ရပ်နားထားတဲ့ကား 5စီးလုံးကို တစ်ပြိုင်တည်းတိုက်ပစ်ခဲ့ပေမဲ့ အပြုံးမပျက်ဘဲ ၊ လက်မထောင်ပြခဲ့တဲ့ အဘိုးအို (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Kahooona (@Duurianne) အမည်နဲ့ Twitter အသုံးပြုသူတစ်ဦးဟာ ယာဉ်မတော်တဆဖြစ်မှုအကြောင်းကို ဝေမျှခဲ့ပါတယ် ။ ကံကောင်းထောက်မစွာနဲ့ အဆိုပါယာဉ်တိုက်မှုမှာ မည်သူတစ်ဦးတစ်ယောက်ကမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိပါဘူး ။ သို့ပေမဲ့လည်း Myvi ယာဉ်မောင်းအမျိုးသားရဲ့ အပြုအမှုကြောင့် လူအတော်အများက အံ့သြခဲ့ရပါတယ် ။ ထို့အပြင် ” Myvi ကား နောက်တစ်ခေါက်ပြသာနာထပ်ဖြစ်ပြန်ပြီ ” ဆိုပြီးတော့လည်း ရေးသားထားခဲ့ပါသေးတယ် ။

Video ထဲမှာတော့ Myvi ကားရဲ့ ယာဉ်မောင်းဖြစ်တဲ့ အဘိုးအိုကို လူငယ်တွေကအဆင်ပြေရဲ့လားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ ဆေးလိပ်ကိုဆွဲထုတ်ခဲ့ပြီးနောက် ကင်မရာကို အေးအေးဆေးဆေးလက်မထောင်ပြခဲ့ပါတယ် ။ ထို့အပြင် သူတိုက်မိခဲ့တဲ့ကားတွေကို 5စီးဆိုပြီး လက်ထောင်ကာရေတွက်ပြခဲ့ပါသေးတယ် ။ လူတွေကတော့ အဆိုပါအဘိုးအိုရဲ့နောက်တီးနောက်တောက် အပြုအမှုတွေကြောင့် အတော်လေးရယ်မောခဲ့ကြပါတယ် ။

အဆိုပါ video ရဲ့ comment တွေမှာတော့ ” ဖြစ်ပြီးသွားပြီပဲ ၊ စိတ်သောကရောက်နေလို့ ဘာထူးမှာလဲ ၊ တည်ငြိမ်လွန်းတဲ့ အန်ကယ် ” ဆိုပြီး ရေးသားထားတဲ့အပြင် ၊ အချို့သော comment တွေမှာတော့ ” အေးဆေးလွန်းတဲ့ အန်ကယ် ၊ ဆေးလိပ်တစ်လိပ်က ဘာထိခိုက်နစ်နာမှုမှ မဖြစ်စေတော့ဘူး ” ဆိုပြီး မျိုးစုံမှတ်ချက်ရေးသားခဲ့ကြပါတယ် ။ ကံကောင်းစွာနဲ့ပဲ အဆိုပါယာဉ်မတော်တဆမှုမှာ မည်သူတစ်ဦးတစ်ယောက်ကမှ ထိခိုက်ဒဏ်ရာရရှိခြင်းမျိုးမရှိခဲ့ပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment