သား 2 ေယာက္ရဲ႕ေ႐ွ႕မွာတင္ ခင္ပြန္းျဖစ္သူရဲ႕ဓားနဲ႔ထိုးသတ္ျခင္းကို ခံခဲ့ရတဲ့အမ်ိဳးသမီး

မေလး႐ွားႏိုင္ငံ ၊ Pasir Puteh ၿမိဳ႕မွာေနထိုင္ေနလ်က္႐ွိတဲ့ ျမန္မာႏိုင္ငံမွ႐ိုဟင္ဂ်ာအမ်ိဳးသမီးတစ္ဦးဟာ ခင္ပြန္းျဖစ္သူရဲ႕ဓားနဲ႔ထိုးသတ္ျခင္းခံခဲ့ရပါတယ္ ။ Noor Begum Dil Muhammad အမည္႐ွိတဲ့ အသက္ 28 ႏွစ္အရြယ္အမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့ 17 ရက္ေန႔ မနက္ 9:30 အခ်ိန္ခန္႔မွာ ခင္ပြန္းျဖစ္သူ အသက္ 32 ႏွစ္က ဟင္းခ်က္ဓားျဖင့္ ထိုးသတ္ျခင္းမ်ိဳးခံခဲ့ရပါတယ္ ။ ပိုၿပီးဆိုးရြားတာကေတာ့ အသက္ 3ႏွစ္ ႏွင့္ 4ႏွစ္အရြယ္ သားေတြရဲ႕ေ႐ွ႕ေမွာက္မွာတင္ မိခင္ျဖစ္သူဟာ ဓားနဲ႔ထိုးသတ္ျခင္းခံခဲ့ရတာပါ ။ အိမ္နီးခ်င္းျဖစ္သူ အမ်ိဳးသားတစ္ဦးရဲ႕ေျပာျပခ်က္အရ ပန္းကန္ေတြေဆးေနတုန္း အဆိုပါလင္မယားအိမ္ကေန ဆူညံတဲ့အသံေတြၾကားလို႔ အိမ္အျပင္ေျပးထြက္ၾကည့္ခ်ိန္မွာေတာ့ ဇနီးျဖစ္သူဟာ ၎၏အိမ္ေ႐ွ႕မွာ ေသြးမ်ားစြာထြက္ၿပီးလဲက်ေနေၾကာင္းႏွင့္ ကေလးႏွစ္ဦးမွာလည္း မိခင္ရဲ႕ေဘးမွာ ေအာ္ဟစ္ငိုေႂကြးေနခဲ့ေၾကာင္း သိရပါတယ္ ။ အဆိုပါလင္မယား အျမဲရန္ျဖစ္ေနၾကတာကိုၾကားေနရေပမဲ့လည္း ယခုကဲ့သို႔အျဖစ္မ်ိဳးအထိ ေရာက္႐ွိသြားမည္ဟု မထင္ထားမိေၾကာင္းကို အိမ္နီးခ်င္အမ်ိဳးသားရဲ႕ေျပာၾကားခ်က္အရ သိ႐ွိရပါတယ္ ။

ထို႔အျပင္ အဆိုပါမိသားစုဟာ ေျပာင္းေရႊ႔လာခဲ့သည္မွာ 2လဝန္းက်င္ခန္႔သာ႐ွိေသးေၾကာင္း အရင္ခ်ိန္တုန္းကေတာ့ Terengganu ျပည္နယ္မွာ ေနထိုင္ခဲ့ၾကတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ မိခင္ျဖစ္သူရဲ႕ ႐ုပ္အေလာင္းကိုစစ္ေဆးဖို႔ ေဆးရံုသို႔ပို႔ေဆာင္ထားခ်ိန္မွာေတာ့ ကေလးငယ္ႏွစ္ဦးဟာ ေဆြမ်ိဳးမ်ားႏွင့္အတူေနထိုင္ခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

အေစာပိုင္းစစ္ေဆးမႈအရ ဇနီးျဖစ္သူရဲ႕ခႏၶာကိုယ္မွာ ထိုးသြင္းဒဏ္ရာ 2ခုေတြ႔႐ွိခဲ့တဲ့အျပင္ အျခားေသာပ်က္႐ွဒဏ္ရာမ်ားကိုလည္း ခႏၶာကိုယ္အႏွံ႔ေတြ႔႐ွိခဲ့ေသးေၾကာင္း သိရပါတယ္ ။ ျပစ္မႈက်ဴ းလြန္ရာတြင္ အသံုးျပဳခဲ့တဲ့လက္နက္ကိုေတာ့ အခင္းျဖစ္ပြားရာေနရာမွာေတြ႔႐ွိခဲ့ၿပီး ခင္ပြန္းျဖစ္သူကိုေတာ့ အဆိုပါေန႔ ညေန 3နာရီအခ်ိန္ခန္႔မွာ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Pasir Puteh မြို့မှာနေထိုင်နေလျက်ရှိတဲ့ မြန်မာနိုင်ငံမှရိုဟင်ဂျာအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူရဲ့ဓားနဲ့ထိုးသတ်ခြင်းခံခဲ့ရပါတယ် ။ Noor Begum Dil Muhammad အမည်ရှိတဲ့ အသက် 28 နှစ်အရွယ်အမျိုးသမီးဟာ ပြီးခဲ့တဲ့ 17 ရက်နေ့ မနက် 9:30 အချိန်ခန့်မှာ ခင်ပွန်းဖြစ်သူ အသက် 32 နှစ်က ဟင်းချက်ဓားဖြင့် ထိုးသတ်ခြင်းမျိုးခံခဲ့ရပါတယ် ။ ပိုပြီးဆိုးရွားတာကတော့ အသက် 3နှစ် နှင့် 4နှစ်အရွယ် သားတွေရဲ့ရှေ့မှောက်မှာတင် မိခင်ဖြစ်သူဟာ ဓားနဲ့ထိုးသတ်ခြင်းခံခဲ့ရတာပါ ။ အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးရဲ့ပြောပြချက်အရ ပန်းကန်တွေဆေးနေတုန်း အဆိုပါလင်မယားအိမ်ကနေ ဆူညံတဲ့အသံတွေကြားလို့ အိမ်အပြင်ပြေးထွက်ကြည့်ချိန်မှာတော့ ဇနီးဖြစ်သူဟာ ၎င်း၏အိမ်ရှေ့မှာ သွေးများစွာထွက်ပြီးလဲကျနေကြောင်းနှင့် ကလေးနှစ်ဦးမှာလည်း မိခင်ရဲ့ဘေးမှာ အော်ဟစ်ငိုကြွေးနေခဲ့ကြောင်း သိရပါတယ် ။ အဆိုပါလင်မယား အမြဲရန်ဖြစ်နေကြတာကိုကြားနေရပေမဲ့လည်း ယခုကဲ့သို့အဖြစ်မျိုးအထိ ရောက်ရှိသွားမည်ဟု မထင်ထားမိကြောင်းကို အိမ်နီးချင်အမျိုးသားရဲ့ပြောကြားချက်အရ သိရှိရပါတယ် ။

ထို့အပြင် အဆိုပါမိသားစုဟာ ပြောင်းရွှေ့လာခဲ့သည်မှာ 2လဝန်းကျင်ခန့်သာရှိသေးကြောင်း အရင်ချိန်တုန်းကတော့ Terengganu ပြည်နယ်မှာ နေထိုင်ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကိုစစ်ဆေးဖို့ ဆေးရုံသို့ပို့ဆောင်ထားချိန်မှာတော့ ကလေးငယ်နှစ်ဦးဟာ ဆွေမျိုးများနှင့်အတူနေထိုင်ခဲ့ကြကြောင်း သိရှိရပါတယ် ။

အစောပိုင်းစစ်ဆေးမှုအရ ဇနီးဖြစ်သူရဲ့ခန္ဓာကိုယ်မှာ ထိုးသွင်းဒဏ်ရာ 2ခုတွေ့ရှိခဲ့တဲ့အပြင် အခြားသောပျက်ရှဒဏ်ရာများကိုလည်း ခန္ဓာကိုယ်အနှံ့တွေ့ရှိခဲ့သေးကြောင်း သိရပါတယ် ။ ပြစ်မှုကျူ းလွန်ရာတွင် အသုံးပြုခဲ့တဲ့လက်နက်ကိုတော့ အခင်းဖြစ်ပွားရာနေရာမှာတွေ့ရှိခဲ့ပြီး ခင်ပွန်းဖြစ်သူကိုတော့ အဆိုပါနေ့ ညနေ 3နာရီအချိန်ခန့်မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment