မေတာ္တဆမႈေၾကာင့္ အလုပ္ထုတ္ခံခဲ့ရေပမဲ့ ဇြဲမေလ်ွာ့ဘဲ ဘဝအတြက္႐ုန္းကန္ခဲ့တဲ့ အဘိုးအို

မၾကာေသးခင္က မေလး႐ွားႏိုင္ငံ ၊ Puchong ၿမိဳ႕ရဲ႕ Hong Leong ဘဏ္ေ႐ွ႕မွာ ေပါင္မုန္႔ ၊ ကိတ္မုန္႔ေတြ ေရာင္းေနတဲ့ ဦးေလးၾကီးတစ္ေယာက္ရဲ႕အေၾကာင္းဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔လာခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါဦးေလးႀကီးဟာ Kuala Lumpur ၿမိဳ႕မွာ႐ွိတဲ့ ကုမၸဏီတစ္ခုမွာ အေရာင္းဝန္ထမ္းတစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ခဲ့ပါတယ္ ။ 2015 ခုႏွစ္မွာေတာ့ အလုပ္တြင္းမေတာ္တဆတစ္ခုေၾကာင့္ ဆိုးဆိုးဝါးဝါးဒဏ္ရာရ႐ွိခဲ့ၿပီး ေနာက္ဆံုးမွာေတာ့ အလုပ္ကေနထြက္ခဲ့ရပါေတာ့တယ္ ။

သို႔ေပမဲ့လည္း အလုပ္ႀကိဳးစားလြန္းတဲ့ဦးေလးႀကီးဟာ ပိုက္ဆံ႐ွာႏိုင္ဖို႔ နည္းလမ္း႐ွာခဲ့ပါေတာ့တယ္ ။ အဲတာကေတာ့ ထိခိုက္ဒဏ္ရာမရႏိုင္တဲ့ ႐ိုး႐ွင္းတဲ့နည္းလမ္းနဲ႔ အရသာ႐ွိလြန္းတဲ့မုန္႔ေတြျပဳလုပ္ၿပီး ေရာင္းခ်ဖို႔ပါပဲ ။

ဦးေလးႀကီးဟာ မုန္႔ေတြကို Hong Leong ဘဏ္ေ႐ွ႕မွာေရာင္းခ်ခဲ့ၿပီး ၊ အရသာ႐ွိလွတဲ့ မုန္႔ ၊ cookie မ်ိဳးစံုကို စားပြဲေပၚမွာေလးတင္ၿပီး စားပြဲခံုေလးရဲ႕ေဘးမွာခံုေလးတစ္လံုးႏွင့္ထိုင္ကာ ေအးေဆးစြာေစ်းေရာင္းေနခဲ့တာပါ ။ ထို႔အျပင္ ” ပံုမွန္အလုပ္ေတြ လုပ္ကိုင္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေတြ ေမြးဖြားလာခဲ့တာပါ ၊ ဒါေပမဲ့ 2015 ခုႏွစ္မွာ မေတာ္တဆတစ္ခုေၾကာင့္ ကြၽန္ေတာ္အလုပ္ထြက္ခဲ့ရၿပီး ၊ အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး ၊ အခုေတာ့ မုန္႔ဖုတ္ေနပါတယ္ ၊ အားေပးၾကပါ ” ဆိုၿပီး ေၾကာ္ျငာစာရြက္ေလးနဲ႔ ေစ်းေရာင္းခ်ေနခဲ့တာပါ ။ အဆိုပါဦးေလးႀကီးရဲ႕အျဖစ္ကို လူအမ်ားသိ႐ွိၿပီးေနာက္ အနီးအနားပတ္ဝန္းက်င္သို႔ေရာက္လ်ွင္ သြားေရာက္အားေပးဖို႔ လူအခ်ိဳ႕က တိုက္တြန္းခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က မလေးရှားနိုင်ငံ ၊ Puchong မြို့ရဲ့ Hong Leong ဘဏ်ရှေ့မှာ ပေါင်မုန့် ၊ ကိတ်မုန့်တွေ ရောင်းနေတဲ့ ဦးလေးကြီးတစ်ယောက်ရဲ့အကြောင်းဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးပျံ့နှံ့လာခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါဦးလေးကြီးဟာ Kuala Lumpur မြို့မှာရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ် ။ 2015 ခုနှစ်မှာတော့ အလုပ်တွင်းမတော်တဆတစ်ခုကြောင့် ဆိုးဆိုးဝါးဝါးဒဏ်ရာရရှိခဲ့ပြီး နောက်ဆုံးမှာတော့ အလုပ်ကနေထွက်ခဲ့ရပါတော့တယ် ။

သို့ပေမဲ့လည်း အလုပ်ကြိုးစားလွန်းတဲ့ဦးလေးကြီးဟာ ပိုက်ဆံရှာနိုင်ဖို့ နည်းလမ်းရှာခဲ့ပါတော့တယ် ။ အဲတာကတော့ ထိခိုက်ဒဏ်ရာမရနိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းနဲ့ အရသာရှိလွန်းတဲ့မုန့်တွေပြုလုပ်ပြီး ရောင်းချဖို့ပါပဲ ။

ဦးလေးကြီးဟာ မုန့်တွေကို Hong Leong ဘဏ်ရှေ့မှာရောင်းချခဲ့ပြီး ၊ အရသာရှိလှတဲ့ မုန့် ၊ cookie မျိုးစုံကို စားပွဲပေါ်မှာလေးတင်ပြီး စားပွဲခုံလေးရဲ့ဘေးမှာခုံလေးတစ်လုံးနှင့်ထိုင်ကာ အေးဆေးစွာဈေးရောင်းနေခဲ့တာပါ ။ ထို့အပြင် ” ပုံမှန်အလုပ်တွေ လုပ်ကိုင်နိုင်ဖို့ ကျွန်တော်တို့တွေ မွေးဖွားလာခဲ့တာပါ ၊ ဒါပေမဲ့ 2015 ခုနှစ်မှာ မတော်တဆတစ်ခုကြောင့် ကျွန်တော်အလုပ်ထွက်ခဲ့ရပြီး ၊ အလုပ်မလုပ်နိုင်တော့ပါဘူး ၊ အခုတော့ မုန့်ဖုတ်နေပါတယ် ၊ အားပေးကြပါ ” ဆိုပြီး ကြော်ငြာစာရွက်လေးနဲ့ ဈေးရောင်းချနေခဲ့တာပါ ။ အဆိုပါဦးလေးကြီးရဲ့အဖြစ်ကို လူအများသိရှိပြီးနောက် အနီးအနားပတ်ဝန်းကျင်သို့ရောက်လျှင် သွားရောက်အားပေးဖို့ လူအချို့က တိုက်တွန်းခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment