8နှစ်ခန့်တွဲခဲ့တဲ့ချစ်သူအတွက် လိုအပ်တာတွေအသေးစိတ်ဝယ်ပေးပြီး Surprise လုပ်ပေးခဲ့တဲ့ ကောင်လေး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ Andrew အမည်ရှိတဲ့ ကောင်လေးဟာ သူနှင့် 8နှစ်ခန့်တွဲလာခဲ့တဲ့ ချစ်သူကောင်မလေးကို အကောင်းဆုံးနည်းလမ်းနဲ့ Surprise လုပ်ပေးခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်လေးကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီးနောက်မှာတော့ မမျှော်လင့်ဘဲ အတော်လေးကို လူကြိုက်များခဲ့တဲ့အပြင် ၊ ပြန်လည်ဝေမျှသူလည်း အများအပြားရှိခဲ့ပါတယ် ။ ကောင်လေးဟာ ” သူနဲ့ကျွန်တော်တွဲလာတာ 8နှစ်ရှိပြီ ၊ အဲ့ကြောင့် ကျွန်တော်လုပ်ပေးနိုင်တဲ့ Surprise အရာတွေသိပ်မရှိတော့ဘူး ၊ အကောင်းဆုံးနည်းကတော့ သူမရဲ့ online shopping cart ကို စစ်ကြည့်ဖို့ပါပဲ ” ဆိုပြီး post caption အဖြစ်ရေးသားခဲ့ပါတယ် ။

Andrew ဟာ သူမရဲ့ shopping cart ကနေ တစ်လခန့်ကြိုတင်ပြီး သူမအတွက်လိုအပ်မဲ့ပစ္စည်းလေးတွေကို ကြိုမှာပေးခဲ့တာပါ ။ June 15 ရက်နေ့မှာတော့ delivery သမားတွေဆီကနေ Andrew ဟာ ဖုန်းလက်ခံရရှိခဲ့ပြီး ထိုအချိန်မှ ချစ်သူကောင်မလေးကို လှမ်းပြောပြီး Surprise လုပ်ပေးခဲ့တာပါ ။ ချစ်သူကောင်မလေး Chia Yen ဟာလည်း အတော်လေးကို ပျော်ရွှင်သွားခဲ့ပုံရပြီး မှာယူထားတဲ့ပစ္စည်းတွေကိုသယ်ယူဖို့ လက်တွန်းလှည်းနဲ့အိမ်ကနေထွက်လာခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်လေးကို Andrew က ” Taobao ပါဆယ်အထုပ်အပိုးတွေကို လက်တွန်းလှည်းနဲ့သယ်ဖို့ ဒီအချိန်က သူမအားကြီးပြီးအသန်မာဆုံးအချိန်ပဲ ” ဆိုပြီး နောက်ပြောင်ခဲ့ပါသေးတယ် ။ ချစ်သူအတွက် မှာယူပေးခဲ့တဲ့ ပစ္စည်းတွေမှာဆိုရင် အဝတ်အစား ၊ နာမည်ကြီးတဲ့ Face mark တွေ ၊ သူမနဲ့လိုက်ဖက်တဲ့ အသုံးအဆောင်ပစ္စည်းအသေးစိတ်တွေ အကုန်ပါရှိခဲ့ပါတယ် ။ အဆိုပါ post လေးကို မိန်းကလေးအတော်များများက အားကျခဲ့ကြပြီး ၎င်းတို့ကိုလည်း အဆိုပါနည်းလမ်းကဲ့သို့ Surprise လုပ်ပေးဖို့ ချစ်သူကောင်လေးတွေကို tag တွဲပြီး တောင်းဆိုလာကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment