပီး ျခံရဲ႕ပတ္ပတ္လည္မွာ ထား႐ွိထားျခင္းျဖစ္ပါတယ္ ။

အဆိုပါဆင္မႀကီးမွာ အသက္ 15 ႏွစ္အရြယ္႐ွိေနၿပီျဖစ္ၿပီး ၊ အုန္းသီးကို စားခဲ့မိလို႔ေပါက္ကြဲသည့္ဒဏ္ရာမ်ားျဖင့္ Mayလ 25 ရက္ေန႔မွာေတြ႔႐ွိခဲ့ၿပီးေနာက္ ၊ ေတြ႔႐ွိၿပီး 2ရက္အၾကာမွာေတာ့ ထိခိုက္ဒဏ္ရာမ်ားေၾကာင့္ ေသဆံုးသြားခဲ့ရေၾကာင္းသိ႐ွိရပါတယ္ ။

သစ္သီးေတြထဲမွာ ေပါက္ကြဲေစတတ္တဲ့ေျဗာက္အိုးေတြထည့္ၿပီး မိမိတို႔လယ္ယာျခံေတြထဲ ေတာ႐ိုင္းတိရစာၦန္ေတြမဝင္ေအာင္ လုပ္ေဆာင္သည့္လုပ္ရပ္မ်ိဳးကို အိႏၵိယႏိုင္ငံမွာ တြင္က်ယ္စြာ လယ္သမား ၊ ယာသမား မ်ားကလုပ္ေဆာင္ေနလ်က္႐ွိေၾကာင္း သိရပါတယ္ ။ သို႔ေပမဲ့လည္း အစားအစာ႐ွာေဖြစားေသာက္ေနတဲ့ အျပစ္မဲ့တဲ့တိရစာၦန္ေလးေတြမွာေတာ့ အျဖစ္ဆိုးနဲ႔ေသဆံုးေနရလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ June 5 ရက်နေ့က ၊ P.Wilson အမည်ရှိတဲ့ အိန္နိယနိုင်ငံမှာနေထိုင်တဲ့အမျိုးသားဟာ ကိုယ်ဆောင်ဆင်မကြီးကို ရက်စက်စွာသတ်မိခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အပြင် ၊ အဆိုပါအဖြစ်အပျက်မှာ ပါဝင်တဲ့အခြားတရားခံ နှစ်ဦးကိုလည်းရဲအရာရှိများက လိုက်လံဖမ်းဆီးနေလျက်ရှိကြောင်း သိရှိရပါတယ် ။ ရဲအရာရှိတွေရဲ့ပြောကြားချက်အရ အဆိုပါအမျိုးသားဟာ အုန်းသီးထဲကိုပေါက်ကွဲစေတတ်တဲ့ဗြောက်အိုးများထိုးထည့်ပြီး တောရိုင်းတိရစ္ဆာန်များကို ထောင်ဖမ်းရင်းနဲ့ ယခုလိုလုပ်ရပ်မျိုးကျူ းလွန်ခဲ့မိတာဖြစ်ကြောင်း သိရှိရပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ သူ၏ရော်ဘာခြံအတွင်းသို့ တောရိုင်းတိရစ္ဆာန်တွေမဝင်အောင် အဆိုပါ အုန်းသီးတွေကို ခြံရဲ့ဘေးဖက်တွေမှာ ချိတ်ဆွဲထားခဲ့တာပါ ။ ပြီးခဲ့တဲ့ May လကတည်းက အဆိုပါအမျိုးသားဟာ ပေါင်ကွဲစေတဲ့ဗြောက်အိုးတွေထိုးထည့်ထားတဲ့အုန်းသီးများကို အများအပြားပြုလုပ်ခဲ့ပြီး ခြံရဲ့ပတ်ပတ်လည်မှာ ထားရှိထားခြင်းဖြစ်ပါတယ် ။

အဆိုပါဆင်မကြီးမှာ အသက် 15 နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၊ အုန်းသီးကို စားခဲ့မိလို့ပေါက်ကွဲသည့်ဒဏ်ရာများဖြင့် Mayလ 25 ရက်နေ့မှာတွေ့ရှိခဲ့ပြီးနောက် ၊ တွေ့ရှိပြီး 2ရက်အကြာမှာတော့ ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရကြောင်းသိရှိရပါတယ် ။

သစ်သီးတွေထဲမှာ ပေါက်ကွဲစေတတ်တဲ့ဗြောက်အိုးတွေထည့်ပြီး မိမိတို့လယ်ယာခြံတွေထဲ တောရိုင်းတိရစ္ဆာန်တွေမဝင်အောင် လုပ်ဆောင်သည့်လုပ်ရပ်မျိုးကို အိန္ဒိယနိုင်ငံမှာ တွင်ကျယ်စွာ လယ်သမား ၊ ယာသမား များကလုပ်ဆောင်နေလျက်ရှိကြောင်း သိရပါတယ် ။ သို့ပေမဲ့လည်း အစားအစာရှာဖွေစားသောက်နေတဲ့ အပြစ်မဲ့တဲ့တိရစ္ဆာန်လေးတွေမှာတော့ အဖြစ်ဆိုးနဲ့သေဆုံးနေရလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment