ဇနီးျဖစ္သူရဲ႕ ဥစၥာပစၥည္းေတြကိုပိုင္ဆိုင္ႏိုင္ဖို႔ ႏွင့္ ေနာက္မိန္းမယူႏိုင္ဖို႔ ေႁမြေဟာက္ဝယ္ၿပီး ဇနီးသည္ကိုၾကံစည္ခဲ့တဲ့ ခင္ပြန္း

အိႏၵိယႏိုင္ငံမွာေနထိုင္တဲ့ အသက္ 27ႏွစ္အရြယ္အမ်ိဳးသားဟာ ဇနီးသည္ရဲ႕လက္ထပ္မဂၤလာတင္ေတာင္းေငြေတြ နဲ႔ ေနာက္မိန္းမယူႏိုင္ဖို႔အတြက္ ဇနီးသည္ကို အဆိပ္ျပင္းေႁမြေဟာက္နဲ႔ ၾကံစည္သတ္ပစ္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ ျပပီးခဲ့တဲ့ မတ္လက Sooraj အမည္႐ွိတဲ့ခင္ပြန္းသည္ဟာ အဆိပ္ျပင္းတဲ့ေႁမြေပြးတစ္ေကာင္ကို 5,000 ႐ူပီေပးဝယ္ၿပီးေနာက္ ေနအိမ္မွာအဆိုပါေႁမြေပြးကို လြတ္ခဲ့ပါတယ္ ။ ဇနီးသည္ျဖစ္သူ Uthra မွာတဲ့ ခင္ပြန္းျဖစ္သူလြတ္ထားတဲ့ အဆိပ္ျပင္းတဲ့ေႁမြေပြးအကိုက္ခံခဲ့ရလို႔ ေဆးရံုတက္ၿပီးကုသမႈခံခဲ့ခဲ့ၿပီးေနာက္ April 22 ရက္ေန႔မွာေတာ့ ေဆးရံုမွဆင္းခြင့္ရခဲ့ပါေတာ့တယ္ ။

ဇနီးျဖစ္သူ ေနျပန္ေကာင္းလာခ်ိန္ May 6 ရက္ေန႔မွာေတာ့ ခင္ပြန္းျဖစ္သူဟာ ေနာက္ထပ္ေႁမြေဟာက္တစ္ေကာင္ကို 5,000 ႐ူပီေပးၿပီး ထပ္မံဝယ္ယူခဲ့ပါတယ္ ။ ထို႔ေနာက္ အဆိုပါေႁမြေဟာက္ကို အိပ္ေမာက်ေနတဲ့ဇနီးသည္အေပၚ ပစ္တင္ခဲ့ပါေတာ့တယ္ ။ May 7 ရက္ေန႔မွာေတာ့ ဇနီးသည္ အသက္ 25 ႏွစ္ဟာ ေႁမြေပါက္ခံခဲ့ရၿပီး အသက္ေသဆံုးသြားခဲ့ပါတယ္ ။ Uthra ရဲ႕မိသားစုဝင္မ်ားကေတာ့ သမီးျဖစ္သူ ေႁမြကိုက္ခံခဲ့ရတဲ့မေတာ္တဆမႈကို မသကၤာျဖစ္လာၿပီးေတာ့ ရဲစခန္းကိုတိုင္ၾကားခဲ့ပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕စစ္ေဆးမႈအရ ခင္ပြန္းျဖစ္သူ Soiraj ရဲ႕ဖုန္ထဲမွာ YouTube ကေန ေႁမြႏွင့္ပက္သက္တဲ့ video မ်ားၾကည့္႐ႈခဲ့တာကိုေတြ႔႐ွိခဲ့တဲ့အျပင္ ၊ ေႁမြမ်ားကိုင္တြယ္သည့္နည္းလမ္းမ်ား ေလ့လာထားခဲ့တာကို ေတြ႔႐ွိခဲ့ရပါတယ္ ။ ထို႔ေနာက္ ခင္ပြန္းျဖစ္သူကိုစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဇနီးျဖစ္သူဟာ ႂကြယ္ဝခ်မ္းသာတဲ့မိသားစုမွ သူေ႒းသမီးျဖစ္ၿပီး Sooraj မွာ ဝင္ေငြမေကာင္းတဲ့ ဘဏ္ဝန္ထမ္းတစ္ဦးသာျဖစ္ပါတယ္ ။ ဇနီးျဖစ္သူေသဆံုးခဲ့ခ်ိန္မွာေတာ့ Sooraj ဟာ ဇနီးျဖစ္သူရဲ႕ပိုင္ဆိုင္မႈေတြကို အရယူႏိုင္ဖို႔ႀကိဳးစားခဲ့ရင္းကေန ဇနီးျဖစ္သူကဲ့မိသားစုဝင္ေတြကို သံသယျဖစ္လာခဲ့ၾကတာပါ ။

Sooraj ဟာ ဇနီးသည္ဆီမွ တင္ေတာင္းေငြ ႏွင့္ ေရႊ အေျမာက္အမ်ားရ႐ွိခဲ့ေပမဲ့လည္း မတင္းတိမ္ႏိုင္ဘဲ ဇနီးသည္ရဲ႕ပိုင္ဆိုင္မႈေတြအျပင္ ေနာက္မိန္းမယူဖို႔ႀကိဳးစားခဲ့တာပါ ။ Sooraj ကေတာ့ ဇနီးသည္ႏွင့္ကြာ႐ွင္းခဲ့လ်ွင္ တင္ေတာင္းေငြေတြျပန္ေပးရမွာ စိုးရိမ္တဲ့အတြက္ယခုလိုသတ္ပစ္ဖို႔ ၾကံစည္ခဲ့တာျဖစ္ေၾကာင့္ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္ ။ ၎တို႔စံုတြဲမွာေတာ့ 1ႏွစ္သူးအရြယ္ ကေလးငယ္ေလးတစ္ေယာက္႐ွိေၾကာင္းလည္းသိ႐ွိရပါတယ္ ။ ရဲအရာ႐ွိမ်ားကေတာ့ Sooraj အျပင္ ေႁမြမ်ားေရာင္းေပးသည့္ ေႁမြဖမ္းသူကိုလည္း ဖမ္းဆီးအေရးယူခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက် 27နှစ်အရွယ်အမျိုးသားဟာ ဇနီးသည်ရဲ့လက်ထပ်မင်္ဂလာတင်တောင်းငွေတွေ နဲ့ နောက်မိန်းမယူနိုင်ဖို့အတွက် ဇနီးသည်ကို အဆိပ်ပြင်းမြွေဟောက်နဲ့ ကြံစည်သတ်ပစ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ ပြပီးခဲ့တဲ့ မတ်လက Sooraj အမည်ရှိတဲ့ခင်ပွန်းသည်ဟာ အဆိပ်ပြင်းတဲ့မြွေပွေးတစ်ကောင်ကို 5,000 ရူပီပေးဝယ်ပြီးနောက် နေအိမ်မှာအဆိုပါမြွေပွေးကို လွတ်ခဲ့ပါတယ် ။ ဇနီးသည်ဖြစ်သူ Uthra မှာတဲ့ ခင်ပွန်းဖြစ်သူလွတ်ထားတဲ့ အဆိပ်ပြင်းတဲ့မြွေပွေးအကိုက်ခံခဲ့ရလို့ ဆေးရုံတက်ပြီးကုသမှုခံခဲ့ခဲ့ပြီးနောက် April 22 ရက်နေ့မှာတော့ ဆေးရုံမှဆင်းခွင့်ရခဲ့ပါတော့တယ် ။

ဇနီးဖြစ်သူ နေပြန်ကောင်းလာချိန် May 6 ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူဟာ နောက်ထပ်မြွေဟောက်တစ်ကောင်ကို 5,000 ရူပီပေးပြီး ထပ်မံဝယ်ယူခဲ့ပါတယ် ။ ထို့နောက် အဆိုပါမြွေဟောက်ကို အိပ်မောကျနေတဲ့ဇနီးသည်အပေါ် ပစ်တင်ခဲ့ပါတော့တယ် ။ May 7 ရက်နေ့မှာတော့ ဇနီးသည် အသက် 25 နှစ်ဟာ မြွေပေါက်ခံခဲ့ရပြီး အသက်သေဆုံးသွားခဲ့ပါတယ် ။ Uthra ရဲ့မိသားစုဝင်များကတော့ သမီးဖြစ်သူ မြွေကိုက်ခံခဲ့ရတဲ့မတော်တဆမှုကို မသင်္ကာဖြစ်လာပြီးတော့ ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ် ။

ရဲအရာရှိတွေရဲ့စစ်ဆေးမှုအရ ခင်ပွန်းဖြစ်သူ Soiraj ရဲ့ဖုန်ထဲမှာ YouTube ကနေ မြွေနှင့်ပက်သက်တဲ့ video များကြည့်ရှုခဲ့တာကိုတွေ့ရှိခဲ့တဲ့အပြင် ၊ မြွေများကိုင်တွယ်သည့်နည်းလမ်းများ လေ့လာထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ ထို့နောက် ခင်ပွန်းဖြစ်သူကိုစစ်ဆေးခဲ့ချိန်မှာတော့ ဇနီးဖြစ်သူဟာ ကြွယ်ဝချမ်းသာတဲ့မိသားစုမှ သူဋ္ဌေးသမီးဖြစ်ပြီး Sooraj မှာ ဝင်ငွေမကောင်းတဲ့ ဘဏ်ဝန်ထမ်းတစ်ဦးသာဖြစ်ပါတယ် ။ ဇနီးဖြစ်သူသေဆုံးခဲ့ချိန်မှာတော့ Sooraj ဟာ ဇနီးဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကို အရယူနိုင်ဖို့ကြိုးစားခဲ့ရင်းကနေ ဇနီးဖြစ်သူကဲ့မိသားစုဝင်တွေကို သံသယဖြစ်လာခဲ့ကြတာပါ ။

Sooraj ဟာ ဇနီးသည်ဆီမှ တင်တောင်းငွေ နှင့် ရွှေ အမြောက်အများရရှိခဲ့ပေမဲ့လည်း မတင်းတိမ်နိုင်ဘဲ ဇနီးသည်ရဲ့ပိုင်ဆိုင်မှုတွေအပြင် နောက်မိန်းမယူဖို့ကြိုးစားခဲ့တာပါ ။ Sooraj ကတော့ ဇနီးသည်နှင့်ကွာရှင်းခဲ့လျှင် တင်တောင်းငွေတွေပြန်ပေးရမှာ စိုးရိမ်တဲ့အတွက်ယခုလိုသတ်ပစ်ဖို့ ကြံစည်ခဲ့တာဖြစ်ကြောင့် ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ ၎င်းတို့စုံတွဲမှာတော့ 1နှစ်သူးအရွယ် ကလေးငယ်လေးတစ်ယောက်ရှိကြောင်းလည်းသိရှိရပါတယ် ။ ရဲအရာရှိများကတော့ Sooraj အပြင် မြွေများရောင်းပေးသည့် မြွေဖမ်းသူကိုလည်း ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment