ဖြတ်သွားတဲ့ကားတွေ ဒုက္ခရောက်အောင် အဝေးပြေးလမ်းမပေါ်မှာ သံချောင်းတွေ ပြန့်ကျဲထားခဲ့တဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အဝေးပြေးလမ်းမဆိုတာ မကြာခဏယာဉ်မတော်တဆမှုတွေ အများဆုံးဖြစ်တဲ့နေရာဖြစ်တဲ့အပြင် ၊ လူအတော်အများ သေဆုံးခဲ့ရတဲ့နေရာလည်းဖြစ်ပါတယ် ။ သို့ပေမဲ့လည်း ယုတ်ညံ့လွန်းတဲ့ စိတ်ဓာတ်နဲ့ လူအများဒုက္ခရောက်အောင် ကြံစည်တတ်ကြတဲ့လူတွေရဲ့စိတ်ဟာ ယုတ်မာလွန်းတဲ့အပြင် ၊ မသိလို့ မတော်တဆသံချောင်းတွေ ပြန့်ကျဲသွာအောင်လုပ်မိရင်လည်း တာဝန်ယူစိတ်မျိုးတော့ရှိရမှာပါ ။ မကြာသေးခင်က Khanafi Mohd အမည်နဲ့ social media အသုံးပြုသူတစ်ယောက်ဟာ မလေးရှားနိုင်ငံရှိ Jalan Skudai-Tampoi အမည်ရှိတဲ့ အဝေးပြေးလမ်းမကြီးမှာ များပြားလွန်းတဲ့ သံချောင်တွေပြန့်ကျဲနေခဲ့တာကို တွေ့ရှိခဲ့ကြောင်း သူ့ရဲ့အဖြစ်အပျက်ကို ဝေမျှခဲ့ပါတယ် ။

လမ်းမကြီးမှာ သံချောင်းတွေပြန့်ကျဲထားတဲ့ လုပ်ရပ်မျိုးဟာ သတိမထားမိလိုက်တဲ့ ယာဉ်မောင်းတွေက အဆိုပါသံချောင်းတွေကို နင်းမိသွားပြီး ကားဘီးပေါက်သွားအောင် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာလို့ထင်ကြေးပေးခဲ့တာမျိုးလည်း ရှိပါတယ် ။ သို့ပေမဲ့လည်း လမ်းမကြီးရဲ့ဘေးဖက်မှာ တွေ့ရှိခဲ့တဲ့ သံချောင်းတွေ အနားမှာတော့ ဆီတွေယိုစိမ့်ထားတဲ့အရာများကို တွေ့ရှိခဲ့သေးကြောင်း ပြောပြခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို ရဲအရာရှိများအားတိုင်ကြားထားလျက်ရှိပြီး ၊ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment