ကားထဲမွာေဖာက္ျပန္ေနတာကို ဇနီးသည္ကဖမ္းမိသြားလို႔ ဇနီးကိုကားနဲ႔တိုက္ၿပီးထြက္ေျပးခဲ့တဲ့ အမ်ိဳးသား

အခုေခတ္မွာေတာ့ ေဖာက္ျပန္ေနတယ္ဆိုတဲ့သတင္းကိုအျမဲလိုလိုၾကားေနရၿပီး ျမင္ေနေတြ႔ေနရတာ စိတ္မေကာင္းေလာက္ေအာင္ပါပဲ ။ တစ္ခ်ိဳ႕ေသာ သူငယ္ခ်င္းေတြ ၊ အိမ္ေထာင္သည္ေတြ သူတို႔ရဲ႕လက္တြဲေဖာ္ေတြက ဘယ္လိုပံုစံေဖာက္ျပန္ၿပီး ဘယ္လိုထားပစ္ခဲ့တာစတဲ့အေၾကာင္းအရာေတြကို social media ေပၚမွာတင္ေလ့႐ွိေတာ့ ကိုယ့္အတြက္မထူဆန္းေတာ့ေလာက္ေအာင္ပါပဲ ။ သို႔ေပမဲ့လည္း ဒီအျဖစ္အပ်က္ကေတာ့ ေတာ္ေတာ္ေလးကို တမူထူးျခားေနခဲ့ပါတယ္ ။ျဖစ္စဥ္ကေတာ့ မေလး႐ွားႏိုင္ငံက ခင္ပြန္းသည္တစ္ဦးဟာ ကားထဲမွာအျခားအမ်ိဳးသမီးနဲ႔ေဖာက္ျပန္ေနတာကို ဇနီးသည္ျဖစ္သူကမိသြားလို႔ ဇနီးသည္ကိုကားနဲ႔တိုက္ၿပီးေမာင္းေျပးခဲ့တဲ့ အျဖစ္အပ်က္ပါ ။ၿပီးခဲ့တဲ့ August 29 ရက္ေန႔ ည 8:30 အခ်ိန္မွာ အသက္53ႏွစ္အရြယ္ဇနီးျဖစ္သူက ဘုရားေက်ာင္းကေနအိမ္ကိုလမ္းေလ်ွာက္ျပန္လာရင္း မီးအလင္းေရာင္မ႐ွိတဲ့လမ္းေဘးနားမွာ ရပ္ထားတဲ့ခင္ပြန္းျဖစ္သူ၏ကားကို ျမင္ေတြ႔ခဲ့ပါတယ္ ။ သူမကလည္း ေဆးအခ်ိဳ႕ဝယ္ခ်င္ခဲ့တဲ့အတြက္ ခင္ပြန္းသည္နားပိုက္ဆံေတာင္းဖို႔သြားခဲ့ေပမဲ့ ကားအနီးသို႔ေရာက္တဲ့အခ်ိန္မွာေတာ့ သူမ၏ခင္ပြန္းကားထဲမွာတစ္ေယာက္တည္း မဟုတ္တာကို႐ွင္း႐ွင္းလင္းလင္းျမန္သြားခဲ့ပါတယ္ ။ ခင္ပြန္သည္နဲ႔႐ွိေနတဲ့သူကေတာ့ အမ်ိဳးတစ္ေယာက္ျဖစ္ေနခဲ့ပါတယ္ ။

သူမကိုျမင္ေတာ့ ခင္ပြန္းျဖစ္သူဟာအေတာ္ကို ထိတ္လန္႔သြားခဲ့ၿပီး ကားေမာင္းေျပးဖို႔ႀကိဳးစားခဲ့ပါေတာ့တယ္ ။ ခင္ပြန္းျဖစ္သူကို တားဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ခင္ပြန္းသည္က ကားကိုအ႐ွိန္ျမႇင့္ၿပီး သူမကိုတိုက္သြားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သူမဟာလမ္းေဘးသို႔ လြင့္ထြင့္သြားခဲ့ပါေတာ့တယ္ ။ ထို႔အခ်ိန္မွာပဲ မ်က္ျမင္သက္ေသတစ္ဦးကရဲကိုအေၾကာင္းၾကားၿပီး ဒဏ္ရာရရွိခဲ႔တဲ႔သူမကိုေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ပါတယ္ ။

၎စံုတြဲဟာ အတူေပါင္းသင္လာခဲ့ၾကတာ ႏွစ္ေပါင္း30ခန္႔႐ွိၿပီး ၊ သားသမီး 8ေယာက္႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။ရဲအရာ႐ွိမ်ားကေတာ့ ခင္ပြန္းျဖစ္သူကို လိုက္လံ႐ွာေဖြဖမ္းဆီးေနၿပီး ၊ ျပစ္မႈထင္႐ွားခဲ့ရင္ေတာ့ ႏွစ္ေပါင္း 20 ခန္႔ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။တစ္ခ်ိန္တည္းမွာပဲ ဇနီးသည္ဟာ ေဆးရံုတြင္ေဆးကုသမႈခံယူေနရလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အခုခေတ်မှာတော့ ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းကိုအမြဲလိုလိုကြားနေရပြီး မြင်နေတွေ့နေရတာ စိတ်မကောင်းလောက်အောင်ပါပဲ ။ တစ်ချို့သော သူငယ်ချင်းတွေ ၊ အိမ်ထောင်သည်တွေ သူတို့ရဲ့လက်တွဲဖော်တွေက ဘယ်လိုပုံစံဖောက်ပြန်ပြီး ဘယ်လိုထားပစ်ခဲ့တာစတဲ့အကြောင်းအရာတွေကို social media ပေါ်မှာတင်လေ့ရှိတော့ ကိုယ့်အတွက်မထူဆန်းတော့လောက်အောင်ပါပဲ ။ သို့ပေမဲ့လည်း ဒီအဖြစ်အပျက်ကတော့ တော်တော်လေးကို တမူထူးခြားနေခဲ့ပါတယ် ။ဖြစ်စဉ်ကတော့ မလေးရှားနိုင်ငံက ခင်ပွန်းသည်တစ်ဦးဟာ ကားထဲမှာအခြားအမျိုးသမီးနဲ့ဖောက်ပြန်နေတာကို ဇနီးသည်ဖြစ်သူကမိသွားလို့ ဇနီးသည်ကိုကားနဲ့တိုက်ပြီးမောင်းပြေးခဲ့တဲ့ အဖြစ်အပျက်ပါ ။ပြီးခဲ့တဲ့ August 29 ရက်နေ့ ည 8:30 အချိန်မှာ အသက်53နှစ်အရွယ်ဇနီးဖြစ်သူက ဘုရားကျောင်းကနေအိမ်ကိုလမ်းလျှောက်ပြန်လာရင်း မီးအလင်းရောင်မရှိတဲ့လမ်းဘေးနားမှာ ရပ်ထားတဲ့ခင်ပွန်းဖြစ်သူ၏ကားကို မြင်တွေ့ခဲ့ပါတယ် ။ သူမကလည်း ဆေးအချို့ဝယ်ချင်ခဲ့တဲ့အတွက် ခင်ပွန်းသည်နားပိုက်ဆံတောင်းဖို့သွားခဲ့ပေမဲ့ ကားအနီးသို့ရောက်တဲ့အချိန်မှာတော့ သူမ၏ခင်ပွန်းကားထဲမှာတစ်ယောက်တည်း မဟုတ်တာကိုရှင်းရှင်းလင်းလင်းမြန်သွားခဲ့ပါတယ် ။ ခင်ပွန်သည်နဲ့ရှိနေတဲ့သူကတော့ အမျိုးတစ်ယောက်ဖြစ်နေခဲ့ပါတယ် ။

သူမကိုမြင်တော့ ခင်ပွန်းဖြစ်သူဟာအတော်ကို ထိတ်လန့်သွားခဲ့ပြီး ကားမောင်းပြေးဖို့ကြိုးစားခဲ့ပါတော့တယ် ။ ခင်ပွန်းဖြစ်သူကို တားဖို့ကြိုးစားခဲ့ပေမဲ့လည်း ခင်ပွန်းသည်က ကားကိုအရှိန်မြှင့်ပြီး သူမကိုတိုက်သွားခဲ့ပါတယ် ။ ထို့ကြောင့် သူမဟာလမ်းဘေးသို့ လွင့်ထွင့်သွားခဲ့ပါတော့တယ် ။ ထို့အချိန်မှာပဲ မျက်မြင်သက်သေတစ်ဦးကရဲကိုအကြောင်းကြားပြီး ဒဏ်ရာရရှိခဲ့တဲ့သူမကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ် ။

၎င်းစုံတွဲဟာ အတူပေါင်းသင်လာခဲ့ကြတာ နှစ်ပေါင်း30ခန့်ရှိပြီး ၊ သားသမီး 8ယောက်ရှိကြောင်းလည်း သိရှိရပါတယ် ။ရဲအရာရှိများကတော့ ခင်ပွန်းဖြစ်သူကို လိုက်လံရှာဖွေဖမ်းဆီးနေပြီး ၊ ပြစ်မှုထင်ရှားခဲ့ရင်တော့ နှစ်ပေါင်း 20 ခန့်ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရှိရပါတယ် ။တစ်ချိန်တည်းမှာပဲ ဇနီးသည်ဟာ ဆေးရုံတွင်ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကားထဲမွာေဖာက္ျပန္ေနတာကို ဇနီးသည္ကဖမ္းမိသြားလို႔ ဇနီးကိုကားနဲ႔တိုက္ၿပီးထြက္ေျပးခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*