ညစ္ပတ္ၿပီး ပုပ္ေစာ္နံေနတဲ့ တိုဖူးခ်က္စက္ရံုကို ဝင္ေရာက္စစ္ေဆးမိခဲ့တဲ့အျဖစ္

မေလး႐ွားႏိုင္ငံ ၊ Cheras မွာ႐ွိတဲ့ ညစ္ပတ္နံေစာ္ေနၿပီး ပိုးဟပ္ေတြမ်ားစြာေပါက္ဖြားမႈ႐ွိေနတဲ့ တိုးဖူးခ်က္စက္ရံုတစ္ခုကို ၿပီးခဲ့တဲ့ June15 ရက္ေန႔က Kuala Lumpur City Hall( DBKL) ဆိုတဲ့ေကာင္စီအဖြဲ႔က က်န္းမာေရးနဲ႔အညီဝင္ေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ပါတယ္ ။ မနက္ခင္း 10နာရီအခ်ိန္ခန္႔မွာ က်န္မာေရးႏွင့္ပတ္ဝန္းက်င္ထိန္းသိမ္ေစာင့္ေ႐ွာက္ေရးမွ ဝန္ထမ္း 5ဦးက စက္ရံုအတြင္းသို႔ ဝင္ေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ တိုဖူးခ်က္ျပဳတ္တဲ့ အခန္းရဲ႕ ၾကမ္းျပင္ ၊ မ်က္ႏွာၾကက္ ႏွင့္ နံရံတို႔ဟာ မဲေမွာင္သြားတဲ့အထိ ညစ္ပတ္ေပေရေနတဲ့အျပင္ ပိုးဟပ္ေပါက္ပြားမႈမ်ားလည္း အမ်ားအျပား႐ွိခဲ့ကာ ၊ သန္႔စင္ခန္းေတြဟာလည္း အေတာ္ေလးညစ္ပတ္နံ႔ေစာ္ေနေသးေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါစက္ရံုငယ္ေလးမွာ လုပ္ကိုင္ေနၾကတဲ့ဝန္ထမ္းမ်ားမွာလည္း တိုဖူးခ်က္ျပဳတ္ရာတြင္ ဖိနပ္ ႏွင့္ ဦးေခါင္ကားတဲ့ ဦးထုပ္မ်ိဳးေတြ ဝတ္ဆင္ထားျခင္းမ်ိဳးမ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ လစဥ္ ပိုးမႊာတိရစာၦန္ေတြကိုႏွိမ္နင္းေပးတဲ့ကုမၸဏီမ်ိဳးနဲ႔ ခ်ိတ္ဆက္ၿပီး စက္ရံုသန္႔႐ွင္းၿပီးက်န္းမာေရးႏွင့္ ညီၫြတ္ေအာင္ ျပဳလုပ္ျခင္းမ်ိဳးလည္း မ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

ထို႔ေၾကာင့္ တာဝန္႐ွိသူမ်ားက အဆိုပါစက္ရံုကို 14ရက္ခန္႔ပိတ္ခိုင္းခဲ့ၿပီး ေနာက္ထပ္စက္ရံုမွာညစ္ပတ္ေပေရၿပီး က်န္းမာေရးႏွင့္ညီၫြတ္ျခင္းမ႐ွိတာမ်ိဳး ထပ္မံေတြ႔႐ွိပါက လုပ္ငန္းလိုင္စင္ကိုသိမ္းယူသြားမည္ျဖစ္ေၾကာင္းကိုလည္း သိ႐ွိရပါတယ္ ။ က်န္းမာေရးႏွင့္ညီၫြတ္ၿပီး အရည္အေသြးျပည့္ဝတဲ့ စားေသာက္ကုန္ကိုသာ ထုတ္လုပ္ဖို႔ အၾကံေပးတိုက္တြန္းခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Cheras မှာရှိတဲ့ ညစ်ပတ်နံစော်နေပြီး ပိုးဟပ်တွေများစွာပေါက်ဖွားမှုရှိနေတဲ့ တိုးဖူးချက်စက်ရုံတစ်ခုကို ပြီးခဲ့တဲ့ June15 ရက်နေ့က Kuala Lumpur City Hall( DBKL) ဆိုတဲ့ကောင်စီအဖွဲ့က ကျန်းမာရေးနဲ့အညီဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ် ။ မနက်ခင်း 10နာရီအချိန်ခန့်မှာ ကျန်မာရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်စောင့်ရှောက်ရေးမှ ဝန်ထမ်း 5ဦးက စက်ရုံအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာတော့ တိုဖူးချက်ပြုတ်တဲ့ အခန်းရဲ့ ကြမ်းပြင် ၊ မျက်နှာကြက် နှင့် နံရံတို့ဟာ မဲမှောင်သွားတဲ့အထိ ညစ်ပတ်ပေရေနေတဲ့အပြင် ပိုးဟပ်ပေါက်ပွားမှုများလည်း အများအပြားရှိခဲ့ကာ ၊ သန့်စင်ခန်းတွေဟာလည်း အတော်လေးညစ်ပတ်နံ့စော်နေသေးကြောင်း သိရှိရပါတယ် ။

အဆိုပါစက်ရုံငယ်လေးမှာ လုပ်ကိုင်နေကြတဲ့ဝန်ထမ်းများမှာလည်း တိုဖူးချက်ပြုတ်ရာတွင် ဖိနပ် နှင့် ဦးခေါင်ကားတဲ့ ဦးထုပ်မျိုးတွေ ဝတ်ဆင်ထားခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။ ထို့အပြင် လစဉ် ပိုးမွှာတိရစ္ဆာန်တွေကိုနှိမ်နင်းပေးတဲ့ကုမ္ပဏီမျိုးနဲ့ ချိတ်ဆက်ပြီး စက်ရုံသန့်ရှင်းပြီးကျန်းမာရေးနှင့် ညီညွတ်အောင် ပြုလုပ်ခြင်းမျိုးလည်း မရှိကြောင်း သိရှိရပါတယ် ။

ထို့ကြောင့် တာဝန်ရှိသူများက အဆိုပါစက်ရုံကို 14ရက်ခန့်ပိတ်ခိုင်းခဲ့ပြီး နောက်ထပ်စက်ရုံမှာညစ်ပတ်ပေရေပြီး ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိတာမျိုး ထပ်မံတွေ့ရှိပါက လုပ်ငန်းလိုင်စင်ကိုသိမ်းယူသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ် ။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးပြည့်ဝတဲ့ စားသောက်ကုန်ကိုသာ ထုတ်လုပ်ဖို့ အကြံပေးတိုက်တွန်းခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment