11ႏွစ္အရြယ္သားကို ေရအလြန္အကြၽံေသာက္ခိုင္းၿပီး အခ်ိန္အေတာ္ၾကာအစီအစဥ္ဆြဲကာ သတ္ခဲ့ၾကတဲ့မိဘ

Zachary Sabin အမည္႐ွိတဲ့ 11ႏွစ္အရြယ္ေကာင္ေလးဟာ အမဲေရာင္ဆီးသြားေနတာကို ဖခင္ႏွင့္မိေထြးျဖစ္သူတို႔က သိ႐ွိခဲ့ၿပီးေနာက္မွာေတာ့ ေရအလြန္အကြၽံအတင္းေသာက္ခိုင္းၿပီး ႏွိပ္စက္ခံရျခင္းမ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရပါတယ္ ။ ၿပီးခဲ့တဲ့ မတ္လမွာေတာ့ Tara အမည္႐ွိတဲ့မိေထြးျဖစ္သူဟာ ေကာင္ေလးကိုေက်ာင္းသြာႀကိဳရင္းနဲ႔ ကေလးငယ္ကေရအကုန္မေသာက္မွန္းကို သိ႐ွိခဲ့၍ ဖခင္ျဖစ္သူ Ryan အသက္ 41ႏွစ္အား တိုင္ၾကားခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္ကစၿပီး ကေလးငယ္ဟာ ပိုၿပီးမ်ားျပားတဲ့ေရပမာဏအေမာင့္ကို ေသာက္ဖို႔ထပ္ၿပီးတြန္းအားေပးခံခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ကေလးငယ္ဟာေရတစ္ခါေသာက္တိုင္း ျပန္အန္ထြက္ခဲ့တဲ့အတြက္ အျခားမိသားစုဝင္ေတြထမင္းစားေနၾကတဲ့အခ်ိန္မွာ မီးဖိုေခ်ာင္တြင္ရပ္ၿပီးေရအကုန္ေသာက္ဖို႔ အျပစ္ေပးျခင္းခံခဲ့ရပါတယ္ ။

ဖခင္ျဖစ္သူ၏ထြက္ဆိုခ်က္အရ Colorado ျပည္နယ္မွာ႐ွိတဲ့ ၎တို႔ရဲ႕ေနအိမ္မွာ သားျဖစ္သူဟာ စိတ္ဆိုးေဒါသထြက္ၿပီးပစၥည္းမ်ားပစ္ေပါက္ခဲ့တဲ့အျပင္ အိမ္အျပင္ထြက္ၿပီး ကိုယ့္ကိုနာက်င္ေအာင္ပစ္လွဲခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ဖခင္ျဖစ္သူက သားကိုစိတ္ၿငိမ္ေအာင္ေခ်ာ့ေမာ့ၿပီး အိမ္အတြင္းျပန္ဝင္ေအာင္ႀကိဳးစားခဲ့ေပမဲ့လည္း သားငယ္ေလးက လက္မခံဘဲ သူ၏ဦးေခါင္းကို ေျမႀကီးႏွင့္ေဆာင့္ၿပီး ႐ိုက္ႏွက္ေနခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ ထို႔ေနာက္ သားျဖစ္သူကို ေနအိမ္အတြင္းေခၚဝင္ခဲ့ေပမဲ့ သားျဖစ္သူက ၾကမ္းျပင္ေပၚလွဲခ်ၿပီး အိပ္စက္ေနခဲ့လို႔ အိပ္ယာမွာသြားအိပ္ဖို႔ေဖ်ာင္းဖ်ခဲ့ေပမဲ့ သားျဖစ္သူဟာ စကားေတြကိုဗလံုးဗထြးေျပာေနခဲ့ၿပီး မီးဖိုေခ်ာင္အတြင္းထြက္ေျပးေနခဲ့ေၾကာင္း ႏွင့္ မနက္အိပ္ယာထလို႔ သားျဖစ္သူကို သြားေရာက္ၾကည့္႐ႈခဲ့ခ်ိန္မွာေတာ့ သားျဖစ္သူဟာ ေအးခဲမာေတာင့္ၿပီး ပါးစပ္တြင္လည္းအျမဳပ္မ်ားထြက္ေနကာ ေသဆံုးသြားခဲ့ၿပီျဖစ္ေၾကာင္း ဖခင္ျဖစ္သူက ထြက္ဆိုခဲ့ပါတယ္ ။

ေသမႈေသခင္းစံုစမ္းစစ္ေဆးေရးအရာ႐ွိရဲ႕ ထြက္ဆိုခ်က္အရ ကေလးငယ္ဟာ 4နာရီအတြင္း 96oz ထက္မနည္း ပမာဏ႐ွိတဲ့ေရကို အစာမ႐ွိပဲေသာက္ခဲ့၍ ယခုလိုေသဆံုးခဲ့ရတာျဖစ္ေၾကာင္း ထုတ္ေဖာ္ႏိုင္ခဲ့ပါတယ္ ။ ၎တို႔စံုတြဲရဲ႕ေနအိမ္႐ွိ အျခားေသာ ကေလး5ေယာက္မွာလည္း ယခုလိုအျမဲႏွိပ္စက္ညႇင္းပန္ခံရတဲ့ သားေကာင္းမ်ားျဖစ္ခဲ့ေၾကာင္း ရဲအရာ႐ွိမ်ားက ေျပာဆိုခဲ့ပါတယ္ ။ လက္႐ွိမွာေတာ့ အဆိုပါလင္မယားႏွစ္ေယာက္လံုးဟာ လူသတ္မႈ ၊ အသက္ေသဆံုးသည္အထိ ႏွိပ္စက္ညႇင္းပန္မႈ ၊ ကေလးငယ္မ်ားအား ႏွိပ္စက္ညႇင္းပန္းမႈ စေသာျပစ္မႈမ်ားႏွင့္ တရားစြဲဆိုခံထားရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Zachary Sabin အမည်ရှိတဲ့ 11နှစ်အရွယ်ကောင်လေးဟာ အမဲရောင်ဆီးသွားနေတာကို ဖခင်နှင့်မိထွေးဖြစ်သူတို့က သိရှိခဲ့ပြီးနောက်မှာတော့ ရေအလွန်အကျွံအတင်းသောက်ခိုင်းပြီး နှိပ်စက်ခံရခြင်းမျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ မတ်လမှာတော့ Tara အမည်ရှိတဲ့မိထွေးဖြစ်သူဟာ ကောင်လေးကိုကျောင်းသွာကြိုရင်းနဲ့ ကလေးငယ်ကရေအကုန်မသောက်မှန်းကို သိရှိခဲ့၍ ဖခင်ဖြစ်သူ Ryan အသက် 41နှစ်အား တိုင်ကြားခဲ့ပါတော့တယ် ။ ထိုအချိန်ကစပြီး ကလေးငယ်ဟာ ပိုပြီးများပြားတဲ့ရေပမာဏအမောင့်ကို သောက်ဖို့ထပ်ပြီးတွန်းအားပေးခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကလေးငယ်ဟာရေတစ်ခါသောက်တိုင်း ပြန်အန်ထွက်ခဲ့တဲ့အတွက် အခြားမိသားစုဝင်တွေထမင်းစားနေကြတဲ့အချိန်မှာ မီးဖိုချောင်တွင်ရပ်ပြီးရေအကုန်သောက်ဖို့ အပြစ်ပေးခြင်းခံခဲ့ရပါတယ် ။

ဖခင်ဖြစ်သူ၏ထွက်ဆိုချက်အရ Colorado ပြည်နယ်မှာရှိတဲ့ ၎င်းတို့ရဲ့နေအိမ်မှာ သားဖြစ်သူဟာ စိတ်ဆိုးဒေါသထွက်ပြီးပစ္စည်းများပစ်ပေါက်ခဲ့တဲ့အပြင် အိမ်အပြင်ထွက်ပြီး ကိုယ့်ကိုနာကျင်အောင်ပစ်လှဲခဲ့ပါတယ် ။ ထို့ကြောင့် ဖခင်ဖြစ်သူက သားကိုစိတ်ငြိမ်အောင်ချော့မော့ပြီး အိမ်အတွင်းပြန်ဝင်အောင်ကြိုးစားခဲ့ပေမဲ့လည်း သားငယ်လေးက လက်မခံဘဲ သူ၏ဦးခေါင်းကို မြေကြီးနှင့်ဆောင့်ပြီး ရိုက်နှက်နေခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ ထို့နောက် သားဖြစ်သူကို နေအိမ်အတွင်းခေါ်ဝင်ခဲ့ပေမဲ့ သားဖြစ်သူက ကြမ်းပြင်ပေါ်လှဲချပြီး အိပ်စက်နေခဲ့လို့ အိပ်ယာမှာသွားအိပ်ဖို့ဖျောင်းဖျခဲ့ပေမဲ့ သားဖြစ်သူဟာ စကားတွေကိုဗလုံးဗထွးပြောနေခဲ့ပြီး မီးဖိုချောင်အတွင်းထွက်ပြေးနေခဲ့ကြောင်း နှင့် မနက်အိပ်ယာထလို့ သားဖြစ်သူကို သွားရောက်ကြည့်ရှုခဲ့ချိန်မှာတော့ သားဖြစ်သူဟာ အေးခဲမာတောင့်ပြီး ပါးစပ်တွင်လည်းအမြုပ်များထွက်နေကာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဖခင်ဖြစ်သူက ထွက်ဆိုခဲ့ပါတယ် ။

သေမှုသေခင်းစုံစမ်းစစ်ဆေးရေးအရာရှိရဲ့ ထွက်ဆိုချက်အရ ကလေးငယ်ဟာ 4နာရီအတွင်း 96oz ထက်မနည်း ပမာဏရှိတဲ့ရေကို အစာမရှိပဲသောက်ခဲ့၍ ယခုလိုသေဆုံးခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်နိုင်ခဲ့ပါတယ် ။ ၎င်းတို့စုံတွဲရဲ့နေအိမ်ရှိ အခြားသော ကလေး5ယောက်မှာလည်း ယခုလိုအမြဲနှိပ်စက်ညှင်းပန်ခံရတဲ့ သားကောင်းများဖြစ်ခဲ့ကြောင်း ရဲအရာရှိများက ပြောဆိုခဲ့ပါတယ် ။ လက်ရှိမှာတော့ အဆိုပါလင်မယားနှစ်ယောက်လုံးဟာ လူသတ်မှု ၊ အသက်သေဆုံးသည်အထိ နှိပ်စက်ညှင်းပန်မှု ၊ ကလေးငယ်များအား နှိပ်စက်ညှင်းပန်းမှု စသောပြစ်မှုများနှင့် တရားစွဲဆိုခံထားရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment