Delivery Order လုပ်ပြီး Cancel ပြန်လုပ်သည့် Customer များ ထောင်ဒဏ်ချမှတ်ခံရမဲ့အဖြစ်
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
ရောဂါအခြေအနေတွေကြောင့် အသွားအလာပိတ်ပင်ကန့်သတ်ထားတဲ့အချိန်မျိုးတွေမှာဆိုရင် လိုအပ်တဲ့အစားအသောက် ၊ အသုံးအဆောင်များကို online ကနေတစ်ဆင့် အိမ်အရောက် Delivery ဝန်ဆောင်မှုတွေနဲ့ မှာယူပြီး လူတွေဟာ အိမ်အတွင်းမှာသာ စိတ်ပြေလက်ပျောက်နေထိုင်နေကြတာပါ ။ သို့ပေမဲ့လည်း ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူစိတ်မရှိတဲ့ Customer အချို့ဟာ Delivery ဆိုင်ကယ်သမားတွေ အိမ်ရှေ့ရောက်လာချိန် ဒါမှမဟုတ် လမ်းတစ်ဝက်သို့ရောက်နေပြီဖြစ်တဲ့အချိန်မျိုးမှာ ၎င်းတို့ရဲ့ order ကိုပြန်ဖျက်ပစ်တာမျိုး ပြုလုပ်လေ့ရှိကြပါတယ် ။ ထို့ကြောင့် AKO Bicol Party-list Rep ရဲ့ တာဝန်ရှိသူ Alfredo Garbin က Delivery order များကို cancel ပြုလုပ်သူများအနေဖြင့် အနည်းဆုံး ထောင်ဒဏ် 6နှစ်ခန့် ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ဒဏ်ကြေးငွေ 100,000 peso ( မြန်မာငွေ သိန်း30ကျော်)ပေးဆောင်ရမည့်အပြင် မှာယူထားတဲ့အစားအသောက်ဆုံးရှုံးမှုအတွက်ပေးဆောင်ရမဲ့အပြင် delivery service အတွက်လည်း ဆိုင်ကယ်သမားများကို လျော်ကြေးထပ်မံပေးဆောင်ရမှာဖြစ်ပါတယ် ။
တစ်ချို့ဆိုရင် တစ်ကယ်မလိုအပ်ပဲ order မှာယူကြတဲ့အပြင် ၊ အချို့ဆိုရင်တော့ စနောက်ချင်ရုံသက်သက် အစားအသောက် ၊ ပစ္စည်းများမှာယူခြင်းမျိုးပြုလုပ်ကြတဲ့သူများလည်းရှိကြပါတယ် ။ ထို့အပြင် delivery သမားများကို အရှက်ရအောင် ၊ သိက္ခာကျအောင် ပြုလုပ်ပါက ထောင်ဒဏ် 6လ အထိချမှတ်ခံရနိုင်ကြောင်းလည်း ထပ်မံပြောဆိုသွားခဲ့ပါတယ် ။
မှာယူထားတဲ့ order တွေ cancel မပြုလုပ်မိအောင် အရင်ဆုံး online banking အသုံးပြုပြီး ငွေပေးချေတာမျိုးကို Customer များကပြုလုပ်လာကြပါတယ် ။
Jasmine (Mckzone Daily)
  • Leave a Comment