ဆင္းရဲလြန္းလို႔ Online Classes ေတြကေနစာသင္ၾကားဖို႔ေတာင္ အဆင္မေျပလို႔ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ ေက်ာင္းသူေလး

Covid – 19 ကူးစက္ပ်ံ့ႏွံ႔မႈေတြ ျမင့္မားလာတာနဲ႔အမ်ွ ေက်ာင္းအေတာ္မ်ားမ်ားဟာ ပိတ္ထားခဲ့ရၿပီး ၊ အခ်ိဳ႕ဆိုရင္ online classes ေတြကေန ဆက္ၿပီးပညာသင္ၾကားမႈမ်ားျပဳလုပ္လာရပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အိႏၵိယႏိုင္ငံ ၊ Kerala ျပည္နယ္မွာ ေနထိုင္တဲ့ အသက္ 14 ႏွစ္အရြယ္ ေကာင္မေလးတစ္ဦးဟာ TV ၊ စမတ္ဖုန္းေတြကေန စာသင္ယူဖို႔ လံုးဝမသက္ႏိုင္ေအာင္ဆင္းရဲလြန္းလို႔ဆိုၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့ပါတယ္ ။ ေကာင္မေလးဟာ June 1 ရက္ေန႔မွာေတာ့ ေနအိမ္ကေနေပ်ာက္ဆံုးသြားခဲ့ၿပီး ၊ သူမရဲ႕ရုပ္အေလာင္းကို ေနအိမ္အနီးနားမွာ ညေန 3:30 အခ်ိန္ခန္႔မွာ ႐ွာေဖြေတြ႔႐ွိခဲ့တာပါ ။ ေကာင္မေလးရဲ႕ ႐ုပ္အေလာင္းဟာ မီးေလာင္ထားမႈေၾကာင့္ တူးခ်စ္ေနကာ ၊ ႐ုပ္အေလာင္းရဲ႕ေဘးဖက္မွာ ဓာတ္ဆီပုလင္းကိုေတြ႔႐ွိခဲ့တဲ့အတြက္ ေကာင္မေလးဟာ ကိုယ့္ကိုမီး႐ႈိ့ၿပီးအဆံုးစီရင္ခဲ့တာျဖစ္ေၾကာင္း ရဲအရာ႐ွိမ်ားက ခန္႔မွန္းခဲ့ၾကပါတယ္ ။

ေကာင္မေလးရဲ႕ဖခင္ျဖစ္သူမွာေတာ့ Covid – 19 ကူးစက္ပ်ံ့ႏွံ႔မႈေၾကာင့္ Lockdown ခ်ထားတဲ့အခ်ိန္ကေနစၿပီး ယခုအထိ ဝင္ေငြမ႐ွိေတာ့ေလာက္ေအာင္ကို ခက္ခဲခဲ့ေၾကာင္းႏွင့္ ေနအိမ္မွာ TV ႐ွိေသာ္လည္း ပ်က္ေနခဲ့၍ျပင္ဆင္ဖို႔အတြက္ေတာင္ ပိုက္ဆံမ႐ွိေၾကာင္း ၊ ထို႔ေၾကာင့္ သမီးျဖစ္သူကို သူငယ္ခ်င္းအိမ္မွာအတူၾကည့္ၿပီး စာသင္ႏိုင္မဲ့အခြင့္အေရးမိ်ိဳးရမွာပါ ဆိုၿပီး သမီးျဖစ္သူကို ေခ်ာ့ေမာ့ခဲ့ေပမဲ့လည္း ကေလးငယ္မွာ စာဆက္လက္မသင္ၾကားႏိုင္ေတာ့မွာ စိုးရိမ္ၿပီး စိတ္ဓာတ္က်ကာ ေမ်ွာ္လင့္ခ်က္မဲ့ၿပီး ယခုလိုကိုယ့္ကိုအဆံုးစီရင္သြားခဲ့တာျဖစ္ပါတယ္ ။

ေကာင္မေလးရဲ႕မိခင္မွာလည္း မီးဖြားၿပီးရက္အနည္းငယ္သာ ႐ွိေသးတဲ့အျပင္ ၊ မိသားစုစီးပြားေရးအေျခအေနေၾကာင့္ သူမယခုလို ဆံုးျဖတ္ခ်က္ခ်ခဲ့တာပါ ။ ယခုလိုပညာေရးအေျခအေနဟာ ဆင္းရဲလြန္းတဲ့ကေလးငယ္ေတြအတြက္ တန္းတူညီမ်ွအခြင့္အေရးမ႐ွိတဲ့အတြက္ ေရ႐ွည္မွာ ေက်ာင္းသားေတြဟာ ယခုလိုကိစၥမ်ိဳးထပ္မံၾကံဳေတြ႔လာရႏိုင္ေၾကာင္း လူအမ်ားစုက ေထာက္ျပေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Covid – 19 ကူးစက်ပျံ့နှံ့မှုတွေ မြင့်မားလာတာနဲ့အမျှ ကျောင်းအတော်များများဟာ ပိတ်ထားခဲ့ရပြီး ၊ အချို့ဆိုရင် online classes တွေကနေ ဆက်ပြီးပညာသင်ကြားမှုများပြုလုပ်လာရပါတယ် ။ ဒီတစ်ခေါက်မှာလည်း အိန္ဒိယနိုင်ငံ ၊ Kerala ပြည်နယ်မှာ နေထိုင်တဲ့ အသက် 14 နှစ်အရွယ် ကောင်မလေးတစ်ဦးဟာ TV ၊ စမတ်ဖုန်းတွေကနေ စာသင်ယူဖို့ လုံးဝမသက်နိုင်အောင်ဆင်းရဲလွန်းလို့ဆိုပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတယ် ။ ကောင်မလေးဟာ June 1 ရက်နေ့မှာတော့ နေအိမ်ကနေပျောက်ဆုံးသွားခဲ့ပြီး ၊ သူမရဲ့ရုပ်အလောင်းကို နေအိမ်အနီးနားမှာ ညနေ 3:30 အချိန်ခန့်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ ။ ကောင်မလေးရဲ့ ရုပ်အလောင်းဟာ မီးလောင်ထားမှုကြောင့် တူးချစ်နေကာ ၊ ရုပ်အလောင်းရဲ့ဘေးဖက်မှာ ဓာတ်ဆီပုလင်းကိုတွေ့ရှိခဲ့တဲ့အတွက် ကောင်မလေးဟာ ကိုယ့်ကိုမီးရှို့ပြီးအဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ရဲအရာရှိများက ခန့်မှန်းခဲ့ကြပါတယ် ။

ကောင်မလေးရဲ့ဖခင်ဖြစ်သူမှာတော့ Covid – 19 ကူးစက်ပျံ့နှံ့မှုကြောင့် Lockdown ချထားတဲ့အချိန်ကနေစပြီး ယခုအထိ ဝင်ငွေမရှိတော့လောက်အောင်ကို ခက်ခဲခဲ့ကြောင်းနှင့် နေအိမ်မှာ TV ရှိသော်လည်း ပျက်နေခဲ့၍ပြင်ဆင်ဖို့အတွက်တောင် ပိုက်ဆံမရှိကြောင်း ၊ ထို့ကြောင့် သမီးဖြစ်သူကို သူငယ်ချင်းအိမ်မှာအတူကြည့်ပြီး စာသင်နိုင်မဲ့အခွင့်အရေးမျိုးရမှာပါ ဆိုပြီး သမီးဖြစ်သူကို ချော့မော့ခဲ့ပေမဲ့လည်း ကလေးငယ်မှာ စာဆက်လက်မသင်ကြားနိုင်တော့မှာ စိုးရိမ်ပြီး စိတ်ဓာတ်ကျကာ မျှော်လင့်ချက်မဲ့ပြီး ယခုလိုကိုယ့်ကိုအဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ် ။

ကောင်မလေးရဲ့မိခင်မှာလည်း မီးဖွားပြီးရက်အနည်းငယ်သာ ရှိသေးတဲ့အပြင် ၊ မိသားစုစီးပွားရေးအခြေအနေကြောင့် သူမယခုလို ဆုံးဖြတ်ချက်ချခဲ့တာပါ ။ ယခုလိုပညာရေးအခြေအနေဟာ ဆင်းရဲလွန်းတဲ့ကလေးငယ်တွေအတွက် တန်းတူညီမျှအခွင့်အရေးမရှိတဲ့အတွက် ရေရှည်မှာ ကျောင်းသားတွေဟာ ယခုလိုကိစ္စမျိုးထပ်မံကြုံတွေ့လာရနိုင်ကြောင်း လူအများစုက ထောက်ပြဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment