တံတားေပၚကခုန္ခ်ၿပီးအဆံုးစီရင္သြားခဲ့တဲ့သခင္ကို မစားမေသာက္ဘဲရက္ေပါင္းမ်ားစြာေစာင့္ႀကိဳေနခဲ့တဲ့ ေခြးေလး

ၿပီးခဲ့တဲ့ May 30 ရက္ေန႔က တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕မွာေနထိုင္သူတစ္ဦးဟာ သူ၏ေခြးေလးႏွင့္အတူ Yangtze တံတားတစ္ေလ်ွာက္ လမ္းေလ်ွာက္ထြက္လာခဲ့ပါတယ္ ။ တံတားရဲ႕တစ္ေနရာအေရာက္မွာေတာ့ ေခြးေလးဟာ သခင့္ေဘးနားတိတ္ဆိတ္စြာ႐ွိေနခဲ့ေပမဲ့လည္း ၊ သခင္ျဖစ္သူမွာေတာ့ တံု႔ဆိုင္းျခင္းမ႐ွိဘဲ တံတားေပၚကေန႐ုတ္တရက္ခုန္ခ်သြားခဲ့ပါတယ္ ။ အဆိုပါေန႔က ေမွာင္မဲေနခဲ့တဲ့အတြက္ ေခြးေလးရဲ႕သခင္ဟာ အမ်ိဳးသား ဒါမွမဟုတ္ အမ်ိဳးသမီးလား ဆိုတာကိုေတာ့ CCTV မွတ္တမ္းကေန တိတိက်က်ခြဲျခားႏိုင္ျခင္းမ်ိဳးမ႐ွိခဲ့ပါဘူး ။

သခင့္ကိုဆံုး႐ႈံးလိုက္ရလို႔ ေၾကကြဲဝမ္းနည္းေနတဲ့ေခြးေလးဟာ အဆိုပါတံတားေပၚ႐ွိ လက္ရန္းအနား သခင့္ကိုအျမဲေစာင့္ေမ်ွာ္ေနခဲ့ပါတယ္ ။ Xu အမည္႐ွိတဲ့အမ်ိဳးသားတစ္ဦးဟာ အဆိုပါတံတားကိုျဖတ္သြားရင္း ေခြးေလးကို ေန႔ေရာ ၊ ညပါ ေတြ႔ခဲ့တဲ့အတြက္ ေခြးေလးကို အစားအစာ ႏွင့္ ေသာက္ေရသို႔ တိုက္ေကြၽးခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေခြးေလးဟာမည္သည့္အစားအစာမွ စားေသာက္ျခင္းမ်ိဳးမ႐ွိဘဲ တံတားလက္ရန္းေပၚေခါင္းေလးတင္ၿပီးေတာ့သာ ေနေနခဲ့တဲ့အတြက္ Xu က တံတားျပဳျပင္ထိန္းသိမ္းေနသူကိုေမးျမန္းၾကည့္ခ်ိန္မွာေတာ့ ေခြးေလးရဲ႕သခင္ဟာ အဆိုပါတံတားေပၚကေနခုန္ခ်ၿပီး ကိုယ့္ကိုအဆံုးစီရင္သြားခဲ့တာကို သိ႐ွိခဲ့ရပါတယ္ ။ တံတားျပဳျပင္ထိန္းသိမ္းေပးသူက ေခြးေလးကိုတံတားေပၚကေန ေခၚထုတ္သြားေပမဲ့လည္း ေခြးေလးဟာအဆိုပါေနရာကိုသာျပန္လည္ေရာက္႐ွိလာခဲ့ၿပီး Yangtze ျမစ္ေခ်ာင္းကိုသာ ေငးၾကည့္ၿပီး သခင့္ကိုအျမဲေစာင့္ေမ်ွာ္ေနခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Xu အမည္႐ွိတဲ့အမ်ိဳးသားဟာ ေခြးေလးကိုသနားၿပီး ကယ္တင္ႏိုင္ဖို႔အတြက္ တံတားေပၚသို႔ ကားျဖင့္ေရာက္႐ွိလာခဲ့ၿပီး ကားတံခါးကိုဖြင့္ကာ ကားထဲကေနထြက္လာခဲ့ခ်ိန္မွာေတာ့ ေခြးေလးဟာေၾကာက္လန္းၿပီး တံတားအနီး႐ွိျခံပုတ္ေတြထဲေျပးဝင္ၿပီးေပ်ာက္ကြယ္သြားခဲ့ပါတယ္ ။ ဝူဟန္ၿမိဳ႕႐ွိတိရစာၦန္ေလးေတြကိုကူညီကယ္တင္ေပးေနတဲ့အဖြဲ႔မ်ားကလည္း ေခြးေလးကိုကယ္တင္ႏိုင္ဖို႔ အဆိုပါတံတားေပၚဝန္ထမ္းႏွစ္ဦးေစလႊတ္ခဲ့ေပမဲ့လည္း ေခြးေလးကိုမ႐ွာေတြ႔ႏိုင္ခဲ့တဲ့အတြက္ ၊ ေခြးေလးကိုေတြ႔႐ွိပါက ဆက္သြယ္အေၾကာင္းၾကားေပးဖို႔ကိုလည္း တိုက္တြန္းထားပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ May 30 ရက်နေ့က တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာနေထိုင်သူတစ်ဦးဟာ သူ၏ခွေးလေးနှင့်အတူ Yangtze တံတားတစ်လျှောက် လမ်းလျှောက်ထွက်လာခဲ့ပါတယ် ။ တံတားရဲ့တစ်နေရာအရောက်မှာတော့ ခွေးလေးဟာ သခင့်ဘေးနားတိတ်ဆိတ်စွာရှိနေခဲ့ပေမဲ့လည်း ၊ သခင်ဖြစ်သူမှာတော့ တုံ့ဆိုင်းခြင်းမရှိဘဲ တံတားပေါ်ကနေရုတ်တရက်ခုန်ချသွားခဲ့ပါတယ် ။ အဆိုပါနေ့က မှောင်မဲနေခဲ့တဲ့အတွက် ခွေးလေးရဲ့သခင်ဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးလား ဆိုတာကိုတော့ CCTV မှတ်တမ်းကနေ တိတိကျကျခွဲခြားနိုင်ခြင်းမျိုးမရှိခဲ့ပါဘူး ။

သခင့်ကိုဆုံးရှုံးလိုက်ရလို့ ကြေကွဲဝမ်းနည်းနေတဲ့ခွေးလေးဟာ အဆိုပါတံတားပေါ်ရှိ လက်ရန်းအနား သခင့်ကိုအမြဲစောင့်မျှော်နေခဲ့ပါတယ် ။ Xu အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ အဆိုပါတံတားကိုဖြတ်သွားရင်း ခွေးလေးကို နေ့ရော ၊ ညပါ တွေ့ခဲ့တဲ့အတွက် ခွေးလေးကို အစားအစာ နှင့် သောက်ရေသို့ တိုက်ကျွေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခွေးလေးဟာမည်သည့်အစားအစာမှ စားသောက်ခြင်းမျိုးမရှိဘဲ တံတားလက်ရန်းပေါ်ခေါင်းလေးတင်ပြီးတော့သာ နေနေခဲ့တဲ့အတွက် Xu က တံတားပြုပြင်ထိန်းသိမ်းနေသူကိုမေးမြန်းကြည့်ချိန်မှာတော့ ခွေးလေးရဲ့သခင်ဟာ အဆိုပါတံတားပေါ်ကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်သွားခဲ့တာကို သိရှိခဲ့ရပါတယ် ။ တံတားပြုပြင်ထိန်းသိမ်းပေးသူက ခွေးလေးကိုတံတားပေါ်ကနေ ခေါ်ထုတ်သွားပေမဲ့လည်း ခွေးလေးဟာအဆိုပါနေရာကိုသာပြန်လည်ရောက်ရှိလာခဲ့ပြီး Yangtze မြစ်ချောင်းကိုသာ ငေးကြည့်ပြီး သခင့်ကိုအမြဲစောင့်မျှော်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Xu အမည်ရှိတဲ့အမျိုးသားဟာ ခွေးလေးကိုသနားပြီး ကယ်တင်နိုင်ဖို့အတွက် တံတားပေါ်သို့ ကားဖြင့်ရောက်ရှိလာခဲ့ပြီး ကားတံခါးကိုဖွင့်ကာ ကားထဲကနေထွက်လာခဲ့ချိန်မှာတော့ ခွေးလေးဟာကြောက်လန်းပြီး တံတားအနီးရှိခြံပုတ်တွေထဲပြေးဝင်ပြီးပျောက်ကွယ်သွားခဲ့ပါတယ် ။ ဝူဟန်မြို့ရှိတိရစ္ဆာန်လေးတွေကိုကူညီကယ်တင်ပေးနေတဲ့အဖွဲ့များကလည်း ခွေးလေးကိုကယ်တင်နိုင်ဖို့ အဆိုပါတံတားပေါ်ဝန်ထမ်းနှစ်ဦးစေလွှတ်ခဲ့ပေမဲ့လည်း ခွေးလေးကိုမရှာတွေ့နိုင်ခဲ့တဲ့အတွက် ၊ ခွေးလေးကိုတွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment