လက်မထပ်ခင် အတူပေါင်းသင်နေထိုင်ခဲ့တာကို ဖမ်းမိခဲ့လို့ပြင်းထန်တဲ့ကြိမ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ စုံတွဲ
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
ပြီးခဲ့တဲ့ June 5 ရက်နေ့က အင်ဒိုနီးရှားနိုင်ငံက စုံတွဲနှစ်ဦးဟာ လက်မထပ်ခင်အတူပေါင်းသင်းနေထိုင်ခဲ့လို့ တစ်ဦးကိုကြိမ်ဒဏ်အချက်ပေါင်း 100စီချမှတ်အပြစ်ပေးခြင်းခံခဲ့ရပါတယ် ။အဆိုပါစုံတွဲနေထိုင်တဲ့ Aceh ပြည်နယ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့တစ်ခုတည်းသော Islamic ဥပဒေပြဋ္ဌာန်းကျင့်သုံးတဲ့ပြည်နယ်ဖြစ်ပါတယ် ။ အဆိုပါ Islamic Law တွေမှာဆိုရင် လောင်းကစားပြုလုပ်ခြင်း ၊ အိမ်ထောင်ဖောက်ပြန်ခြင်း ၊ အရက်သေစာသောက်စားခြင်း နှင့် လိင်တူဆက်ဆံခြင်းတို့အတွက် ကြိမ်ဒဏ်ချမှတ်သည့် ပြစ်ဒဏ်များပါရှိပါတယ် ။ နိုင်ငံအတွင်း Covid -19 ကူးစက်ရောဂါဖြစ်ပွားနေပေမဲ့လည်း ပြစ်မှုကျူ းလွန်သူများကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၊ ရောဂါကူးစက်ပျံ့နှံ့မှုမရှိအောင် စနစ်တကျစီမံဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ် ။
ပြစ်မှုကျူ းလွန်တဲ့စုံတွဲကိုတော့ Sumatra ကျွန်းအနောက်ဖက်ပိုင်းမှာရှိတဲ့ Mosque ဘုရားကျောင်း အပြင်ဖက်မှာ ကြိမ်ဒဏ်ချမှတ်အပြစ်ပေးခဲ့တဲ့ဖြစ်ပြီး ၊ ပြစ်မှုကျူ းလွန်းတဲ့အမျိူ းသားမှာတော့ ကြိမ်ဒဏ်ကြောင့်မခံရပ်နိုင်လောက်အောင် နာကျင်ခဲ့ကြောင်းသိရှိရပါတယ် ။ ပြစ်မှုကျူ းလွန်တဲ့ အမျိုးသမီးမှာလည်း ကြိမ်ဒဏ် အချက်ပေါင်း 100 အပြစ်ပေးခံခဲ့ရပါတယ် ။
အဆိုပါအပြစ်ပေးတဲ့ အခမ်းအနားသို့ ပုံမှန်အချိန်ဆိုလျှင်လူပေါင်း ရာနှင့်ချီပြီးလာရောက်ကြည့်ရှုခဲ့ကြပေမဲ့လည်း ၊ ယခုအချိန်မှာ Covid -19 ရောဂါကူးစက်ခံရမှာကြောက်လို့ လူအနည်းငယ်သာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
  • Leave a Comment