အတူေနထိုင္တဲ့ အသက္24ႏွစ္အရြယ္ေမြးစားသားႏွင့္ လက္ထပ္လိုက္တဲ့ အသက္ 65ႏွစ္အရြယ္အဘြားအို(႐ုပ္သံ)

အခ်စ္မွာ မ်က္စိမ႐ွိဘူးလို႔ေျပာရေလာက္ေအာင္ တကယ္ခ်စ္ရင္ အသက္အရြယ္ကြာျခားေနရင္ေတာင္မွ ရေအာင္လက္ထပ္ယူၾကတာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံကလက္ထပ္ပြဲေလးတစ္ခုဟာ လူအမ်ားရဲ႕စိတ္ဝင္စားမႈကိုအေတာ္ေလးရ႐ွိခဲ့ပါတယ္ ။ အဆိုပါစံုတြဲဟာ အသက္အရြယ္အေတာ္ေလးကြာျခားေနရံုတင္မကပဲ အစဥ္အလာကိုဆန္႔က်င္ေနတဲ့အတြက္ေၾကာင့္ပါပဲ ။ ၎တို႔ရဲ႕ မဂၤလာပြဲကို Sumatera ကြၽန္းေတာင္ဖက္မွာ က်င္းပခဲ့တာျဖစ္ၿပီး သတို႔သမီးမွာေတာ့ အသက္ 65ႏွစ္အရြယ္႐ွိၿပီး ၊ သတို႔သားမွာေတာ့ အသက္ 24 ႏွစ္အရြယ္သာ ႐ွိေသးေၾကာင္းသိ႐ွိရပါတယ္ ။

၎တို႔စံုတြဲရဲ႕ relationship အေၾကာင္းဖြင့္ဟလိုက္ခ်ိန္မွာေတာ့ လူအေတာ္အမ်ားက အေတာ္ေလးအံ့ၾသခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ သတို႔သားဟာ သတို႔သမီးရဲ႕ေမြးစားသားျဖစ္ခဲ့တာပါ ။ သတို႔သမီးရဲ႕ေျပာျပခ်က္အရ ” အစပိုင္းက သူ႔ကိုလက္ထပ္ဖို႔ မရည္ရြယ္ခဲ့ပါဘူး ၊ ကြၽန္မရဲ႕ေမြးစားသမီး 3ေယာက္လံုးက အိမ္ေထာင္က်သြားၿပီမလို႔ ၊ သူ႔ကိုလည္း အိမ္ေထာင္ဖက္႐ွာၿပီး လက္ထပ္သင့္ၿပီလို႔သာ ကြၽန္မေျပာခဲ့တာပါ ၊ ဒါေပမဲ့ သူက ကြၽန္မကိုလက္ထပ္ခ်င္တယ္လို႔ေျပာေတာ့ ကြၽန္မအေတာ္ေလးကိုအံ့ၾသခဲ့ရပါတယ္ ” ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။

သတင္းအရင္းအျမစ္အရ 65 ႏွစ္အရြယ္အမ်ိဳးသမီးက ၿပီးခဲ့တဲ့ႏွစ္က အဆိုပါအသက္ 24ႏွစ္အရြယ္အမ်ိဳးသားကို ေမြးစားထားခဲ့တာျဖစ္ၿပီး တစ္အိမ္ထဲအတူတူေနထိုင္လာခဲ့ၾကတာပါ ။ သတို႔သားမွာေတာ့ သူမက 100,000 rupiah ေပးၿပီး တင္ေတာင္းခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချစ်မှာ မျက်စိမရှိဘူးလို့ပြောရလောက်အောင် တကယ်ချစ်ရင် အသက်အရွယ်ကွာခြားနေရင်တောင်မှ ရအောင်လက်ထပ်ယူကြတာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံကလက်ထပ်ပွဲလေးတစ်ခုဟာ လူအများရဲ့စိတ်ဝင်စားမှုကိုအတော်လေးရရှိခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ အသက်အရွယ်အတော်လေးကွာခြားနေရုံတင်မကပဲ အစဉ်အလာကိုဆန့်ကျင်နေတဲ့အတွက်ကြောင့်ပါပဲ ။ ၎င်းတို့ရဲ့ မင်္ဂလာပွဲကို Sumatera ကျွန်းတောင်ဖက်မှာ ကျင်းပခဲ့တာဖြစ်ပြီး သတို့သမီးမှာတော့ အသက် 65နှစ်အရွယ်ရှိပြီး ၊ သတို့သားမှာတော့ အသက် 24 နှစ်အရွယ်သာ ရှိသေးကြောင်းသိရှိရပါတယ် ။

၎င်းတို့စုံတွဲရဲ့ relationship အကြောင်းဖွင့်ဟလိုက်ချိန်မှာတော့ လူအတော်အများက အတော်လေးအံ့သြခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ သတို့သားဟာ သတို့သမီးရဲ့မွေးစားသားဖြစ်ခဲ့တာပါ ။ သတို့သမီးရဲ့ပြောပြချက်အရ ” အစပိုင်းက သူ့ကိုလက်ထပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး ၊ ကျွန်မရဲ့မွေးစားသမီး 3ယောက်လုံးက အိမ်ထောင်ကျသွားပြီမလို့ ၊ သူ့ကိုလည်း အိမ်ထောင်ဖက်ရှာပြီး လက်ထပ်သင့်ပြီလို့သာ ကျွန်မပြောခဲ့တာပါ ၊ ဒါပေမဲ့ သူက ကျွန်မကိုလက်ထပ်ချင်တယ်လို့ပြောတော့ ကျွန်မအတော်လေးကိုအံ့သြခဲ့ရပါတယ် ” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

သတင်းအရင်းအမြစ်အရ 65 နှစ်အရွယ်အမျိုးသမီးက ပြီးခဲ့တဲ့နှစ်က အဆိုပါအသက် 24နှစ်အရွယ်အမျိုးသားကို မွေးစားထားခဲ့တာဖြစ်ပြီး တစ်အိမ်ထဲအတူတူနေထိုင်လာခဲ့ကြတာပါ ။ သတို့သားမှာတော့ သူမက 100,000 rupiah ပေးပြီး တင်တောင်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment