ကပ္ေရာဂါေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့မိဘေတြကို ကူညီဖို႔လမ္းေဘးမွာ ေစ်းေရာင္းေနခဲ့ၾကတဲ့ေမာင္ႏွမေတြ

ယခုလိုေရာဂါအေျခအေနေတြေၾကာင့္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ အလုပ္လက္မဲ့လူဦးေရေတြဟာ မ်ားျပားလာေနလို႔ ၊ လူအေတာ္မ်ားမ်ားဟာ ဝင္ေငြအၾကပ္အတည္းႏွင့္ ရင္ဆိုင္လာရလ်က္႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက ကေလးငယ္4ေယာက္ဟာ အလုပ္လက္မဲ့ျဖစ္သြားလို႔ ဝင္ေငြအခက္အခဲျဖစ္ေနတဲ့ ၎တို႔ရဲ႕မိဘေတြကိုကူညီႏိုင္ဖို႔ လမ္းမႀကီးေဘးမွာ ေခါက္ဆြဲေျခာက္ထုပ္ေလးေတြကိုထိုင္ေရာင္းခဲ့ၾကပါတယ္ ။ ယခုလိုေရာဂါအေျခအေနမတည္ၿငိမ္ေသးတဲ့အခ်ိန္မွာ ကေလးငယ္ေတြဟာ အုပ္ထိန္းသူလူႀကီးေတြမပါဘဲ လမ္းေဘးမွာေစ်းထိုင္ေရာင္းေနခဲ့ၾကတဲ့အျပင္ တစ္ဖက္မွာေက်ာင္းစာကိုလည္း လုပ္ေနခဲ့ၾကပါေသးတယ္ ။

ပိုၿပီးဆိုးဝါးတာက ကေလးငယ္ေတြဟာ မိုးဒဏ္ ၊ ေနဒဏ္ခံႏိုင္ေအာင္ ထီးေလးေတာင္မေဆာင္လာၾကလို႔ပါပဲ ။ ပတ္ဝန္းက်င္႐ွိလူမ်ားက မိဘအုပ္ထိန္းသူမပါဘဲ ယခုလိုေစ်းေရာင္းေနၾကတဲ့ကေလးေတြကို ခြင့္ျပဳတာပဲလား ၊ ကပ္ေရာဂါအေျခအေနကိုမေၾကာက္ရြံ႔ဘဲ မိဘေတြက ကေလးငယ္ကိုေစ်းေရာင္းဖို႔ ခြင့္ျပဳခဲ့တာလား ၊ လူႀကီးေတြက တျခားနည္းလမ္းနဲ႔ အခုလိုအခက္အခဲေတြကိုေျဖ႐ွင္းသင့္တယ္ ဆိုၿပီးမ်ိဳးစံုသံုးသပ္ေမးခြန္းထုတ္ခဲ့ၾကပါတယ္ ။

ကေလးငယ္ေတြရဲ႕အေၾကာင္းကို Facebook စာမ်က္ႏွာေပၚမွာ ဖတ္႐ႈခဲ့ရသူမ်ားက သနားစာနာလို႔ အဆိုပါေနရာသို႔ကေလးငယ္ကို လာေရာက္ၾကည့္႐ႈစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကေလးငယ္ေတြ ထပ္ၿပီးေစ်းေရာင္းေနၾကတာကို မေတြ႔႐ွိခဲ့ေၾကာင္း ေျပာျပခဲ့ၾကပါတယ္ ။ မည္သို႔ပင္ျဖစ္ေစကာမႈ မိဘေတြကိုကူညီေပးခ်င္တဲ့ အဆိုပါေမာင္ႏွမ 4ေယာက္ရဲ႕ ျဖဴစင္လြန္းတဲ့စိတ္ထားကေတာ့ ခ်ီးက်ဴ းဖို႔ထိုက္တန္လြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလိုရောဂါအခြေအနေတွေကြောင့် နိုင်ငံအတော်များများမှာ အလုပ်လက်မဲ့လူဦးရေတွေဟာ များပြားလာနေလို့ ၊ လူအတော်များများဟာ ဝင်ငွေအကြပ်အတည်းနှင့် ရင်ဆိုင်လာရလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက ကလေးငယ်4ယောက်ဟာ အလုပ်လက်မဲ့ဖြစ်သွားလို့ ဝင်ငွေအခက်အခဲဖြစ်နေတဲ့ ၎င်းတို့ရဲ့မိဘတွေကိုကူညီနိုင်ဖို့ လမ်းမကြီးဘေးမှာ ခေါက်ဆွဲခြောက်ထုပ်လေးတွေကိုထိုင်ရောင်းခဲ့ကြပါတယ် ။ ယခုလိုရောဂါအခြေအနေမတည်ငြိမ်သေးတဲ့အချိန်မှာ ကလေးငယ်တွေဟာ အုပ်ထိန်းသူလူကြီးတွေမပါဘဲ လမ်းဘေးမှာဈေးထိုင်ရောင်းနေခဲ့ကြတဲ့အပြင် တစ်ဖက်မှာကျောင်းစာကိုလည်း လုပ်နေခဲ့ကြပါသေးတယ် ။

ပိုပြီးဆိုးဝါးတာက ကလေးငယ်တွေဟာ မိုးဒဏ် ၊ နေဒဏ်ခံနိုင်အောင် ထီးလေးတောင်မဆောင်လာကြလို့ပါပဲ ။ ပတ်ဝန်းကျင်ရှိလူများက မိဘအုပ်ထိန်းသူမပါဘဲ ယခုလိုဈေးရောင်းနေကြတဲ့ကလေးတွေကို ခွင့်ပြုတာပဲလား ၊ ကပ်ရောဂါအခြေအနေကိုမကြောက်ရွံ့ဘဲ မိဘတွေက ကလေးငယ်ကိုဈေးရောင်းဖို့ ခွင့်ပြုခဲ့တာလား ၊ လူကြီးတွေက တခြားနည်းလမ်းနဲ့ အခုလိုအခက်အခဲတွေကိုဖြေရှင်းသင့်တယ် ဆိုပြီးမျိုးစုံသုံးသပ်မေးခွန်းထုတ်ခဲ့ကြပါတယ် ။

ကလေးငယ်တွေရဲ့အကြောင်းကို Facebook စာမျက်နှာပေါ်မှာ ဖတ်ရှုခဲ့ရသူများက သနားစာနာလို့ အဆိုပါနေရာသို့ကလေးငယ်ကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ချိန်မှာတော့ ကလေးငယ်တွေ ထပ်ပြီးဈေးရောင်းနေကြတာကို မတွေ့ရှိခဲ့ကြောင်း ပြောပြခဲ့ကြပါတယ် ။ မည်သို့ပင်ဖြစ်စေကာမှု မိဘတွေကိုကူညီပေးချင်တဲ့ အဆိုပါမောင်နှမ 4ယောက်ရဲ့ ဖြူစင်လွန်းတဲ့စိတ်ထားကတော့ ချီးကျူ းဖို့ထိုက်တန်လွန်းလှပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment