မေမ်ွာ္လင့္ဘဲ ခရီးေဆာင္အိတ္တစ္လံုးေတြ႔လို႔ TikTok ႐ိုက္ရင္း လူေသအေလာင္းေတြ႔႐ွိခဲ့တဲ့ လူငယ္အုပ္စု (႐ုပ္သံ)

TikTok user ေတြျဖစ္ၾကတဲ့ ဆယ္ေက်ာ္သက္လူငယ္တစ္စုဟာ အေမရိကန္ႏိုင္ငံ ၊ Washington ျပည္နယ္ Seattle ၿမိဳ႕ရဲ႕ ကမ္းေျခတစ္ခုမွာ လူေသအေလာင္းေတြထည့္ထားတဲ့ ခရီးေဆာင္အိတ္တစ္ခုကို မေမ်ွာ္လင့္ဘဲေတြ႔႐ွိခဲ့ၾကပါတယ္ ။ Video ထဲမွာေတာ့ ေက်ာက္ေဆာင္တစ္ခုေပၚမွာ တင္က်န္ေနခဲ့တဲ့ ခရီးေဆာင္အိတ္တစ္ခုကို ေတြ႔႐ွိခဲ့လို႔ အထဲမွာဘာမ်ားပါမလဲဆိုၿပီး လူငယ္ေတြက သြားစစ္ေဆးခဲ့ၾကတာပါ ။ သို႔ေပမဲ့လည္း ခရီးေဆာင္အိတ္ကို ဖြင့္လိုက္ခ်ိန္မွာေတာ့ အမဲေရာင္အိတ္နဲ႔ထုတ္ပိုးထားတာကိုေတြ႔႐ွိခဲ့ၿပီး ၊ အိတ္ကိုဖြင့္လိုက္တာနဲ႔ခ်က္ခ်င္း ဆိုးဝါးလြန္းတဲ့အနံ႔မ်ိဳးရ႐ွိခဲ့လို႔ လူငယ္ေလးေတြဟာ သေဘာေပါက္သြားခဲ့ၿပီး ရဲအရာ႐ွိေတြကိုဖုန္းဆက္ၿပီးအေၾကာင္းၾကားဖို႔ဆံုးျဖတ္ခဲ့ၾကပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ကို video ႐ိုက္ကူးထားခ်ိန္မွာ အေတာ္ေလးေၾကာက္လန္႔ၿပီး စိတ္လႈပ္႐ွားေနခဲ့ၾကတာျဖစ္ေၾကာင္း လူငယ္ေလးက ေျပာျပခဲ့ပါေသးတယ္ ။

ရဲအရာ႐ွိမ်ားက ေက်ာက္ေဆာင္ေပၚမွာခရီးေဆာင္အိတ္ေတြ႔႐ွိခဲ့တဲ့ တိုင္ၾကားမႈကိုၿပီးခဲ့တဲ့ေသာၾကာေန႔က လက္ခံရ႐ွိခဲ့တာျဖစ္ၿပီး ၊ စေနေန႔မွာေတာ့ လူေသအေလာင္းရဲ႕အပိုင္းအစေတြပါ႐ွိတဲ့ အိတ္အေတာ္မ်ားမ်ားကို ထပ္မံေတြ႔႐ွိခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္ ။ လက္႐ွိအခ်ိန္မွာေတာ့ တိက်တဲ့ သတင္းထုတ္ျပန္ခ်က္ေတြေတာ့ မရ႐ွိေသးပါဘူး ။

အဆိုပါ video ကို႐ိုက္ယူခဲ့ၾကတဲ့ လူငယ္ေလးေတြက မေတာ္တဆ ႐ုတ္တရက္ယခုလိုကိစၥမ်ိဳးနဲ႔ ၾကံဳေတြ႔လာရရင္ ဘယ္လိုရင္ဆိုင္ေျဖ႐ွင္းမလဲဆိုတာ အမ်ားျပည္သူေတြသိ႐ွိေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ျဖစ္ေၾကာင္း ေျဖ႐ွင္းခဲ့ပါတယ္ ။ Video ထဲမွာေတာ့ ရယ္သံကိုၾကားရမွာျဖစ္ေပမဲ့ အမွန္တကယ္ေတာ့ ေၾကာက္ရြံ႔ေနေပမဲ့အေျခအေနအရ ရယ္ေမာခဲ့တာျဖစ္ေၾကာင္း ႏွင့္ အဆိုပါေန႔ကတည္းက အိပ္မေပ်ာ္တဲ့အထိ ေၾကာက္လန္႔ခဲ့ရေၾကာင္း video ႐ိုက္ယူခဲ့တဲ့ လူငယ္ေလးက ေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

TikTok user တွေဖြစ်ကြတဲ့ ဆယ်ကျော်သက်လူငယ်တစ်စုဟာ အမေရိကန်နိုင်ငံ ၊ Washington ပြည်နယ် Seattle မြို့ရဲ့ ကမ်းခြေတစ်ခုမှာ လူသေအလောင်းတွေထည့်ထားတဲ့ ခရီးဆောင်အိတ်တစ်ခုကို မမျှော်လင့်ဘဲတွေ့ရှိခဲ့ကြပါတယ် ။ Video ထဲမှာတော့ ကျောက်ဆောင်တစ်ခုပေါ်မှာ တင်ကျန်နေခဲ့တဲ့ ခရီးဆောင်အိတ်တစ်ခုကို တွေ့ရှိခဲ့လို့ အထဲမှာဘာများပါမလဲဆိုပြီး လူငယ်တွေက သွားစစ်ဆေးခဲ့ကြတာပါ ။ သို့ပေမဲ့လည်း ခရီးဆောင်အိတ်ကို ဖွင့်လိုက်ချိန်မှာတော့ အမဲရောင်အိတ်နဲ့ထုတ်ပိုးထားတာကိုတွေ့ရှိခဲ့ပြီး ၊ အိတ်ကိုဖွင့်လိုက်တာနဲ့ချက်ချင်း ဆိုးဝါးလွန်းတဲ့အနံ့မျိုးရရှိခဲ့လို့ လူငယ်လေးတွေဟာ သဘောပေါက်သွားခဲ့ပြီး ရဲအရာရှိတွေကိုဖုန်းဆက်ပြီးအကြောင်းကြားဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။ အဆိုပါ အဖြစ်အပျက်ကို video ရိုက်ကူးထားချိန်မှာ အတော်လေးကြောက်လန့်ပြီး စိတ်လှုပ်ရှားနေခဲ့ကြတာဖြစ်ကြောင်း လူငယ်လေးက ပြောပြခဲ့ပါသေးတယ် ။

ရဲအရာရှိများက ကျောက်ဆောင်ပေါ်မှာခရီးဆောင်အိတ်တွေ့ရှိခဲ့တဲ့ တိုင်ကြားမှုကိုပြီးခဲ့တဲ့သောကြာနေ့က လက်ခံရရှိခဲ့တာဖြစ်ပြီး ၊ စနေနေ့မှာတော့ လူသေအလောင်းရဲ့အပိုင်းအစတွေပါရှိတဲ့ အိတ်အတော်များများကို ထပ်မံတွေ့ရှိခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။ လက်ရှိအချိန်မှာတော့ တိကျတဲ့ သတင်းထုတ်ပြန်ချက်တွေတော့ မရရှိသေးပါဘူး ။

အဆိုပါ video ကိုရိုက်ယူခဲ့ကြတဲ့ လူငယ်လေးတွေက မတော်တဆ ရုတ်တရက်ယခုလိုကိစ္စမျိုးနဲ့ ကြုံတွေ့လာရရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ အများပြည်သူတွေသိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။ Video ထဲမှာတော့ ရယ်သံကိုကြားရမှာဖြစ်ပေမဲ့ အမှန်တကယ်တော့ ကြောက်ရွံ့နေပေမဲ့အခြေအနေအရ ရယ်မောခဲ့တာဖြစ်ကြောင်း နှင့် အဆိုပါနေ့ကတည်းက အိပ်မပျော်တဲ့အထိ ကြောက်လန့်ခဲ့ရကြောင်း video ရိုက်ယူခဲ့တဲ့ လူငယ်လေးက ပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment