K-Pop အဆိုတော်ဖြစ်တဲ့ TST အဖွဲ့မှ အဖွဲ့ဝင် Yohan ရုတ်တရက်ကွယ်လွန်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့နှစ်ကစပြီး K-Pop အဆိုတော်တွေဟာ ပရိသတ်တွေမမျှော်လင့်ထားတဲ့အဖြစ်အပျက်မျိုးနဲ့ ငယ်ငယ်ရွယ်ရွယ်အချိန်လေးမှာ နှုတ်ဆက်ထွက်ခွာသွားခဲ့ကြပါတယ် ။ Yohan ဟာ TST အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အသက် 28နှစ်အရွယ် June 16 ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။ ပြီးခဲ့တဲ့လအထိ social media ပေါ်မှာ အထူးသဖြင့်သူ့ရဲ့ကိုယ်ပိုင် Instagram page ပေါ်မှာ Active ဖြစ်နေသေးတဲ့ Yohan ဟာ ယခုလိုရုတ်တရက်သေဆုံးသွားခဲ့တဲ့အတွက် ပရိသတ်တွေဟာ မထင်မှတ်ထားလောက်အောင် အတော်လေးအံ့သြ သွားခဲ့ကြပါတယ် ။ Yohan သေဆုံးသွားခဲ့ရတဲ့အကြောင်းအရင်းကိုတော့ သူ၏မိသားစုဝင်တွေရဲ့သဘောထားအရ ဖော်ပြခြင်းမရှိခဲ့ပါဘူး ။

Yohan ရဲ့ နာမည်အရင်းကတော့ Kim Jeong hwan ဖြစ်ပြီး NOM ဆိုတဲ့ boy band နဲ့စပြီးပွဲဦးထွက်ခဲ့တာပါ ။ သို့ပေမဲ့လည်း NOM အဖွဲ့ပျက်သွားတဲ့အချိန်မှာတော့ TST အဖွဲ့ရဲ့ vocalist အဖြစ် 2017 ခုနှစ်မှာ ပါဝင်ခဲ့ပါတယ် ။

TST အဖွဲ့ကို ယခင်က Top Secret အဖွဲ့ဆိုပြီးလူသိများခဲ့ပါတယ် ။ TST အဖွဲ့ဟာ ပြီးခဲ့တဲ့ January လကမှ Single Album ထွက်ရှိထားခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment