ထိုင်ခုံမှာသာထိုင်ပြီး ကရမယ့်အပြင် social distancing ပုံစံနှင့် နိုက်ကလပ် ပြန်ဖွင့်ခဲ့တဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူငယ်အတော်များများကတော့ အခုလိုအချိန်တွေမှာ နိုက်ကလပ်ကို အတော်လေးသွားချင်နေကြမှာပါ ။ နိုင်ငံအတော်များများက ကလပ်တွေဖွင့်ခွင့်မပေးသေးပေမဲ့လည်း နိုင်ငံအချို့မှာတော့ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိနေပြီဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း နယ်သာလန်နိုင်ငံ ၊ Nijmegen မြို့မှာဖွင့်လှစ်ထားတဲ့ ကလပ်တစ်ခုမှာတော့ ပြီးခဲ့တဲ့ June 6 ရက်နေ့ကစပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ကလပ်ကိုပြန်ဖွင့်ခဲ့ပါတယ် ။ စည်းကမ်းချက်များမှာတော့ တစ်ချိန်ကို လူအယောက် 30 သာလက်ခံရမည် ၊ ထိုင်ခုံပေါ်မှာ ထိုင်ပြီးတော့သာ ကခွင့်ရှိပါမည် ၊ social distancing မှာလည်း တစ်ဦးစီ 1.5m အကွာအဝေးရှိရမည် ၊ ကြိုတင်စာရင်းပေးရမည် စတဲ့အချက်တွေပဲ ဖြစ်ပါတယ် ။

အဆိုပါစည်းကမ်းတွေနဲ့ ကလပ်ကိုဖွင့်လိုက်တာဟာ မယုံနိုင်လောက်အောင်ဖြစ်နေပေမဲ့လည်း ဓာတ်ပုံ ၊ video နှင့်တကွ သက်သေတွေကရှိနေခဲ့ပါတယ် ။ Club ရဲ့အမည်ဟာ Doornroosje ဖြစ်ပြီး ကလပ်ကို ညဖက်မှာဖွင့်မည့်အစား ညနေခင်းအချိန်သို့ရွေ့ပြီး ပြောင်းလဲဖွင့်လှစ်ခဲ့သေးကြောင်းသိရှိရပါတယ် ။

ဆိုင်ရဲ့ မန်နေဂျာပြောပြချက်အရ ” ထိုင်နေကြတာကို ကြည့်ရတော့ အတော်ထူးဆန်းနေပေမဲ့လည်း ၊ Club လာတဲ့လူတွေကတော့ အတော်လေးပျော်ရွှင်နေကြပြီး ကျယ်လောင်တဲ့သီချင်းသံတွေကြောင့် ခံစားချက်တွေ ပြောင်းလဲသွားတယ် ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment