ပင္စင္လစာထုတ္ဖို႔ လူကိုယ္တိုင္အတည္ျပဳဖို႔လိုတယ္ဆိုလို႔ အသက္100 အရြယ္မိခင္ကို ဘဏ္သို႔ဆြဲေခၚသြားခဲ့ရတဲ့အျဖစ္(႐ုပ္သံ)

အိႏၷိယႏိုင္ငံမွာေနထိုင္တဲ့ အသက္ 60 အရြယ္အမ်ိဳးသမီးဟာ သူမရဲ႕မိခင္ျဖစ္သူ အသက္100အရြယ္ရဲ႕ ပင္စင္လစာကိုထုတ္ဖို႔ဆိုၿပီး မိခင္ကိုကုတင္ေပၚတင္ၿပီး ဘဏ္အထိဆြဲေခၚသြားခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ အဆိုပါအမ်ိဳးသမီးဟာ မိခင္ရဲ႕ပင္စင္လစာ Rs 1,500 ကို ဘဏ္မွာသြားထုတ္ခဲ့ေပမဲ့လည္း ဘဏ္ဝန္ထမ္းမ်ားက ပင္စင္လစာထုတ္မည့္သူရဲ႕ လူကိုယ္တိုင္အတည္ျပဳမႈလိုအပ္ေၾကာင္းေျပာဆိုၿပီး ပင္စင္လစာထုတ္ေပးဖို႔ ျငင္းပယ္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ကိုယ္တိုင္အသက္အရြယ္ႀကီးရင့္ေနၿပီျဖစ္တဲ့ Punjumati Dei ဟာ သူမ၏မိခင္ Labhe Baghel ကို ကုတင္ေပၚတင္ၿပီး အနီးအနားမွာ႐ွိတဲ့ဘဏ္သို႔ ေရာက္ေအာင္ဆြဲေခၚသြားပါေတာ့တယ္ ။ ထို႔ေၾကာင့္ အဆိုပါအျဖစ္အပ်က္ video ေလးဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ပါေတာ့တယ္ ။

Video ထဲမွာေတာ့ သမီးျဖစ္သူက ” ၿပီးခဲ့တဲ့ 3လက ကြၽန္မဘဏ္ကိုအႀကိမ္ႀကိမ္သြားၿပီး ပင္စင္လစာထုတ္ေပးဖို႔ေတာင္းဆိုခဲ့တယ္ ။ ဒါေပမဲ့ တာဝန္႐ွိသူေတြက ကြၽန္မအေမကိုေခၚလာမွ ပိုက္ဆံထုတ္ေပးမယ္လို႔ေျပာခဲ့တယ္ ” ဆိုၿပီး ေအာ္ဟစ္ေျပာဆိုေနခဲ့ပါတယ္ ။

အဆိုပါ video ဟာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ခ်ိန္မွာေတာ့ ျပည္နယ္အစိုးရက အဆိုပါဘဏ္ရဲ႕မန္ေနဂ်ာဟာ လူကိုယ္တိုင္စစ္ေဆးအတည္ျပဳခ်င္လ်ွင္ ေနအိမ္အထိကိုယ္တိုင္သြားၿပီး စစ္ေဆးအတည္ျပဳသင့္ေၾကာင္း ေျပာဆိုလာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ဘဏ္ဖက္ကတာဝန္႐ွိသူမ်ားကလည္း ဘဏ္သို႔လာေရာက္သည့္တစ္ဦးတစ္ေယာက္စီကိုကိုယ္တိုင္ေနအိမ္အထိ သြားေရာက္ၿပီးစစ္ေဆးအတည္ျပဳဖို႔မွာ မျဖစ္ႏိုင္ေၾကာင္း ျပန္လည္ေျဖ႐ွင္းေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိန္နိယနိုင်ငံမှာနေထိုင်တဲ့ အသက် 60 အရွယ်အမျိုးသမီးဟာ သူမရဲ့မိခင်ဖြစ်သူ အသက်100အရွယ်ရဲ့ ပင်စင်လစာကိုထုတ်ဖို့ဆိုပြီး မိခင်ကိုကုတင်ပေါ်တင်ပြီး ဘဏ်အထိဆွဲခေါ်သွားခဲ့ပါတယ် ။ အစပိုင်းမှာတော့ အဆိုပါအမျိုးသမီးဟာ မိခင်ရဲ့ပင်စင်လစာ Rs 1,500 ကို ဘဏ်မှာသွားထုတ်ခဲ့ပေမဲ့လည်း ဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်မည့်သူရဲ့ လူကိုယ်တိုင်အတည်ပြုမှုလိုအပ်ကြောင်းပြောဆိုပြီး ပင်စင်လစာထုတ်ပေးဖို့ ငြင်းပယ်ခဲ့ပါတယ် ။ ထို့ကြောင့် ကိုယ်တိုင်အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ Punjumati Dei ဟာ သူမ၏မိခင် Labhe Baghel ကို ကုတင်ပေါ်တင်ပြီး အနီးအနားမှာရှိတဲ့ဘဏ်သို့ ရောက်အောင်ဆွဲခေါ်သွားပါတော့တယ် ။ ထို့ကြောင့် အဆိုပါအဖြစ်အပျက် video လေးဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပါတော့တယ် ။

Video ထဲမှာတော့ သမီးဖြစ်သူက ” ပြီးခဲ့တဲ့ 3လက ကျွန်မဘဏ်ကိုအကြိမ်ကြိမ်သွားပြီး ပင်စင်လစာထုတ်ပေးဖို့တောင်းဆိုခဲ့တယ် ။ ဒါပေမဲ့ တာဝန်ရှိသူတွေက ကျွန်မအမေကိုခေါ်လာမှ ပိုက်ဆံထုတ်ပေးမယ်လို့ပြောခဲ့တယ် ” ဆိုပြီး အော်ဟစ်ပြောဆိုနေခဲ့ပါတယ် ။

အဆိုပါ video ဟာ အတော်လေးပျံ့နှံ့သွားခဲ့ချိန်မှာတော့ ပြည်နယ်အစိုးရက အဆိုပါဘဏ်ရဲ့မန်နေဂျာဟာ လူကိုယ်တိုင်စစ်ဆေးအတည်ပြုချင်လျှင် နေအိမ်အထိကိုယ်တိုင်သွားပြီး စစ်ဆေးအတည်ပြုသင့်ကြောင်း ပြောဆိုလာခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဘဏ်ဖက်ကတာဝန်ရှိသူများကလည်း ဘဏ်သို့လာရောက်သည့်တစ်ဦးတစ်ယောက်စီကိုကိုယ်တိုင်နေအိမ်အထိ သွားရောက်ပြီးစစ်ဆေးအတည်ပြုဖို့မှာ မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေရှင်းပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment