မြစ်ထဲမှာရေစိမ်နေတဲ့နွားကို မီးသတ်သမားများက အချိန်အတော်ကြာ ကယ်ထုတ်ခဲ့ရတဲ့အဖြစ်



Jasmine (Mckzone Daily)

Source:The Sun

Unicode

အင်္ဂလန်နိုင်ငံ ၊ Cambridge မြို့ရှိ မြစ်ချောင်းတစ်ခုမှာ နွားတစ်ကောင်ဟာ ရေကူးနေတုန်း မီးသတ်သမားများက နွားကိုမြစ်ထဲမှ ကယ်ထုတ်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ စနေနေ့က မီးသတ်သမားများက အချိန်အတော်ကြာ နွားကိုကယ်ထုတ်ခဲ့ပြီးနောက်ဆုံးမှ နွားဟာ အအေးခံလို၍ ရေစိမ်နေခဲ့မှန်းသိရှိခဲ့ရပါတယ် ။ မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရ မီးသတ်သမားတွေအချိန်အတော်ကြာပေးပြီး နွားကိုကယ်ထုတ်ခဲ့ကြတာ ကြည့်ရတာတော်တော်လေး သနားမိတယ် ဆိုပြီးပြောပြခဲ့ပါတယ် ။ မြစ်ကမ်းဘေးမှာ ရေပေါ်မျှောနေတဲ့အိမ်တွေ ၊ လှေတွေနဲ့ပြည့်နေခဲ့တဲ့အတွက် နွားကိုကယ်ထုတ်နိုင်ဖို့ အတော်လေးခက်ခဲခဲ့ကြပါတယ် ။

နောက်ဆုံးမှာတော့ နွားရဲ့လည်ပင်းကို ကြိုးတစ်ချောင်းနဲ့ရအောင်ချည်ပြီးနောက် ၊ မြစ်ချောင်ထဲကနေ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

  • Leave a Comment