Covid -19 ကူးစက္ခံရတဲ့ အဘြားျဖစ္သူကို Mouth-To-Mouth ျဖင့္ အသက္ျပန္႐ႈေအာင္ႀကိဳးစားခဲ့တဲ့ ေျမးရဲ႕အျဖစ္

အခ်ိဳ႕ေသာသူေတြဟာ အဘိုး၊ အဘြားေတြနဲ႔သာႀကီးျပင္းလာခဲ့ရလို႔ ၎တို႔အတြက္ အဘိုးအဘြားေတြဟာ မိဘတစ္ဖြယ္ခ်စ္ျမတ္ႏိုးတန္ဖိုးထားေနရတာပါ ။ မၾကာေသးခင္က online ေပၚမွာ ပ်ံ့ႏွံ့ေနခဲ့တဲ့ ဓာတ္ပံုေလးရဲ႕ေနာက္ကြယ္က ေျမးအဘြားရဲ႕အျဖစ္ဟာလည္း အေတာ္ေလးရင္ကြဲနာက်ရေလာက္တဲ့အထိ ျမင္ေတြ႔ေနရသူေတြကိုခံစားရေစမွာပါ ။ ထို႔အျပင္ အဆိုပါဓာတ္ပံုေလးထဲမွ ေျမးျဖစ္သူဟာ သူ၏အဘြားကို မည္မ်ွခ်စ္ျမတ္ႏိုးေၾကာင္း စားဖြဲ႔ၿပီးေျပာဆိုရင္ေတာင္ မမွီပါဘူး ။ ျဖစ္စဥ္ကေတာ့ မက္စီကိုျမိဳ႕ရဲ႕ General Hospital ဆိုတဲ့ေဆးရံုရဲ႕ ကားပါကင္တစ္ေနရာမွာ အမ်ိဳးသားတစ္ဦးဟာ Covid -19 ကူးစက္ခံထားရတဲ့ အဘြားျဖစ္သူကို ေဆးရံုတက္ေရာက္ကုသႏိုင္ျပင္ဆင္ေနခဲ့တာပါ ။ ထို႔ေနာက္ အဘြားျဖစ္သူကို ကားထဲမွာေစာင့္ခိုင္ခဲ့ၿပီးေနာက္ ေဆးရံုအတြင္းသို႔ေျပးဝင္ခဲ့ၿပီး ကားဆီသို႔ျပန္လာခ်ိန္မွာေတာ့ မေမ်ွာ္လင့္ထားခဲ့တဲ့အေျခအေနပံုစံနဲ႔ အဘြားျဖစ္သူကိုျမင္ေတြ႔ခဲ့ပါေတာ့တယ္ ။

အဲဒါကေတာ့ အဘြားျဖစ္သူဟာ အသက္မ႐ႈေတာ့သလို ဘာတံု႔ျပန္မႈမ်ိဳးမွမ႐ွိေတာ့လို႔ အဆိုပါအမ်ိဳးသားဟာ ေရာဂါကူးစက္ခံရမွာကိုမေၾကာက္ေတာ့ဘဲ ခ်က္ခ်င္းအဘြားျဖစ္သူကိုကယ္ႏိုင္ဖို႔ mouth-to-mouth ျဖင့္ အဘြားျဖစ္သူ သတိျပန္လည္လာေအာင္ႀကိဳးစားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဘြားျဖစ္သူဆီကေန မည္သည့္တံု႔ျပန္မႈမ်ိဳးကိုမွ ျပန္မရခဲ့ပါဘူး ။

ကံဆိုးစြာနဲ႔ပဲ ဆရာဝန္သူေတြ အဆိုပါေနရာသို႔ ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ အဘြားျဖစ္သူဟာ Covid-19 ေရာဂါေၾကာင့္ ေသဆံုးသြားခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္ ။ အဆိုပါဓာတ္ပံုေတြကိုေတာ့ နာမည္ႀကီး ဓာတ္ပံုဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့ Moise’s Pablo က ႐ိုက္ကူးခဲ့တာပါ ။ ေျမးျဖစ္သူကေတာ့ Covid-19 ကူးစက္ခံထားရတယ္ဆိုၿပီး တိက်ေသခ်ာတဲ့သတင္းမ်ိဳးေတာ့ လက္ခံရ႐ွိျခင္းမ်ိဳးမ႐ွိေသးပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချို့သောသူတွေဟာ အဘိုး၊ အဘွားတွေနဲ့သာကြီးပြင်းလာခဲ့ရလို့ ၎င်းတို့အတွက် အဘိုးအဘွားတွေဟာ မိဘတစ်ဖွယ်ချစ်မြတ်နိုးတန်ဖိုးထားနေရတာပါ ။ မကြာသေးခင်က online ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ ဓာတ်ပုံလေးရဲ့နောက်ကွယ်က မြေးအဘွားရဲ့အဖြစ်ဟာလည်း အတော်လေးရင်ကွဲနာကျရလောက်တဲ့အထိ မြင်တွေ့နေရသူတွေကိုခံစားရစေမှာပါ ။ ထို့အပြင် အဆိုပါဓာတ်ပုံလေးထဲမှ မြေးဖြစ်သူဟာ သူ၏အဘွားကို မည်မျှချစ်မြတ်နိုးကြောင်း စားဖွဲ့ပြီးပြောဆိုရင်တောင် မမှီပါဘူး ။ ဖြစ်စဉ်ကတော့ မက်စီကိုမြို့ရဲ့ General Hospital ဆိုတဲ့ဆေးရုံရဲ့ ကားပါကင်တစ်နေရာမှာ အမျိုးသားတစ်ဦးဟာ Covid -19 ကူးစက်ခံထားရတဲ့ အဘွားဖြစ်သူကို ဆေးရုံတက်ရောက်ကုသနိုင်ပြင်ဆင်နေခဲ့တာပါ ။ ထို့နောက် အဘွားဖြစ်သူကို ကားထဲမှာစောင့်ခိုင်ခဲ့ပြီးနောက် ဆေးရုံအတွင်းသို့ပြေးဝင်ခဲ့ပြီး ကားဆီသို့ပြန်လာချိန်မှာတော့ မမျှော်လင့်ထားခဲ့တဲ့အခြေအနေပုံစံနဲ့ အဘွားဖြစ်သူကိုမြင်တွေ့ခဲ့ပါတော့တယ် ။

အဲဒါကတော့ အဘွားဖြစ်သူဟာ အသက်မရှုတော့သလို ဘာတုံ့ပြန်မှုမျိုးမှမရှိတော့လို့ အဆိုပါအမျိုးသားဟာ ရောဂါကူးစက်ခံရမှာကိုမကြောက်တော့ဘဲ ချက်ချင်းအဘွားဖြစ်သူကိုကယ်နိုင်ဖို့ mouth-to-mouth ဖြင့် အဘွားဖြစ်သူ သတိပြန်လည်လာအောင်ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဘွားဖြစ်သူဆီကနေ မည်သည့်တုံ့ပြန်မှုမျိုးကိုမှ ပြန်မရခဲ့ပါဘူး ။

ကံဆိုးစွာနဲ့ပဲ ဆရာဝန်သူတွေ အဆိုပါနေရာသို့ ရောက်ရှိလာခဲ့ချိန်မှာတော့ အဘွားဖြစ်သူဟာ Covid-19 ရောဂါကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ် ။ အဆိုပါဓာတ်ပုံတွေကိုတော့ နာမည်ကြီး ဓာတ်ပုံဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Moise’s Pablo က ရိုက်ကူးခဲ့တာပါ ။ မြေးဖြစ်သူကတော့ Covid-19 ကူးစက်ခံထားရတယ်ဆိုပြီး တိကျသေချာတဲ့သတင်းမျိုးတော့ လက်ခံရရှိခြင်းမျိုးမရှိသေးပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment