စာေမးပြဲခန္းထဲ စာခိုးခ်ေနတာမိသြားလို႔ဆိုၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ ေက်ာင္းသားရဲ႕အျဖစ္

ၿပီးခဲ့တဲ့ June 6 ရက္ေန႔က တကၠသိုလ္ေက်ာင္းသားတစ္ဦးဟာ စာေမးပြဲခန္းတြင္းစာခိုးခ်ေနတာကို စာေမးပြဲခန္႔ေစာင့္တဲ့ဆရာက ဖမ္းမိသြားလို႔ဆိုၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့ပါတယ္ ။ အသက္ 20 အရြယ္ Shi အမည္႐ွိတဲ့ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းတကၠသိုလ္မွ ေက်ာင္းသားဟာ စာေမးပြဲခံုေအာက္ဖက္မွာ ဖုန္းကိုဖြတ္ထားၿပီး စာခိုးခ်ေနတာကို အခန္းေစာင့္ဆရာကေတြ႔႐ွိၿပီးေနာက္ သူ၏စာေမးပြဲအေျဖစာရြက္ကို သိမ္းဆည္းပစ္ခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွာေတာ့ Shi ဟာ စာေမးပြဲခန္းထဲမွာ မိနစ္ 20 ခန္႔ငိုေႂကြးေနခဲ့ပါတယ္ ။

ထို႔ေနာက္ Shi ဟာ မိခင္ျဖစ္သူကို ” ေတာင္းပန္ပါတယ္ ” ဆိုတဲ့ စာတစ္ေစာင္ေရးသားေပးပို႔ခဲ့ၿပီးေနာက္ ေက်ာင္းအေဆာက္အဦးရဲ႕အေပၚဆံုးအထပ္ကေနခုန္ခ်ၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့ပါေတာ့တယ္ ။ Shi ရဲ႕မိသားစုဝင္ေတြမွာေတာ့ Shi ကိုယ့္ကိုအဆံုးစီရင္မႈမျပဳလုပ္ခင္ ငိုေႂကြးေနခဲ့ေပမဲ့ စာေမးပြဲခန္းေစာင့္တဲ့ဆရာဟာ အားေပးႏွစ္သိမ့္ခဲ့ျခင္းမ်ိဳးမ႐ွိတဲ့အတြက္ Shi ဟာယခုလို ကိုယ့္ကိုအဆံုးစီရင္ခဲ့တာျဖစ္ေၾကာင္း အခန္းေစာင့္ဆရာကိုအျပစ္တင္စြပ္စြဲခဲ့ၾကပါတယ္ ။

Shi ရဲ႕မိသားစုဝင္မ်ားကေတာ့ ” စာေမးပြဲမွာ စာခိုးခ်တာကေတာ့ ကြၽန္မ ေမာင္ေလးရဲ႕အျပစ္ပါ ၊ ဒါေပမဲ့ ေက်ာင္းဝန္းအတြင္း ေက်ာင္းတက္ေနတဲ့အခ်ိန္မွာျဖစ္ပ်က္ခဲ့တာျဖစ္တဲ့အတြက္ တကၠသိုလ္ဖက္ကေတာ့ ယခုျဖစ္ရပ္အတြက္ တာဝန္ယူရပါမယ္ ” ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း တကၠသိုလ္ရဲ႕ပါေမာကၡေျပာၾကားခ်က္အရ စားေမးပြဲခန္းေစာင့္တဲ့ဆရာမွာ မည္သည့္အျပစ္ကိုမွ က်ဴ းလြန္ခဲ့ျခင္းမ႐ွိေၾကာင္း ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။ လူအမ်ားစုကေတာ့ တကၠသိုလ္ရဲ့ပညာေရးမွာခက္ခဲလြန္ၿပီး မိဘေတြကသားသမီးေတြအေပၚ ပညာေရးႏွင့္ပက္သက္ၿပီးတင္းက်ပ္လြန္းကာ ကေလးေတြမွာလည္း မႏိုင္သည့္ဝန္ ထမ္းေနရတာမခံႏိုင္ေတာ့တဲ့အဆံုး စိတ္ဓာတ္က်ၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့တာျဖစ္ေၾကာင္း ေထာက္ျပေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ June 6 ရက်နေ့က တက္ကသိုလ်ကျောင်းသားတစ်ဦးဟာ စာမေးပွဲခန်းတွင်းစာခိုးချနေတာကို စာမေးပွဲခန့်စောင့်တဲ့ဆရာက ဖမ်းမိသွားလို့ဆိုပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတယ် ။ အသက် 20 အရွယ် Shi အမည်ရှိတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသားဟာ စာမေးပွဲခုံအောက်ဖက်မှာ ဖုန်းကိုဖွတ်ထားပြီး စာခိုးချနေတာကို အခန်းစောင့်ဆရာကတွေ့ရှိပြီးနောက် သူ၏စာမေးပွဲအဖြေစာရွက်ကို သိမ်းဆည်းပစ်ခဲ့ပါတော့တယ် ။ ထိုအချိန်မှာတော့ Shi ဟာ စာမေးပွဲခန်းထဲမှာ မိနစ် 20 ခန့်ငိုကြွေးနေခဲ့ပါတယ် ။

ထို့နောက် Shi ဟာ မိခင်ဖြစ်သူကို ” တောင်းပန်ပါတယ် ” ဆိုတဲ့ စာတစ်စောင်ရေးသားပေးပို့ခဲ့ပြီးနောက် ကျောင်းအဆောက်အဦးရဲ့အပေါ်ဆုံးအထပ်ကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတော့တယ် ။ Shi ရဲ့မိသားစုဝင်တွေမှာတော့ Shi ကိုယ့်ကိုအဆုံးစီရင်မှုမပြုလုပ်ခင် ငိုကြွေးနေခဲ့ပေမဲ့ စာမေးပွဲခန်းစောင့်တဲ့ဆရာဟာ အားပေးနှစ်သိမ့်ခဲ့ခြင်းမျိုးမရှိတဲ့အတွက် Shi ဟာယခုလို ကိုယ့်ကိုအဆုံးစီရင်ခဲ့တာဖြစ်ကြောင်း အခန်းစောင့်ဆရာကိုအပြစ်တင်စွပ်စွဲခဲ့ကြပါတယ် ။

Shi ရဲ့မိသားစုဝင်များကတော့ ” စာမေးပွဲမှာ စာခိုးချတာကတော့ ကျွန်မ မောင်လေးရဲ့အပြစ်ပါ ၊ ဒါပေမဲ့ ကျောင်းဝန်းအတွင်း ကျောင်းတက်နေတဲ့အချိန်မှာဖြစ်ပျက်ခဲ့တာဖြစ်တဲ့အတွက် တက္ကသိုလ်ဖက်ကတော့ ယခုဖြစ်ရပ်အတွက် တာဝန်ယူရပါမယ် ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း တက္ကသိုလ်ရဲ့ပါမောက္ခပြောကြားချက်အရ စားမေးပွဲခန်းစောင့်တဲ့ဆရာမှာ မည်သည့်အပြစ်ကိုမှ ကျူ းလွန်ခဲ့ခြင်းမရှိကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ လူအများစုကတော့ တက္ကသိုလ်ရဲ့ပညာရေးမှာခက်ခဲလွန်ပြီး မိဘတွေကသားသမီးတွေအပေါ် ပညာရေးနှင့်ပက်သက်ပြီးတင်းကျပ်လွန်းကာ ကလေးတွေမှာလည်း မနိုင်သည့်ဝန် ထမ်းနေရတာမခံနိုင်တော့တဲ့အဆုံး စိတ်ဓာတ်ကျပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ထောက်ပြဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment