အရက္မူးၿပီးကားေမာင္းလို႔ဆိုၿပီး ရြာသားေတြစုၿပီး ကားကိုမီး႐ႈိ့ခဲ့ၾကတဲ့အျဖစ္

ၿပီးခဲ့တဲ့ June 19 ရက္ေန႔ ည 9:50 အခ်ိန္ခန္႔မွာ မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ ဟင္းသီးဟင္းရြက္သည္ အမ်ိဳးသမီးတစ္ေယာက္ဟာ အလုပ္ၿပီးလို႔ကားေမာင္းၿပီးအိမ္ျပန္လာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အိမ္ျပန္လာတဲ့လမ္းမွာ ႐ုတ္တရက္လမ္းျဖတ္ကူးလာတဲ့ ေတာ႐ိုင္းတိရစာၦန္တစ္ေကာင္ကို ေ႐ွာင္ရင္းကေန သူမရဲ႕ကားဟာ ဆန္႔က်င္ဖက္မွာေမာင္းႏွင္လာခဲ့တဲ့ ဆိုင္ကယ္တစ္စီးကိုတိုက္မိခဲ့ပါတယ္ ။ အဆိုပါဆိုင္ကယ္ကို 14 ႏွစ္အရြယ္ေကာင္ေလး 2ေယာက္က စီးနင္လာခဲ့ၿပီး ေကာင္ေလး 2ေယာက္လံုးမွာလည္း ျပင္းထန္လြန္းတဲ့အ႐ွိန္ေၾကာင့္ ညာဖက္ေျခေထာက္ႏွစ္ေယာက္လံုး က်ိဳးသြားခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္ 2ေယာက္လံုးမွာလည္း ေဆးရံုမွာေဆးကုသမႈခံယူခဲ့ရၿပီး ၊ ၎တို႔၏ ဆိုင္ကယ္မွာလည္း အေတာ္ေလးပ်က္စီးက်ိဳးေၾကသြားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အဆိုပါယာဥ္တိုက္မႈဟာ ထင္ထားသလို မ႐ိုး႐ွင္းပါဘူး ။ အဆိုပါ ဟင္းရြက္သည္အမ်ိဳးသမီးက ရဲအရာ႐ွိေတြကိုအေၾကာင္းၾကားဖို႔ အခင္းျဖစ္ပြားရာေနရာကေန ထြက္လာခဲ့ပါတယ္ ။ 2နာရီအၾကာ အခင္းျဖစ္ပြားရာေနရာသို႔ျပန္လည္ေရာက္႐ွိလာခ်ိန္မွာေတာ့ သူမရဲ႕ကားဟာ မီး႐ႈိ့ခံထားရလို႔ လံုးဝကိုရစရာမ႐ွိေတာ့ေလာက္ေအာင္ ပ်က္ဆီးေနခဲ့ပါၿပီ ။ ရြာသားမ်ားက ဟင္းရြက္သည္အမ်ိဳးသမီးဟာ အရက္မူးၿပီးကားေမာင္ခဲ့လို႔ ယခုလိုယာဥ္တိုက္မႈမ်ိဳးျဖစ္ခဲ့တာမို႔ စိတ္ဆိုးေဒါသထြက္ၿပီး ကားကိုမီး႐ႈိ့ပစ္ခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။

ရဲအရာ႐ွိမ်ားက ယခုခ်ိန္မွာေတာ့ ကားကိုမီး႐ႈိ့ဖ်က္ဆီးခဲ့ၾကသူမ်ားအား အေရးယူဖို႔႐ွာေဖြေနလ်က္႐ွိပါတယ္ ။ အဆိုပါ တရားခံအမ်ိဳးသမီးကို စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူမဟာ လံုးဝအရက္မေသာက္ထားေၾကာင္း ထြက္ေပၚလာခဲ့ၿပီး သူမဟာ ေတာ႐ိုင္းတိရစာၦန္ကိုေ႐ွာင္ရင္း ယခုလို ေကာင္ေလးေတြကိုကားနဲ႔တိုက္ခဲ့မိတာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ဟင္းရြက္သည္အမ်ိဳးသမီးဟာ ဒဏ္ေၾကးေငြ အမ်ားဆံုး RM 10,000 ခန္႔ေပးေဆာင္ရႏိုင္သည့္အျပင္ ေထာင္ဒဏ္ 12လခန္႔ ခ်မွတ္ခံရႏိုင္ေၾကာင္း သိရပါတယ္ ။ ကားကိုမီး႐ႈိ့ဖ်က္ဆီးခဲ့ၾကသူမ်ားကေတာ့ ေထာင္ဒဏ္ 14 ႏွစ္ႏွင့္အထက္ ခ်မွတ္ခံရႏိုင္ၿပီး ဒဏ္ေၾကးေငြမ်ားလည္း ေပးေဆာင္ရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ June 19 ရက်နေ့ ည 9:50 အချိန်ခန့်မှာ မလေးရှားနိုင်ငံမှာနေထိုင်တဲ့ ဟင်းသီးဟင်းရွက်သည် အမျိုးသမီးတစ်ယောက်ဟာ အလုပ်ပြီးလို့ကားမောင်းပြီးအိမ်ပြန်လာခဲ့ပါတယ် ။ သို့ပေမဲ့လည်း အိမ်ပြန်လာတဲ့လမ်းမှာ ရုတ်တရက်လမ်းဖြတ်ကူးလာတဲ့ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို ရှောင်ရင်းကနေ သူမရဲ့ကားဟာ ဆန့်ကျင်ဖက်မှာမောင်းနှင်လာခဲ့တဲ့ ဆိုင်ကယ်တစ်စီးကိုတိုက်မိခဲ့ပါတယ် ။ အဆိုပါဆိုင်ကယ်ကို 14 နှစ်အရွယ်ကောင်လေး 2ယောက်က စီးနင်လာခဲ့ပြီး ကောင်လေး 2ယောက်လုံးမှာလည်း ပြင်းထန်လွန်းတဲ့အရှိန်ကြောင့် ညာဖက်ခြေထောက်နှစ်ယောက်လုံး ကျိုးသွားခဲ့ရပါတယ် ။ ထို့ကြောင့် ကလေးငယ် 2ယောက်လုံးမှာလည်း ဆေးရုံမှာဆေးကုသမှုခံယူခဲ့ရပြီး ၊ ၎င်းတို့၏ ဆိုင်ကယ်မှာလည်း အတော်လေးပျက်စီးကျိုးကြေသွားခဲ့ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါယာဉ်တိုက်မှုဟာ ထင်ထားသလို မရိုးရှင်းပါဘူး ။ အဆိုပါ ဟင်းရွက်သည်အမျိုးသမီးက ရဲအရာရှိတွေကိုအကြောင်းကြားဖို့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်လာခဲ့ပါတယ် ။ 2နာရီအကြာ အခင်းဖြစ်ပွားရာနေရာသို့ပြန်လည်ရောက်ရှိလာချိန်မှာတော့ သူမရဲ့ကားဟာ မီးရှို့ခံထားရလို့ လုံးဝကိုရစရာမရှိတော့လောက်အောင် ပျက်ဆီးနေခဲ့ပါပြီ ။ ရွာသားများက ဟင်းရွက်သည်အမျိုးသမီးဟာ အရက်မူးပြီးကားမောင်ခဲ့လို့ ယခုလိုယာဉ်တိုက်မှုမျိုးဖြစ်ခဲ့တာမို့ စိတ်ဆိုးဒေါသထွက်ပြီး ကားကိုမီးရှို့ပစ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။

ရဲအရာရှိများက ယခုချိန်မှာတော့ ကားကိုမီးရှို့ဖျက်ဆီးခဲ့ကြသူများအား အရေးယူဖို့ရှာဖွေနေလျက်ရှိပါတယ် ။ အဆိုပါ တရားခံအမျိုးသမီးကို စစ်ဆေးခဲ့ချိန်မှာတော့ သူမဟာ လုံးဝအရက်မသောက်ထားကြောင်း ထွက်ပေါ်လာခဲ့ပြီး သူမဟာ တောရိုင်းတိရစ္ဆာန်ကိုရှောင်ရင်း ယခုလို ကောင်လေးတွေကိုကားနဲ့တိုက်ခဲ့မိတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ ထို့ကြောင့် ဟင်းရွက်သည်အမျိုးသမီးဟာ ဒဏ်ကြေးငွေ အများဆုံး RM 10,000 ခန့်ပေးဆောင်ရနိုင်သည့်အပြင် ထောင်ဒဏ် 12လခန့် ချမှတ်ခံရနိုင်ကြောင်း သိရပါတယ် ။ ကားကိုမီးရှို့ဖျက်ဆီးခဲ့ကြသူများကတော့ ထောင်ဒဏ် 14 နှစ်နှင့်အထက် ချမှတ်ခံရနိုင်ပြီး ဒဏ်ကြေးငွေများလည်း ပေးဆောင်ရနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment