32ထပ္တိုက္ရဲ႕ေခါင္မိုးေပၚမွာ မေၾကာက္မလန္႔ ေဆာ့ကစားေနၾကတဲ့ ကေလးငယ္ 4ေယာက္ရဲ႕ (႐ုပ္သံ)

ကေလးငယ္ေတြဟာ သူတို႔ရဲ႕သဘာဝအရ စူးစမ္းလိုစိတ္ေတြမ်ားၿပီး ၊ အေဆာ့မက္ၾကပါတယ္ ။ ထို႔အျပင္ အေရးႀကီးတာကေတာ့ ကေလးငယ္ေတြကို အႏၱရာယ္႐ွိတဲ့ေနရာေတြမွာ ေဆာ့ကစားတာမ်ိဳးမျပဳလုပ္ေအာင္ မိဘေတြကစနစ္တက်ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Guizhou ျပည္နယ္မွာ႐ွိတဲ့ ကေလးငယ္ 4ေယာက္ဟာ 32ထပ္တိုက္ရဲ႕ေခါင္မိုးေပၚမွာ အေၾကာက္အလန္႔မ႐ွိေဆာ့ကစားခဲ့ၾကပါတယ္ ။ ပိုဆိုးတာကေတာ့ ေခါင္မိုးဟာ မတ္ေစာက္တဲ့ပံုစံေခါင္မိုးျဖစ္တဲ့အျပင္ ၊ အကန္႔ေတြ ၊ လက္ရန္ေတြမပါလို႔ပါပဲ ။ Video ထဲမွာေတြ႔ရတဲ့ ကေလးငယ္ေတြဟာ အသက္ 10ႏွစ္ဝန္းက်င္ ကေလးမ်ားျဖစ္ၾကၿပီး ၊ အေရးေပၚထြက္ေျပးကေန အဆိုပါေခါင္မိုးထပ္ဆီသို႔ ခိုးတက္ခဲ့ၿပီး ေဆာ့ကစားခဲ့ပံုရပါတယ္ ။

ကေလးငယ္ႏွစ္ေယာက္မွာေတာ့ ေခါင္မိုးရဲ႕အစြန္းဖက္သို႔ ေလ်ွာဆင္သြားခဲ့ၿပီး က်န္ႏွစ္ေယာက္မွာေတာ့ တိုက္အေဆာက္အအံုရဲ႕ မိုးႀကိဳးလႊဲတိုင္ကို ကိုင္ထားၿပီး balance ျဖစ္ေအာင္ ခႏၶာကိုယ္ကို ထိန္းထားေနခဲ့တာကို ေတြ႔႐ွိရမွာပါ ။ တိုင္ၾကားခ်က္မ်ားအရ ကေလးငယ္ေတြဟာေခါင္မိုးေပၚမွာ မိနစ္ 20 ဝန္းက်င္ခန္႔ေဆာ့ကစားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါ 32ထပ္တိုက္ အေဆာက္အအံုရဲ႕အျမင့္ကို တိက်စြာေဖာ္ျပထားျခင္းမ်ိဳးမ႐ွိေပမဲ့ 328 ေပခန္႔႐ွိေၾကာင္း လူအမ်ားစုကခန္႔မွန္းခဲ့ၾကပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ ကေလးငယ္တစ္ဦးတစ္ေယာက္ကမွ ျပဳတ္က်ခဲ့ျခင္းမ်ိဳးမ႐ွိေပမဲ့ ၊ ကေလးငယ္ေတြရဲ႕မိဘမွာေတာ့ တာဝန္႐ွိသူေတြရဲ႕ေခၚယူၿပီး ဆိုဆံုးမျပစ္တင္ျခင္းကိုခံခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးငယ်တွေဟာ သူတို့ရဲ့သဘာဝအရ စူးစမ်းလိုစိတ်တွေများပြီး ၊ အဆော့မက်ကြပါတယ် ။ ထို့အပြင် အရေးကြီးတာကတော့ ကလေးငယ်တွေကို အန္တရာယ်ရှိတဲ့နေရာတွေမှာ ဆော့ကစားတာမျိုးမပြုလုပ်အောင် မိဘတွေကစနစ်တကျစောင့်ကြည့်ရမှာဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Guizhou ပြည်နယ်မှာရှိတဲ့ ကလေးငယ် 4ယောက်ဟာ 32ထပ်တိုက်ရဲ့ခေါင်မိုးပေါ်မှာ အကြောက်အလန့်မရှိဆော့ကစားခဲ့ကြပါတယ် ။ ပိုဆိုးတာကတော့ ခေါင်မိုးဟာ မတ်စောက်တဲ့ပုံစံခေါင်မိုးဖြစ်တဲ့အပြင် ၊ အကန့်တွေ ၊ လက်ရန်တွေမပါလို့ပါပဲ ။ Video ထဲမှာတွေ့ရတဲ့ ကလေးငယ်တွေဟာ အသက် 10နှစ်ဝန်းကျင် ကလေးများဖြစ်ကြပြီး ၊ အရေးပေါ်ထွက်ပြေးကနေ အဆိုပါခေါင်မိုးထပ်ဆီသို့ ခိုးတက်ခဲ့ပြီး ဆော့ကစားခဲ့ပုံရပါတယ် ။

ကလေးငယ်နှစ်ယောက်မှာတော့ ခေါင်မိုးရဲ့အစွန်းဖက်သို့ လျှောဆင်သွားခဲ့ပြီး ကျန်နှစ်ယောက်မှာတော့ တိုက်အဆောက်အအုံရဲ့ မိုးကြိုးလွှဲတိုင်ကို ကိုင်ထားပြီး balance ဖြစ်အောင် ခန္ဓာကိုယ်ကို ထိန်းထားနေခဲ့တာကို တွေ့ရှိရမှာပါ ။ တိုင်ကြားချက်များအရ ကလေးငယ်တွေဟာခေါင်မိုးပေါ်မှာ မိနစ် 20 ဝန်းကျင်ခန့်ဆော့ကစားခဲ့ကြောင်း သိရှိရပါတယ် ။

အဆိုပါ 32ထပ်တိုက် အဆောက်အအုံရဲ့အမြင့်ကို တိကျစွာဖော်ပြထားခြင်းမျိုးမရှိပေမဲ့ 328 ပေခန့်ရှိကြောင်း လူအများစုကခန့်မှန်းခဲ့ကြပါတယ် ။ ကံကောင်းစွာနဲ့ပဲ ကလေးငယ်တစ်ဦးတစ်ယောက်ကမှ ပြုတ်ကျခဲ့ခြင်းမျိုးမရှိပေမဲ့ ၊ ကလေးငယ်တွေရဲ့မိဘမှာတော့ တာဝန်ရှိသူတွေရဲ့ခေါ်ယူပြီး ဆိုဆုံးမပြစ်တင်ခြင်းကိုခံခဲ့ရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment