Online Exam အတြက္ အင္တာနက္လိုင္းေကာင္းေအာင္ သစ္ပင္ေပၚမွာ 24နာရီေနခဲ့ရတဲ့ မိန္းကေလး (႐ုပ္သံ)

အခ်ိဳ႕ေသာေက်ာင္းသားေတြက online class ေတြနဲ႔စာသင္ၾကားရတဲ့အခ်ိန္မွာ စိတ္မပါတဲ့အျပင္ ၊ အိမ္စာေတြမ႐ွိသလိုဟန္ေဆာင္ၿပီး ပ်င္းေနတတ္ၾကပါတယ္ ။ သို႔ေပမဲ့လည္း ပညာေရးနဲ႔ပက္သက္ၿပီး တစိုက္မတ္မတ္ႀကိဳးစားၾကတဲ့ ေက်ာင္းသား၊ေက်ာင္းသူ ေတြလည္း႐ွိတတ္ၾကပါေသးတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Sabah ျပည္နယ္မွာေနထိုင္တဲ့ Veveonah Mosibin အမည္႐ွိတဲ့ ေက်ာင္သူေလးဟာ သူမရဲ႕ online exam ကိုၿပီးဆံုးေအာင္ ေျဖဆိုႏိုင္ေအာင္ အင္တာနက္လိုင္းေကာင္မြန္ေအာင္ သစ္ပင္ေပၚမွာ 24 နာရီခန္႔ေနခဲ့ရပါတယ္ ။ Video ထဲမွာေတာ့ Vevenah ဟာ အင္တာနက္လိုင္းေကာင္းတဲ့ ေတာင္ကုန္းေပၚမွာတဲအေသးေလးေဆာက္ခဲ့ေပမဲ့လည္း မိုးသည္းထန္စြာရြာသြန္းၿပီး ၊ ေလျပင္းေတြလည္းတိုက္ခိုက္ခဲ့တဲ့အတြက္ သူမရဲ႕တဲအိမ္ေလးဟာ ပ်က္ဆီးခဲ့ရပါတယ္ ။ ေနာက္ဆံုးအေကာင္းဆံုးေနရာအျဖစ္ သူမသစ္ပင္ေပၚမွာသာ တက္ေနဖို႔ ဆံုးျဖတ္ခဲ့ပါေတာ့တယ္ ။

ထို႔ေနာက္ သူမဟာ ဖုန္းတစ္လံုး ၊ power bank တစ္ခု ၊ ေရတစ္ဘူး ၊ စားစရာအခ်ိဳ႕ ႏွင့္ ျခင္ေထာင္တစ္ခုတို႔ျဖင့္ သစ္ပင္ေပၚမွာ 24နာရီခန္႔ေနထိုင္ခဲ့ၿပီး သူမရဲ႕ online exam ကိုၿပီးဆံုးေအာင္ေျဖဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ျပင္းထန္လြန္းတဲ့ေလ ႏွင့္ တိရစာၦန္အေကာင္ေတြရဲ႕အသံေၾကာင့္ သူမဟာ ညဖက္အိပ္လို႔မရႏိုင္ခဲ့ပါဘူး ။

သူမဟာ မနက္ခင္းရာဘာျခံမွာ အလုပ္လုပ္ကိုင္ခဲ့ၿပီး မိသားစုပိုင္သစ္သီးျခံမွာလည္း လုပ္ကိုင္ခဲ့ရပါေသးတယ္ ။ သူမတို႔ရြာဟာ လ်ွပ္စစ္မီးမရ႐ွိေသးတဲ့အတြက္ ညဖက္ဆို ဖေယာင္းတိုင္ကိုသာအသံုးျပဳခဲ့ရၿပီး မိသားစုဝင္ေတြဟာ ည 7နာရီဆိုရင္ အိပ္စက္အနားယူၾကပါၿပီ ။ ခက္ခဲေသာေနရာေဒသမွာ ေနထိုင္ေနရေပမဲ့ မညည္းညဴ ဘဲ သူမဟာ ပညာေရးကိုႀကိဳးစားသင္ၾကားေနတဲ့အတြက္ အေတာ္ေလးခ်ီးက်ဴ းဖို႔ထိုက္တန္လြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချို့သောကျောင်းသားတွေက online class တွေနဲ့စာသင်ကြားရတဲ့အချိန်မှာ စိတ်မပါတဲ့အပြင် ၊ အိမ်စာတွေမရှိသလိုဟန်ဆောင်ပြီး ပျင်းနေတတ်ကြပါတယ် ။ သို့ပေမဲ့လည်း ပညာရေးနဲ့ပက်သက်ပြီး တစိုက်မတ်မတ်ကြိုးစားကြတဲ့ ကျောင်းသား၊ကျောင်းသူ တွေလည်းရှိတတ်ကြပါသေးတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Sabah ပြည်နယ်မှာနေထိုင်တဲ့ Veveonah Mosibin အမည်ရှိတဲ့ ကျောင်သူလေးဟာ သူမရဲ့ online exam ကိုပြီးဆုံးအောင် ဖြေဆိုနိုင်အောင် အင်တာနက်လိုင်းကောင်မွန်အောင် သစ်ပင်ပေါ်မှာ 24 နာရီခန့်နေခဲ့ရပါတယ် ။ Video ထဲမှာတော့ Vevenah ဟာ အင်တာနက်လိုင်းကောင်းတဲ့ တောင်ကုန်းပေါ်မှာတဲအသေးလေးဆောက်ခဲ့ပေမဲ့လည်း မိုးသည်းထန်စွာရွာသွန်းပြီး ၊ လေပြင်းတွေလည်းတိုက်ခိုက်ခဲ့တဲ့အတွက် သူမရဲ့တဲအိမ်လေးဟာ ပျက်ဆီးခဲ့ရပါတယ် ။ နောက်ဆုံးအကောင်းဆုံးနေရာအဖြစ် သူမသစ်ပင်ပေါ်မှာသာ တက်နေဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ။

ထို့နောက် သူမဟာ ဖုန်းတစ်လုံး ၊ power bank တစ်ခု ၊ ရေတစ်ဘူး ၊ စားစရာအချို့ နှင့် ခြင်ထောင်တစ်ခုတို့ဖြင့် သစ်ပင်ပေါ်မှာ 24နာရီခန့်နေထိုင်ခဲ့ပြီး သူမရဲ့ online exam ကိုပြီးဆုံးအောင်ဖြေဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ပြင်းထန်လွန်းတဲ့လေ နှင့် တိရစ္ဆာန်အကောင်တွေရဲ့အသံကြောင့် သူမဟာ ညဖက်အိပ်လို့မရနိုင်ခဲ့ပါဘူး ။

သူမဟာ မနက်ခင်းရာဘာခြံမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး မိသားစုပိုင်သစ်သီးခြံမှာလည်း လုပ်ကိုင်ခဲ့ရပါသေးတယ် ။ သူမတို့ရွာဟာ လျှပ်စစ်မီးမရရှိသေးတဲ့အတွက် ညဖက်ဆို ဖယောင်းတိုင်ကိုသာအသုံးပြုခဲ့ရပြီး မိသားစုဝင်တွေဟာ ည 7နာရီဆိုရင် အိပ်စက်အနားယူကြပါပြီ ။ ခက်ခဲသောနေရာဒေသမှာ နေထိုင်နေရပေမဲ့ မညည်းညူ ဘဲ သူမဟာ ပညာရေးကိုကြိုးစားသင်ကြားနေတဲ့အတွက် အတော်လေးချီးကျူ းဖို့ထိုက်တန်လွန်းလှပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment