လူတွေနဲ့ ဓာတ်ပုံအတူတွဲရိုက်ရင်ငြိမ်နေအောင်ဆိုပြီး ခြင်္သေ့ငယ်လေးရဲ့ ခြေထောက်တွေကိုရိုက်ချိုးခဲ့ကြတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခြင်္သေ့ပေါက်စလေးဟာ ငယ်ရွယ်စဉ်ကတည်းက ရုရှားကမ်းခြေတစ်လျှောက်လာရောက်လည်ပတ်တဲ့ခရီးသွားဧည့်ငည်တွေနဲ့ ဓာတ်ပုံအတူရိုက်နိုင်အောင် ၊ ဓာတ်ပုံရိုက်နေစဉ် ထွက်မပြေးသွားအောင်ဆိုပြီး အနောက်ဖက်ခြေချောင်းနှစ်ဖက်လုံး ရိုက်ချိုးခြင်းခံခဲ့ရပါတယ် ။ Simba အမည်ရှိခြင်္သေ့ပေါက်လေးဟာ ရက်သားအရွယ်ကတည်းက လူတွေနဲ့အတူဓာတ်ပုံရိုက်ခိုင်းဖို့ မိခင်ဖြစ်သူဆီကနေ လုယူခြင်းခံခဲ့ရတာပါ ။ Simba လေးတဖြေးဖြေးပိုကြီးလာတဲ့အချိန်မှာတော့ တစ်နေရာတည်းမှာပဲ မရွှေ့တမ်းနေအောင်ဆိုပြီး အနောက်ဖက်ခြေထောက်နှစ်ချောင်းလုံးရိုက်ချိုးခြင်းခံခဲ့ရပါတယ် ။ နောက်ပိုင်း Simba လေးဟာ အတော်တိတ်ဆိတ်သွားခဲ့ပြီး နာကျင်မှုဒဏ်တွေကြောင့်ကျန်းမာရေးအတော်လေးဆိုးရွားသွားခဲ့ကာ အသက်သေဆုံးတော့မလိုအထိဖြစ်ခဲ့ရပါတယ် ။ နောက်ဆုံး Simba လေးလုံးဝမလှုပ်ရှားနိုင်တော့တဲ့အချိန်မှာ ညစ်ပတ်စုတ်ပျက်နေတဲ့တင်းကုပ်ကြီးတစ်ခုမှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ် ။

Simba လေးရဲ့အဖြစ်အပျက်ကို ရုရှားသမ္မတ Vladimir Putin ကိုယ်တိုင်ကြားသိခဲ့ချိန်မှာတော့ ပြစ်မှုကျူ းလွန်သူကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ အမိန့်ပေးခဲ့ပါတယ် ။ ကယ်ဆယ်ရေးအဖွဲ့တွေ Simba ကိုရှာတွေ့ခဲ့ချိန်မှာတော့ Simba ရဲ့ ဒဏ်ရာဟာအတော်လေးဆိုးဝါးနေပြီး အူအတွင်းမှာလည်းပျက်ဆီးမှုများရှိနေခဲ့ကာ နောက်ဖက်ခြေချောင်းတွင်းရှိကြွက်သားများဟာလည်း အတော်လေးထိခိုက်နေခဲ့ပါတယ် ။

Simba ဟာ ခွဲစိတ်ကုသမှုပေါင်းများစွာခံယူခဲ့ရတဲ့အပြင် ၊ ပြန်ပြီးလမ်းလျှောက်နိုင်ဖို့ကိုလည်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြန်လည်လေ့ကျင့်သင်ကြားပေးခဲ့ရပါတယ် ။ Simba ဟာ ယခုချိန်မှာတော့ ကျန်မာရေးပြန်လည်ကောင်းမွန်ပြီး ကောင်းမွန်စွာလမ်းလျှောက်နိုင်ဖို့အတွက် ကြိုးစားနေရသေးကြောင်းသိရှိရပါတယ် ။ ရုရှားနိုင်ငံရှိ တာဝန်ရှိသူများကတော့ ပြစ်မှုကျူ းလွန်သူများ နှင့် ပါဝင်ပက်သက်နေသူများကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment