ႏွိပ္စက္လြန္းတဲ့မိဘေတြေၾကာင့္ ေဘးတိုက္ခန္းရဲ႕ဝရံတာဆီသို႔ ခုန္ခ်ၿပီး အသက္လုေျပးခဲ့ရတဲ့ ကေလးငယ္

မိဘအရင္းေတြရဲ႕ ႐ိုက္ႏွက္ႏွိပ္စက္မႈကိုခံေနရတဲ့ကေလးငယ္ေတြဟာဆိုရင္ ေန႔စဥ္ေန႔တိုင္းေနအိမ္မွာပိတ္ေလွာင္ျခင္းခံထားရၿပီး အကူအညီမဲ့စြာႏွိပ္စက္ခံေနရတာပါ ။ ၿပီးခဲ့တဲ့ May 29 ရက္ေန႔က ေတာင္ကိုးရီးယားႏိုင္ငံက အသက္ 9ႏွစ္အရြယ္ေကာင္မေလးတစ္ေယာက္ဟာ ႏွိပ္စက္လြန္းတဲ့မိဘေတြရဲ႕လက္ကေနလြတ္ေျမာက္ေအာင္ တိုက္အေဆာက္အအံုရဲ႕ 4လႊာမွာ႐ွိတဲ့ ေဘးခ်င္ကပ္တိုက္ခန္းရဲ႕ဝရံတာဆီသို႔ ခုန္ခ်ၿပီ ထြက္ေျပးလြတ္ေျမာက္ေအာင္ၾကိဳးစားခဲ့ပါတယ္ ။ June 11 ရက္ေန႔မွာထုတ္ေဖာ္ခဲ့တဲ့ ရဲအရာ႐ွိေတြရဲ႕ေျပာၾကားခ်က္အရ ကေလးငယ္ဟာဖိနပ္မပါဘဲ အိမ္ကေနထြက္ေျပးခဲ့ၿပီး အကူအညီေတာင္းခံခဲ့တာပါ ။ အိမ္နီးခ်င္းေတြက ကေလးငယ္ကို လမ္းမႀကီးေဘးမွာေတြ႔႐ွိခဲ့ၿပီး ရဲဌာနသို႔ဆက္သြယ္ၿပီး အကူအညီေတာင္းေပးခဲ့တာပါ ။

ေကာင္မေလးမွာေတာ့ ဖိနပ္မပါတဲ့အျပင္ ျပတ္႐ွဒဏ္ရာမ်ား ၊ ပြန္းပဲ့ဒဏ္ရာမ်ားအျပင္ မီးေလာင္ဖု (ရည္ၾကည္ဖု) မ်ားကို ခႏၶာကိုယ္အႏွံ႔ေတြ႔႐ွိခဲ့ရပါတယ္ ။ ထို႔အျပင္ ကေလးငယ္ရဲ႕ အ႐ိုးအေတာ္မ်ားမ်ားဟာလည္း က်ိဳးပဲ့ေနခဲ့ၿပီး ေသြးအားနည္းေနကာ အေတာ္ေလးအားပ်က္ေနသလိုျဖစ္ေနခဲ့ပါတယ္ ။ ရဲအရာ႐ွိေတြကို ကေလးငယ္ေျပာျပခ်က္အရ သူ၏ပေထြးမွာ အသက္ 35 ႏွစ္အရြယ္႐ွိၿပီး ၊ မိခင္မွာေတာ့ အသက္ 27 ႏွစ္အရြယ္ျဖစ္ေၾကာင္း ၎တို႔၏စကားလိုက္နာမႈမ႐ွိပါက သူမကိုသံႀကိဳးခက္ၿပီး ႐ိုက္ႏွက္ႏွိပ္စက္ၾကေၾကာင္း ၊ ယခုလို ထြက္ေျပးမလြတ္ေျမာက္ခင္က 2ရက္ခန္႔ လည္ပင္မွာသံႀကိဳးခက္ခံထားရၿပီး အိမ္သာတက္ခ်င္တယ္လို႔ ေျပာၿပီးမွ ယခုလိုထြက္ေျပးလြတ္ေျမာက္လာႏိုင္ခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟေျပာျပခဲ့ပါတယ္ ။ ကေလးငယ္မွာ အိမ္အလုပ္ေတြကိုတစ္ေယာက္တည္း လုပ္ကိုင္ခဲ့ရတဲ့အျပင္ တစ္ရက္ကို ထမင္းတစ္ႏွပ္သာ စားရေၾကာင္းသိ႐ွိရပါတယ္ ။ ကေလးငယ္လြတ္ေျမာက္ခဲ့တဲ့အခ်ိန္မွာေတာ့ သူမရဲ႕မိခင္နဲ႔ အျခားေမာင္ႏွမေတြသာ ေနအိမ္မွာ႐ွိေနခဲ့ၿပီး ပေထြးျဖစ္သူမွာေတာ့ ေနအိမ္မွာမ႐ွိခဲ့ေၾကာင္း သိရပါတယ္ ။

အဆိုပါေနအိမ္သို႔ ရဲအရာ႐ွိေတြသြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကေလးမေလးေျပာျပထားတဲ့အတိုင္း သူမကို႐ိုက္ႏွက္ႏွိပ္စက္ရာမွာအသံုးျပဳတဲ့ ပစၥည္းကိရိယာမ်ားေတြ႔႐ွိခဲ့ပါတယ္ ။ ကေလးမေလးဟာ ယခင္က မိဘမဲ့ေဂဟာမွာ 2ႏွစ္ခန္႔ေနထိုင္ခဲ့ရၿပီး 2017 ခုႏွစ္မွ မိခင္ျဖစ္သူက လာေရာက္ေခၚယူခဲ့ကာ ထိုအခ်ိန္မွစၿပီးယခုလိုႏွိပ္စက္ခံခဲ့ရတာျဖစ္ေၾကာင္းသိရပါတယ္ ။ ကေလးမေလးရဲ႕ ေက်ာင္းဆရာ ႏွင့္ အိမ္နီးခ်င္းမ်ားကေတာ့ ကေလးငယ္ယခုလိုခံစားေနရတာကို သတိမထားမိခဲ့ေၾကာင္းႏွင့္ ကေလးငယ္ဟာသူ၏ဒဏ္ရာမ်ားကို အျမဲအဝတ္အစားႏွင့္ကြယ္ဝွက္ထားတတ္ေၾကာင္း ထြက္ဆိုခဲ့ၾကပါတယ္ ။ ပေထြးျဖစ္သူကေတာ့ အခ်ိဳ႕ေသာစြပ္စြဲခ်က္မ်ားကို ဝန္ခံခဲ့ေပမဲ့ အခ်ိဳ႕အရာကိုေတာ့ျငင္းဆန္သြားခဲ့ပါတယ္ ။ယခုျဖစ္ရပ္ကိုေတာ့ဆက္လက္ၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး မိဘႏွစ္ဦးလံုးမွာေတာ့ ကေလးငယ္ကိုျငင္းပန္းႏွိပ္စက္မႈေၾကာင့္ ျပစ္ဒဏ္ခ်မွတ္ခံရမွာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘအရင်းတွေရဲ့ ရိုက်နှက်နှိပ်စက်မှုကိုခံနေရတဲ့ကလေးငယ်တွေဟာဆိုရင် နေ့စဉ်နေ့တိုင်းနေအိမ်မှာပိတ်လှောင်ခြင်းခံထားရပြီး အကူအညီမဲ့စွာနှိပ်စက်ခံနေရတာပါ ။ ပြီးခဲ့တဲ့ May 29 ရက်နေ့က တောင်ကိုးရီးယားနိုင်ငံက အသက် 9နှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ နှိပ်စက်လွန်းတဲ့မိဘတွေရဲ့လက်ကနေလွတ်မြောက်အောင် တိုက်အဆောက်အအုံရဲ့ 4လွှာမှာရှိတဲ့ ဘေးချင်ကပ်တိုက်ခန်းရဲ့ဝရံတာဆီသို့ ခုန်ချပြီ ထွက်ပြေးလွတ်မြောက်အောင်ကြိုးစားခဲ့ပါတယ် ။ June 11 ရက်နေ့မှာထုတ်ဖော်ခဲ့တဲ့ ရဲအရာရှိတွေရဲ့ပြောကြားချက်အရ ကလေးငယ်ဟာဖိနပ်မပါဘဲ အိမ်ကနေထွက်ပြေးခဲ့ပြီး အကူအညီတောင်းခံခဲ့တာပါ ။ အိမ်နီးချင်းတွေက ကလေးငယ်ကို လမ်းမကြီးဘေးမှာတွေ့ရှိခဲ့ပြီး ရဲဌာနသို့ဆက်သွယ်ပြီး အကူအညီတောင်းပေးခဲ့တာပါ ။

ကောင်မလေးမှာတော့ ဖိနပ်မပါတဲ့အပြင် ပြတ်ရှဒဏ်ရာများ ၊ ပွန်းပဲ့ဒဏ်ရာများအပြင် မီးလောင်ဖု (ရည်ကြည်ဖု) များကို ခန္ဓာကိုယ်အနှံ့တွေ့ရှိခဲ့ရပါတယ် ။ ထို့အပြင် ကလေးငယ်ရဲ့ အရိုးအတော်များများဟာလည်း ကျိုးပဲ့နေခဲ့ပြီး သွေးအားနည်းနေကာ အတော်လေးအားပျက်နေသလိုဖြစ်နေခဲ့ပါတယ် ။ ရဲအရာရှိတွေကို ကလေးငယ်ပြောပြချက်အရ သူ၏ပထွေးမှာ အသက် 35 နှစ်အရွယ်ရှိပြီး ၊ မိခင်မှာတော့ အသက် 27 နှစ်အရွယ်ဖြစ်ကြောင်း ၎င်းတို့၏စကားလိုက်နာမှုမရှိပါက သူမကိုသံကြိုးခက်ပြီး ရိုက်နှက်နှိပ်စက်ကြကြောင်း ၊ ယခုလို ထွက်ပြေးမလွတ်မြောက်ခင်က 2ရက်ခန့် လည်ပင်မှာသံကြိုးခက်ခံထားရပြီး အိမ်သာတက်ချင်တယ်လို့ ပြောပြီးမှ ယခုလိုထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟပြောပြခဲ့ပါတယ် ။ ကလေးငယ်မှာ အိမ်အလုပ်တွေကိုတစ်ယောက်တည်း လုပ်ကိုင်ခဲ့ရတဲ့အပြင် တစ်ရက်ကို ထမင်းတစ်နှပ်သာ စားရကြောင်းသိရှိရပါတယ် ။ ကလေးငယ်လွတ်မြောက်ခဲ့တဲ့အချိန်မှာတော့ သူမရဲ့မိခင်နဲ့ အခြားမောင်နှမတွေသာ နေအိမ်မှာရှိနေခဲ့ပြီး ပထွေးဖြစ်သူမှာတော့ နေအိမ်မှာမရှိခဲ့ကြောင်း သိရပါတယ် ။

အဆိုပါနေအိမ်သို့ ရဲအရာရှိတွေသွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ ကလေးမလေးပြောပြထားတဲ့အတိုင်း သူမကိုရိုက်နှက်နှိပ်စက်ရာမှာအသုံးပြုတဲ့ ပစ္စည်းကိရိယာများတွေ့ရှိခဲ့ပါတယ် ။ ကလေးမလေးဟာ ယခင်က မိဘမဲ့ဂေဟာမှာ 2နှစ်ခန့်နေထိုင်ခဲ့ရပြီး 2017 ခုနှစ်မှ မိခင်ဖြစ်သူက လာရောက်ခေါ်ယူခဲ့ကာ ထိုအချိန်မှစပြီးယခုလိုနှိပ်စက်ခံခဲ့ရတာဖြစ်ကြောင်းသိရပါတယ် ။ ကလေးမလေးရဲ့ ကျောင်းဆရာ နှင့် အိမ်နီးချင်းများကတော့ ကလေးငယ်ယခုလိုခံစားနေရတာကို သတိမထားမိခဲ့ကြောင်းနှင့် ကလေးငယ်ဟာသူ၏ဒဏ်ရာများကို အမြဲအဝတ်အစားနှင့်ကွယ်ဝှက်ထားတတ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ် ။ ပထွေးဖြစ်သူကတော့ အချို့သောစွပ်စွဲချက်များကို ဝန်ခံခဲ့ပေမဲ့ အချို့အရာကိုတော့ငြင်းဆန်သွားခဲ့ပါတယ် ။ယခုဖြစ်ရပ်ကိုတော့ဆက်လက်ပြီး စစ်ဆေးမှုများပြုလုပ်နေပြီး မိဘနှစ်ဦးလုံးမှာတော့ ကလေးငယ်ကိုငြင်းပန်းနှိပ်စက်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment