ကန္ထ႐ိုက္သမားလိုဟန္ေဆာင္ၿပီး စတိုးဆိုင္တစ္ခုမွာ ခပ္တည္တည္နဲ႔ေငြလိမ္ေတာင္းသြားခဲ့တဲ့ အမ်ိဳးသား

အခ်ိဳ႕ေသာလူေတြဟာ သူတို႔ရခ်င္ ၊ လိုခ်င္တဲ့ အရာတစ္ခုခုကို ပိုင္ဆိုင္ႏိုင္ေအာင္ မတရားတဲ့နည္းလမ္းေတြနဲ႔လိမ္ညာၿပီး ၾကံစည္ယူေဆာင္တတ္ၾကပါတယ္ ။ ဒါေၾကာင့္ကိုယ္ေတြလည္း ဘယ္လိုအခ်ိန္မွာပဲျဖစ္ျဖစ္ လိမ္ညာတတ္သူေတြရဲ႕သားေကာင္မျဖစ္ရေအာင္ ဘာပဲလုပ္လုပ္သတိဝီရိယ႐ွိရပါမယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ သူခိုးတစ္ေယာက္ကေတာ့ သူ႔ကိုယ္သူကန္ထ႐ိုက္သမားတစ္ေယာက္လိုဟန္ေဆာင္ၿပီး ၊ စတိုးဆိုင္ဝန္ထမ္းထံမွ ဆိုင္ပိုင္႐ွင္ခိုင္းတဲ့အလုပ္ၿပီးၿပီမလို႔ ေငြေပးေခ်ဖို႔လိမ္ညာေတာင္းဆိုခဲ့ၿပီးေနာက္ ၊ ဆိုင္ကေန ေအးေအးေဆးေဆးထြက္ခြာသြားတဲ့အျဖစ္ပါပဲ ။ ျဖစ္စဥ္ကေတာ့ ဆိုင္ရဲ႕ဝန္ထမ္း cashier မေလးဟာ အလုပ္လုပ္ေနတုန္း ဆိုင္အထဲသို႔ အမ်ိဳးသားတစ္ေယာက္ဟာ ဝင္ေရာက္လာခဲ့ၿပီး သူမဆီသို႔စာရြတ္တစ္ခုေပးလိုက္ပါတယ္ ။ ထို႔ေနာက္ အဆိုပါအမ်ိဳးသားက စတိုးဆိုင္ပိုင္႐ွင္က သူမထံကေနေငြလာယူဖို႔ မွာၾကားခဲ့ေၾကာင္း ၊ သူကိုယ္တိုင္က စတိုးဆိုင္ပိုင္႐ွင္ရဲ႕အိမ္ကိုျပဳျပင္ေပးဖို႔ ငွါးရမ္းခံခဲ့ရသူျဖစ္ၿပီး အလုပ္ၿပီးသြားလို႔ ေငြလာယူတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္ ။

စာရြက္ေပၚမွာေတာ့ သူမဆီကယူေဆာင္ရမဲ့ ေငြပမာဏကိုေရးသားထားပါေသးတယ္ ။ ထို႔အျပင္ သူမဆီကေန ဆိုင္႐ွင္ရဲ႕ဖုန္းနံပတ္ကိုေမးျမန္းခဲ့ၿပီးေနာက္ မၾကာခင္ဆိုင္႐ွင္က အဆိုပါေငြအေမာင့္အတိုင္းျပန္လာထားသြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္ ။ အဆိုပါ ကန္ထ႐ိုက္သမားရဲ႕စကားကို ယံုၿပီးဆိုင္ဝန္ထမ္းမေလးကလည္း သူေတာင္းဆိုတဲ့ေငြပမာဏအတိုင္းေပးခဲ့ပါတယ္ ။

ပိုက္ဆံရၿပီးေနာက္မွာေတာ့ ကန္ထ႐ိုက္သမားဟန္ေဆာင္တဲ့သူခိုးဟာ ခ်က္ခ်င္းဆိုင္ကေန ထြက္သြားခဲ့ပါေတာ့တယ္ ။ ေနာက္မွ ဆိုင္ပိုင္႐ွင္ႏွင့္အဆက္အသြယ္ျပန္ရခ်ိန္မွ ဆိုင္႐ွင္က အဆိုပါကိစၥကိုလံုးဝမသိ႐ွိေၾကာင္း ၊ ကန္ထ႐ိုက္သမားကိုလည္း မငွါးခဲ့ရေၾကာင္း ေျပာခဲ့ကာမွ ဆိုင္ဝန္ထမ္းမေလးက အလိမ္ခံလိုက္ရမွန္းသိခဲ့ပါတယ္ ။ အဆိုပါအျဖစ္ကိုေတာ့ ရဲအရာ႐ွိေတြထံ တိုင္ၾကားထားခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချို့သောလူတွေဟာ သူတို့ရချင် ၊ လိုချင်တဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်နိုင်အောင် မတရားတဲ့နည်းလမ်းတွေနဲ့လိမ်ညာပြီး ကြံစည်ယူဆောင်တတ်ကြပါတယ် ။ ဒါကြောင့်ကိုယ်တွေလည်း ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် လိမ်ညာတတ်သူတွေရဲ့သားကောင်မဖြစ်ရအောင် ဘာပဲလုပ်လုပ်သတိဝီရိယရှိရပါမယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ သူခိုးတစ်ယောက်ကတော့ သူ့ကိုယ်သူကန်ထရိုက်သမားတစ်ယောက်လိုဟန်ဆောင်ပြီး ၊ စတိုးဆိုင်ဝန်ထမ်းထံမှ ဆိုင်ပိုင်ရှင်ခိုင်းတဲ့အလုပ်ပြီးပြီမလို့ ငွေပေးချေဖို့လိမ်ညာတောင်းဆိုခဲ့ပြီးနောက် ၊ ဆိုင်ကနေ အေးအေးဆေးဆေးထွက်ခွာသွားတဲ့အဖြစ်ပါပဲ ။ ဖြစ်စဉ်ကတော့ ဆိုင်ရဲ့ဝန်ထမ်း cashier မလေးဟာ အလုပ်လုပ်နေတုန်း ဆိုင်အထဲသို့ အမျိုးသားတစ်ယောက်ဟာ ဝင်ရောက်လာခဲ့ပြီး သူမဆီသို့စာရွတ်တစ်ခုပေးလိုက်ပါတယ် ။ ထို့နောက် အဆိုပါအမျိုးသားက စတိုးဆိုင်ပိုင်ရှင်က သူမထံကနေငွေလာယူဖို့ မှာကြားခဲ့ကြောင်း ၊ သူကိုယ်တိုင်က စတိုးဆိုင်ပိုင်ရှင်ရဲ့အိမ်ကိုပြုပြင်ပေးဖို့ ငှါးရမ်းခံခဲ့ရသူဖြစ်ပြီး အလုပ်ပြီးသွားလို့ ငွေလာယူတာဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

စာရွက်ပေါ်မှာတော့ သူမဆီကယူဆောင်ရမဲ့ ငွေပမာဏကိုရေးသားထားပါသေးတယ် ။ ထို့အပြင် သူမဆီကနေ ဆိုင်ရှင်ရဲ့ဖုန်းနံပတ်ကိုမေးမြန်းခဲ့ပြီးနောက် မကြာခင်ဆိုင်ရှင်က အဆိုပါငွေအမောင့်အတိုင်းပြန်လာထားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။ အဆိုပါ ကန်ထရိုက်သမားရဲ့စကားကို ယုံပြီးဆိုင်ဝန်ထမ်းမလေးကလည်း သူတောင်းဆိုတဲ့ငွေပမာဏအတိုင်းပေးခဲ့ပါတယ် ။

ပိုက်ဆံရပြီးနောက်မှာတော့ ကန်ထရိုက်သမားဟန်ဆောင်တဲ့သူခိုးဟာ ချက်ချင်းဆိုင်ကနေ ထွက်သွားခဲ့ပါတော့တယ် ။ နောက်မှ ဆိုင်ပိုင်ရှင်နှင့်အဆက်အသွယ်ပြန်ရချိန်မှ ဆိုင်ရှင်က အဆိုပါကိစ္စကိုလုံးဝမသိရှိကြောင်း ၊ ကန်ထရိုက်သမားကိုလည်း မငှါးခဲ့ရကြောင်း ပြောခဲ့ကာမှ ဆိုင်ဝန်ထမ်းမလေးက အလိမ်ခံလိုက်ရမှန်းသိခဲ့ပါတယ် ။ အဆိုပါအဖြစ်ကိုတော့ ရဲအရာရှိတွေထံ တိုင်ကြားထားခဲ့ကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment