ေသခ်ိန္တန္ေတာ့လည္း မွန္တံခါးကိုေျပးေစာင့္မိၿပီး ထူးဆန္းစြာေသဆံုးသြားခဲ့တဲ့ အမ်ိဳးသမီးအျဖစ္

ကိုယ့္သူငယ္ခ်င္းေတြမွန္တံခါးကို မသိလိုက္ဘဲေစာင့္မိမယ္ဆိုရင္ ခဏတစ္ျဖဳတ္ေတာ့ ရယ္မိ ၊ ျပံဳးမိၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အိႏၵိယႏိုင္ငံက အမ်ိဳးသမီးမွာေတာ့ မွန္တံခါးေစာင့္မိခဲ့လို႔ အသက္ဆံုး႐ႈံးခဲ့ရတဲ့ အျဖစ္မ်ိဳးထိေရာက္႐ွိခဲ့ပါတယ္ ။ အျဖစ္အပ်က္ကေတာ့ ၿပီးခဲ့တဲ့ June 15 ရက္ေန႔က ဘဏ္တစ္ခုမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အသက္ 43 ႏွစ္အရြယ္ Beena အမည္႐ွိတဲ့အမ်ိဳးသမီးဟာ သူမရဲ႕ဆိုင္ကယ္ကို ေသာ့တန္းလန္နဲ႔ ဘဏ္ေ႐ွ႕မွာခ်န္ထားမိမွန္း သတိရခဲ့ခ်ိန္မွာေတာ့ ဘဏ္အျပင္ဖက္ကို အလ်င္အျမန္ေျပးထြက္ခဲ့ပါတယ္ ။ ကံဆိုးစြာနဲ႔ပဲ သူမဟာ ဘဏ္ရဲ႕မွန္တံခါးကို သတိမထားမိဘဲ အ႐ွိန္ျပင္းစြာဝင္တိုက္မိခဲ့လို႔ မွန္တံခါးဟာ ကြဲေၾကသြားခဲ့ၿပီး မွန္စအခ်ိဳ႕ဟာ သူမရဲ႕ဝမ္းဗိုက္ထဲကို ေဖာက္ထြင္းဝင္သြားခဲ့ပါတယ္ ။ ထို႔ေနာက္ သူမဟာ မွန္စေတြေပၚလဲက်သြားခဲ့ပါတယ္ ။

သူမဟာ အဆိုပါေနရာကေန ခ်က္ခ်င္းထခဲ့ေၾကာင္း ဘဏ္႐ွိမ်က္ျမင္သက္ေသေတြက ေျပာျပခဲ့ပါတယ္ ။ CCTV တြင္လည္း ဘဏ္သို႔လာေရာက္သူအမ်ားအျပားက သူမအားကူညီေပးခဲ့တဲ့အျပင္ ၊ အေရးေပၚလူနာတင္ကားကို ေခၚေပးခဲ့ ေပမဲ့လည္း သူမရဲ႕ခႏၶာကိုယ္မွ ေသြးမ်ားဟာ အခင္းျဖစ္ပြားရာေနရာတြင္သာ အလြန္အမင္းထြက္ေနခဲ့ၿပီး ၾကမ္းျပင္မွာေတာ့ ေသြးမ်ားစြာစိုရြဲေနခဲ့တာပါ ။

သတင္းမ်ားအရ သူမဟာ ဒဏ္ရာေၾကာင့္ ေဆးရံုေရာက္ၿပီးမၾကာခင္မွာပဲေသဆံုးသြားခဲ့ရေၾကာင္းသိ႐ွိရပါတယ္ ။ သူမ အသက္ဆံုး႐ႈံးခဲ့ရတဲ့ မေတာ္တဆအျဖစ္အပ်က္ဟာ ျမန္ဆန္လြန္းလွပါတယ္ ။ ထို႔ေၾကာင့္ လူအမ်ားစုက အဆိုပါဘဏ္ဟာ လံုျခံဳေရးအတြက္ ေကာင္းမြန္တဲ့ပစၥည္းမ်ားအသံုးမျပဳဘဲ ေစ်းေပါလြန္းလွတဲ့ မွန္တံခါးမ်ားကို အသံုးျပဳခဲ့လို႔ မွန္တံခါးဟာ အလြယ္တကူကြဲသြားခဲ့ၿပီး ယခုလိုအျဖစ္မ်ိဳးအထိေရာက္႐ွိခဲ့ရတာျဖစ္ေၾကာင္း မ်ိဳးစံုေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်သူငယ်ချင်းတွေမှန်တံခါးကို မသိလိုက်ဘဲစောင့်မိမယ်ဆိုရင် ခဏတစ်ဖြုတ်တော့ ရယ်မိ ၊ ပြုံးမိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အိန္ဒိယနိုင်ငံက အမျိုးသမီးမှာတော့ မှန်တံခါးစောင့်မိခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်မျိုးထိရောက်ရှိခဲ့ပါတယ် ။ အဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ June 15 ရက်နေ့က ဘဏ်တစ်ခုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အသက် 43 နှစ်အရွယ် Beena အမည်ရှိတဲ့အမျိုးသမီးဟာ သူမရဲ့ဆိုင်ကယ်ကို သော့တန်းလန်နဲ့ ဘဏ်ရှေ့မှာချန်ထားမိမှန်း သတိရခဲ့ချိန်မှာတော့ ဘဏ်အပြင်ဖက်ကို အလျင်အမြန်ပြေးထွက်ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ပဲ သူမဟာ ဘဏ်ရဲ့မှန်တံခါးကို သတိမထားမိဘဲ အရှိန်ပြင်းစွာဝင်တိုက်မိခဲ့လို့ မှန်တံခါးဟာ ကွဲကြေသွားခဲ့ပြီး မှန်စအချို့ဟာ သူမရဲ့ဝမ်းဗိုက်ထဲကို ဖောက်ထွင်းဝင်သွားခဲ့ပါတယ် ။ ထို့နောက် သူမဟာ မှန်စတွေပေါ်လဲကျသွားခဲ့ပါတယ် ။

သူမဟာ အဆိုပါနေရာကနေ ချက်ချင်းထခဲ့ကြောင်း ဘဏ်ရှိမျက်မြင်သက်သေတွေက ပြောပြခဲ့ပါတယ် ။ CCTV တွင်လည်း ဘဏ်သို့လာရောက်သူအများအပြားက သူမအားကူညီပေးခဲ့တဲ့အပြင် ၊ အရေးပေါ်လူနာတင်ကားကို ခေါ်ပေးခဲ့ ပေမဲ့လည်း သူမရဲ့ခန္ဓာကိုယ်မှ သွေးများဟာ အခင်းဖြစ်ပွားရာနေရာတွင်သာ အလွန်အမင်းထွက်နေခဲ့ပြီး ကြမ်းပြင်မှာတော့ သွေးများစွာစိုရွဲနေခဲ့တာပါ ။

သတင်းများအရ သူမဟာ ဒဏ်ရာကြောင့် ဆေးရုံရောက်ပြီးမကြာခင်မှာပဲသေဆုံးသွားခဲ့ရကြောင်းသိရှိရပါတယ် ။ သူမ အသက်ဆုံးရှုံးခဲ့ရတဲ့ မတော်တဆအဖြစ်အပျက်ဟာ မြန်ဆန်လွန်းလှပါတယ် ။ ထို့ကြောင့် လူအများစုက အဆိုပါဘဏ်ဟာ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ပစ္စည်းများအသုံးမပြုဘဲ ဈေးပေါလွန်းလှတဲ့ မှန်တံခါးများကို အသုံးပြုခဲ့လို့ မှန်တံခါးဟာ အလွယ်တကူကွဲသွားခဲ့ပြီး ယခုလိုအဖြစ်မျိုးအထိရောက်ရှိခဲ့ရတာဖြစ်ကြောင်း မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment