တ႐ုတ္ႏိုင္ငံ Rui An ၿမိဳ႕ငယ္ေလးမွာေနထိုင္တဲ့ Peng Xiao Ying အမည္႐ွိတဲ့ အသက္ 45 ႏွစ္အရြယ္အမ်ိဳးသမီး ႏွင့္ သူမရဲ႕ခင္ပြန္းျဖစ္သူ အသက္ 49 ႏွစ္အရြယ္ Fan De Duo တို႔ဟာ ၎တို႔ရဲ႕ဆန္းသစ္လြန္းတဲ့ ကကြက္ေတြေၾကာင့္ social media ေပၚမွာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ အဆိုပါ လင္မယားဟာ Covid -19 ကူးစက္ပ်ံ့ႏွံ႔မႈမ်ားျဖစ္ပြားေနခ်ိန္ ၎တို႔ရဲ႕ကကြက္ video ကို social media ေပၚေဝမ်ွခဲ့တာေၾကာင့္ ခ်စ္ဖို႔ေကာင္းၿပီးရယ္ေမာစရာေကာင္းလြန္းတဲ့ ၎တို႔ကကြက္ဟာ လူအမ်ားစုကို စိတ္ေပ်ာ္ရႊင္မႈေပးေစခဲ့ပါတယ္ ။ အဆိုပါ ကကြက္ေလးေတြျဖစ္ေပၚလာေစခဲ့တဲ့ ေနာက္ခံဝမ္းနည္းဖြယ္ေကာင္းတဲ့အျဖစ္အပ်က္ေလးတစ္ခု႐ွိခဲ့ပါတယ္ ။
အဲတာကေတာ့ ခင္ပြန္းျဖစ္သူဟာ ဆိုးဝါးလြန္းတဲ့ယာဥ္မေတာ္တဆမႈတစ္ခုျဖစ္ခဲ့ဖူးၿပီးေနာက္ပိုင္း ျပင္းထန္တဲ့နာတာ႐ွည္စိတ္ေဝဒနာကိုခံစားခဲ့ရပါတယ္ ။ အဆိုပါ စိတ္ေဝဒနာေၾကာင့္ အလြယ္တကူစိတ္လႈပ္႐ွားၿပီး ေဒါသထြက္ေလ့႐ွိကာ ညဖက္အိပ္မရတဲ့ေဝဒနာကိုပါ ထပ္ျပီးခံစားခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ အဆိုပါလင္မယားဟာ စီးပြားေရးအလုပ္ရပ္နားၿပီး ရြာမွာသာအေျခခ်ေနထိုင္ဖို႔ Rui An ၿမိဳ႕ငယ္ေလးဆီသို႔ျပန္လာခဲ့ၾကတာျဖစ္ပါတယ္ ။
ခင္ပြန္းျဖစ္သူ၏စိတ္အေျခအေန တိုးတက္လာေအာင္ ဇနီးျဖစ္သူက သူမနဲ႔အတူ ကဖို႔ဆြဲေခၚရင္း ယခုခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူဟာ အကနဲ႔ ေရာဂါေဝဒနာကို ကုသႏိုင္ခဲ့ၿပီျဖစ္ပါတယ္ ။ ဇနီးသည္ျဖစ္သူက ခင္ပြန္းအတြက္ အေကာင္းဖက္ျမင္တတ္ ၊ ေတြးေခၚတတ္တဲ့ အရာေတြကိုယူေဆာင္ေပးၿပီး ၊ ခင္ပြန္းျဖစ္သူကို ၿငိဳျငင္ျခင္းမ႐ွိတဲ့အျပင္ အရာအားလံုးစြန္႔လြတ္ၿပီး ခင္ပြန္းကိုသာေရႊးခ်ယ္ခဲ့ေသာေၾကာင့္ ” သူမက ကြၽန္ေတာ့္ရဲ႕ အလင္းတန္းပါပဲ ၊ ကြၽန္ေတာ္က သူ႔ရဲ႕အရိပ္ေလးပါ ” ဆိုၿပီး ခင္ပြန္းျဖစ္သူက သူ႔ရဲ႕အခ်စ္ကို ဇနီးသည္ေလးအား ဖြင့္ဟခဲ့ပါေတာ့တယ္ ။
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
တရုတ်နိုင်ငံ Rui An မြို့ငယ်လေးမှာနေထိုင်တဲ့ Peng Xiao Ying အမည်ရှိတဲ့ အသက် 45 နှစ်အရွယ်အမျိုးသမီး နှင့် သူမရဲ့ခင်ပွန်းဖြစ်သူ အသက် 49 နှစ်အရွယ် Fan De Duo တို့ဟာ ၎င်းတို့ရဲ့ဆန်းသစ်လွန်းတဲ့ ကကွက်တွေကြောင့် social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ လင်မယားဟာ Covid -19 ကူးစက်ပျံ့နှံ့မှုများဖြစ်ပွားနေချိန် ၎င်းတို့ရဲ့ကကွက် video ကို social media ပေါ်ဝေမျှခဲ့တာကြောင့် ချစ်ဖို့ကောင်းပြီးရယ်မောစရာကောင်းလွန်းတဲ့ ၎င်းတို့ကကွက်ဟာ လူအများစုကို စိတ်ပျော်ရွှင်မှုပေးစေခဲ့ပါတယ် ။ အဆိုပါ ကကွက်လေးတွေဖြစ်ပေါ်လာစေခဲ့တဲ့ နောက်ခံဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်လေးတစ်ခုရှိခဲ့ပါတယ် ။
အဲတာကတော့ ခင်ပွန်းဖြစ်သူဟာ ဆိုးဝါးလွန်းတဲ့ယာဉ်မတော်တဆမှုတစ်ခုဖြစ်ခဲ့ဖူးပြီးနောက်ပိုင်း ပြင်းထန်တဲ့နာတာရှည်စိတ်ဝေဒနာကိုခံစားခဲ့ရပါတယ် ။ အဆိုပါ စိတ်ဝေဒနာကြောင့် အလွယ်တကူစိတ်လှုပ်ရှားပြီး ဒေါသထွက်လေ့ရှိကာ ညဖက်အိပ်မရတဲ့ဝေဒနာကိုပါ ထပ်ပြီးခံစားခဲ့ရပါတယ် ။ ထို့ကြောင့် အဆိုပါလင်မယားဟာ စီးပွားရေးအလုပ်ရပ်နားပြီး ရွာမှာသာအခြေချနေထိုင်ဖို့ Rui An မြို့ငယ်လေးဆီသို့ပြန်လာခဲ့ကြတာဖြစ်ပါတယ် ။
ခင်ပွန်းဖြစ်သူ၏စိတ်အခြေအနေ တိုးတက်လာအောင် ဇနီးဖြစ်သူက သူမနဲ့အတူ ကဖို့ဆွဲခေါ်ရင်း ယခုချိန်မှာတော့ ခင်ပွန်းဖြစ်သူဟာ အကနဲ့ ရောဂါဝေဒနာကို ကုသနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ဇနီးသည်ဖြစ်သူက ခင်ပွန်းအတွက် အကောင်းဖက်မြင်တတ် ၊ တွေးခေါ်တတ်တဲ့ အရာတွေကိုယူဆောင်ပေးပြီး ၊ ခင်ပွန်းဖြစ်သူကို ငြိုငြင်ခြင်းမရှိတဲ့အပြင် အရာအားလုံးစွန့်လွတ်ပြီး ခင်ပွန်းကိုသာရွှေးချယ်ခဲ့သောကြောင့် ” သူမက ကျွန်တော့်ရဲ့ အလင်းတန်းပါပဲ ၊ ကျွန်တော်က သူ့ရဲ့အရိပ်လေးပါ ” ဆိုပြီး ခင်ပွန်းဖြစ်သူက သူ့ရဲ့အချစ်ကို ဇနီးသည်လေးအား ဖွင့်ဟခဲ့ပါတော့တယ် ။
Jasmine (Mckzone Daily)