မဂၤလာဦးညမွာ အျငင္းခံလိုက္ရၿပီးမွ ယူထားတဲ့ဇနီးေခ်ာေလးဟာ ေယာက်ၤားျဖစ္ေနမွန္း သိခဲ့ရတဲ့အမ်ိဳးသား

အင္ဒိုနီး႐ွားႏိုင္ငံ Lombok ကြၽန္းမွာေနထိုင္တဲ့ အသက္ 31 ႏွစ္အရြယ္ အမ်ိဳးသားဟာ မဂၤလာဦးညမွာဇနီးသည္က လိင္ဆက္ဆံဖို႔ျငင္းပယ္ၿပီး ၊ ဒုတိယရက္မွာ ကြာ႐ွင္းခြင့္ေတာင္းခံခဲ့ရၿပီးမွ ယူထားတဲ့ဇနီးေခ်ာေလးဟာ ေယာက်ၤားျဖစ္ေနမွန္းသိခဲ့ရပါတယ္ ။ Muh အမည္႐ွိတဲ့အဆိုပါအမ်ိဳးသားဟာ ‘Mita’ ဆိုတဲ့ေကာင္မေလးကို social media မွာေတြ႔ဆံုးခဲ့ၿပီး စကားမ်ားေျပာၾကၿပီးေနာက္ အခ်င္းခ်င္းတစ္ေယာက္နဲ႔တစ္ေယာက္ အေတာ္ေလးနားလည္လက္ခံႏိုင္တယ္လို႔ခံစားခဲ့ရၿပီး လက္ထပ္ဖို႔ဆံုးျဖတ္ခဲ့ၾကတာပါ ။ June 2 ရက္ေန႔မွာေတာ့ Muh ႏွင့္ Mita ဟာအျပင္မွာေတြ႔ဆံုခဲ့ၾကေပမဲ့ အဆိုပါေန႔မွာေတာ့ Mita ဟာ Niqah ဝတ္စံုဝတ္ဆင္ထားခဲ့လို႔ Mita ရဲ႕မ်က္ဝန္းကိုသာ Muh ေတြ႔ဆံုခြင့္ရခဲ့ပါတယ္ ။

မဂၤလာပြဲၿပီးေျမာက္တဲ့ညမွာေတာ့ Muh ဟာ အတူတူေနဖို႔ Mita ကိုေတာင္းဆိုခဲ့ေပမဲ့လည္း Mita ကျငင္းခဲ့လို႔ အေတာ္ေလးစိတ္ဓာတ္က်ၿပီး Mita ကေၾကာက္ရြံ႔ေနေသးတာဆိုၿပီးေတြးထင္ခဲ့တာပါ ။ ဒုတိယညမွာေတာ့ Mita ကကြာ႐ွင္းဖို႔ေတာင္းဆိုခဲ့တဲ့အျပင္ သူ၏ေနအိမ္ကိုျပန္သြားခဲ့ပါေတာ့တယ္ ။ Muh လည္း Mita ကိုမခြဲႏိုင္တာနဲ႔ သူမ၏ေနအိမ္ကိုလိုက္သြားဖို႔စံုစမ္းခဲ့ပါတယ္ ။ သူမရဲ႕ေနရပ္လိပ္စာကို႐ွာေတြ႔ခဲ့ခ်ိန္မွာေတာ့ လိပ္စာမွာ Mit ဆိုတဲ့အမ်ိဳးသားေနထိုင္ေၾကာင္း အမည္စာရင္းေပးသြင္းထားလို႔ လိုက္လံစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဇနီးေခ်ာေလး Mita ဟာ Mit ဆိုတဲ့အမ်ိဳးသားျဖစ္ေနေၾကာင္း သိ႐ွိခဲ့ရၿပီး Muh ဟာ ရင္ကြဲနာက်ခဲ့ပါေတာ့တယ္ ။

Muh မွာလည္း အဆိုပါအျဖစ္အပ်က္ကို ရဲစခန္းသို႔တိုင္ၾကားခဲ့ၿပီးေနာက္ တရားဝင္ကြာ႐ွင္းခြင့္ေတာင္းခံခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ားကလည္း အဆိုပါအျဖစ္အပ်က္ကိုအတည္ျပဳေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာနေထိုင်တဲ့ အသက် 31 နှစ်အရွယ် အမျိုးသားဟာ မင်္ဂလာဦးညမှာဇနီးသည်က လိင်ဆက်ဆံဖို့ငြင်းပယ်ပြီး ၊ ဒုတိယရက်မှာ ကွာရှင်းခွင့်တောင်းခံခဲ့ရပြီးမှ ယူထားတဲ့ဇနီးချောလေးဟာ ယောင်္ကျားဖြစ်နေမှန်းသိခဲ့ရပါတယ် ။ Muh အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ ‘Mita’ ဆိုတဲ့ကောင်မလေးကို social media မှာတွေ့ဆုံးခဲ့ပြီး စကားများပြောကြပြီးနောက် အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် အတော်လေးနားလည်လက်ခံနိုင်တယ်လို့ခံစားခဲ့ရပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ ။ June 2 ရက်နေ့မှာတော့ Muh နှင့် Mita ဟာအပြင်မှာတွေ့ဆုံခဲ့ကြပေမဲ့ အဆိုပါနေ့မှာတော့ Mita ဟာ Niqah ဝတ်စုံဝတ်ဆင်ထားခဲ့လို့ Mita ရဲ့မျက်ဝန်းကိုသာ Muh တွေ့ဆုံခွင့်ရခဲ့ပါတယ် ။

မင်္ဂလာပွဲပြီးမြောက်တဲ့ညမှာတော့ Muh ဟာ အတူတူနေဖို့ Mita ကိုတောင်းဆိုခဲ့ပေမဲ့လည်း Mita ကငြင်းခဲ့လို့ အတော်လေးစိတ်ဓာတ်ကျပြီး Mita ကကြောက်ရွံ့နေသေးတာဆိုပြီးတွေးထင်ခဲ့တာပါ ။ ဒုတိယညမှာတော့ Mita ကကွာရှင်းဖို့တောင်းဆိုခဲ့တဲ့အပြင် သူ၏နေအိမ်ကိုပြန်သွားခဲ့ပါတော့တယ် ။ Muh လည်း Mita ကိုမခွဲနိုင်တာနဲ့ သူမ၏နေအိမ်ကိုလိုက်သွားဖို့စုံစမ်းခဲ့ပါတယ် ။ သူမရဲ့နေရပ်လိပ်စာကိုရှာတွေ့ခဲ့ချိန်မှာတော့ လိပ်စာမှာ Mit ဆိုတဲ့အမျိုးသားနေထိုင်ကြောင်း အမည်စာရင်းပေးသွင်းထားလို့ လိုက်လံစစ်ဆေးခဲ့ချိန်မှာတော့ ဇနီးချောလေး Mita ဟာ Mit ဆိုတဲ့အမျိုးသားဖြစ်နေကြောင်း သိရှိခဲ့ရပြီး Muh ဟာ ရင်ကွဲနာကျခဲ့ပါတော့တယ် ။

Muh မှာလည်း အဆိုပါအဖြစ်အပျက်ကို ရဲစခန်းသို့တိုင်ကြားခဲ့ပြီးနောက် တရားဝင်ကွာရှင်းခွင့်တောင်းခံခဲ့ပါတယ် ။ ရဲအရာရှိများကလည်း အဆိုပါအဖြစ်အပျက်ကိုအတည်ပြုပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment